သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားနဲ့ အီသီယိုးပီးယား လေယာဉ် ၂ စင်း ပျက်ကျပုံ တူညီကြောင်းတွေ့ရှိ


ဘိုရင်း 737 MAX
ဘိုရင်း 737 MAX

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပျက်ကျခဲ့တဲ့ အီသီယိုးပီးယားလေကြောင်းလိုင်း Flight 302 ရဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် black box ကို ကနဦး လေ့လာဆန်းစစ်ချက်တွေအရ ပြီးခဲ့တဲ့နှစ်က အင်ဒိုနီးရှားနိုင်ငံမှာ ပျက်ကျခဲ့တဲ့ အမျိုးအစားတူ လေယာဉ်မှာ ကြုံတွေ့ခဲ့တဲ့အဖြစ်မျိုးနဲ့ တပုံစံတည်းဖြစ်နေကြောင်း အီသီယိုးပီယား ပို့ဆောင်ရေးဝန်ကြီး က တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

လေယာဉ်ပေါ်လိုက်ပါလာတဲ့ လူပေါင်း ၁၅၇ ဦးလုံး သေဆုံးခဲ့ရတဲ့ အီသီယိုးပီးယား လေယာဉ် ပျက်ကျမှု အကြောင်းအရင်း ကနဦး စုံစမ်းတွေ့ရှိချက်အစီရင်ခံစာကို ရက်ပေါင်း ၃၀ အတွင်း ထုတ်ပြန်မှာဖြစ်ကြောင်း ဝန်ကြီး Dagmawit Moges က သတင်းထောက်တွေ ကိုပြောပါတယ်။

Black box ကို ရှာဖွေမတွေ့မီ ကတည်းက ဘိုရင်း 737 MAX 8 အမျိုးအစားဖြစ်နေတဲ့ အီသီယိုးပီးယားလေယာဉ်ပျက်ကျမှုနဲ့ တမျိုးစားတည်းဖြစ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံက Lion လေကြောင်းလိုင်း လေယာဉ်တစီး ပြီးခဲတဲ့နှစ် အောက်တိုဘာလက Java ပင်လယ်ထဲကို ပျက်ကျခဲ့တဲ့ပုံစံ တူညီမှုတွေရှိနေကြောင်း လူအတော်များများက နှိုင်းယှဉ်ပြောဆိုခဲ့ကြတာပါ။

အခုလို အီသီယိုးပီးယားလေယာဉ်ပျက်ကျခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း ၃၀မှာ ဘိုရင်း 737 MAX 8 လေယာဉ်တွေ ပျံသန်းခွင့် ပိတ်ပင်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG