သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား မြေအောက်ရထားလမ်း စတင်ဖွင့်လှစ် 


အင်ဒိုနီးရှားနိုင်ငံမှာ ပထမဆုံး မြေအောက်ရထားလိုင်းကို တနင်္ဂနွေနေ့က ဂျကာတာမြို့တော်မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။ နောက်ဆုံးပေါ် အခြေခံ အဆောက်အဦးတွေ တည်ရှိတဲ့ ဂျကာတာမြို့မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ရင်ဆိုင်နေရတာကြောင့် အခု အသစ်ပြေးဆွဲမယ့် မြေအောက်ရထားကြောင့် သက်သာရစေမယ်လို့ မျှော်လင့်ထားကြပါတယ်။

အချိန်ယူ ဖောက်လုပ်ခဲ့ရတဲ့ မြေအောက်ရထားလိုင်းကို သမ္မတ Joko Widodo ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီရထားလမ်းဟာ ၁၀ မိုင် အကွာဝေးရှိပြီး တောင်ဘက်ပိုင်းကနေ ဂျကာတာမြို့ထဲထိ ပြေးဆွဲမယ့် ပထမအပိုင်း ရထားလမ်းဖြစ်ပါတယ်။

နောက်ထပ် ၅ မိုင် ကွာဝေးပြီး မြောက်ဘက်ကိုဦးတည်တဲ့ ရထားလမ်းပိုင်းကိုလည်း သမ္မတ Joko Widodo က အုပ်မြစ်ချပေးခဲ့ပါတယ်။ အဲဒီ ရထားလမ်းပိုင်းဟာ ၂၀၂၄လောက်မှာ ပြီးမယ်လို့ ခန့်မှန်းထားပါတယ်။ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ဆီက ချေးငွေနဲ့ ဒီမြေအောက် ရထားလိုင်း တည်ဆောက်တာဖြစ်ပြီး ဒေါ်လာဘီလျံ(၂.၆) တန်ဖိုးရှိတဲ့ စီမံကိန်းဖြစ်ပါတယ်။ ဂျကာတာမြို့မှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကားပိုင်ဆိုင်သူ များလာပြီး၊ လမ်းအရေအတွက် အကန့်အသတ်ဖြစ်နေတာကြောင့် ယာဉ်ကြောပိတ်ဆို့မှု သိသိသာသာ မြင့်တက်လာပြီးနောက်မှာ အခုလို မြေအောက်ရထားလမ်းကို အကောင်အထည်ဖေါ်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG