သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျက်ကျလေယာဉ် Max 737 Boeing ဂျက်အမျိုးအစား ပျံသန်းမှု ကန်ဆိုင်းငံ့


အမေရိကန်လုပ် Boeing 737 အမျိုးအစား ဂျက်လေယာဉ် ပျံသန်းမှုကို ရပ်ဆိုင်းမယ်လို့ သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။ အီသီယိုးပီးယား နိုင်ငံ Addis Ababa မြို့တော်မှာ မကြာသေးခင်က ပျက်ကျပြီး လူပေါင်း ၁၅၇ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ပြီးတဲ့နောက် ဒီ ဂျက်လေယာဉ်မျိုး ပျံသန်းမှု ရပ်ဆိုင်းတဲ့ အထင်ကရ နိုင်ငံတွေထဲမှာ အမေရိကန်က နောက်ဆုံး နိုင်ငံ ဖြစ်ပါတယ်။

Boeing ကုမ္ပဏီဟာ အင်မတန် ကောင်းမွန်တဲ့ ကုမ္ပဏီ တခု ဖြစ်ပေမယ့် လူတွေရဲ့ အသက်လုံခြုံမှုက ထိပ်တန်း အရေးကြီး ကိစ္စ ဖြစ်တယ်လို့ သမ္မတ Trump က ဆိုပါတယ်။ ၅ လအတွင်း ၂ ကြိမ် ပျက်ကျပြီး လူပေါင်း ၃၅၀ နီးပါး သေဆုံးခဲ့ရတဲ့ ဒီ Boeing 737 MAX 8 အမျိုးအစား လေယာဉ် ပျံသန်းမှုကို ကနေဒါ နိုင်ငံဟာ အင်္ဂါနေ့ အစောပိုင်းက ရပ်ဆိုင်းခဲ့ပါတယ်။

ဂြိုဟ်တုက ရရှိတဲ့ အချက်အလက်သစ်တွေ အရ အခုတကြိမ် ပျက်ကျပုံဟာ ပထမ တကြိမ် ပျက်ကျတာနဲ့ ပုံစံခြင်း တူနိုင်ဖွယ် ရှိတဲ့ အတွက် ပျံသန်းမှု ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်တယ်လို့ ကနေဒါ သယ်ယူပို့ဆောင်ရေး ဝန်ကြီး Marc Garneau က ဆိုပါတယ်။

အီသီယိုးပီးယား လေကြောင်း ခရီးစဉ် အမှတ် ၃၀၂ မပျက်ကျခင် လေယာဉ်မှူး သတင်းပို့ခဲ့တဲ့ ပြသနာမျိုး မကြာသေးမီ လပိုင်း အတွင်း အမေရိကန် လေယာဉ်မှူးတွေလည်း ၅ ကြိမ် မက သတင်းပို့ခဲ့ဖူးပြီး ဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်း ပြည်ပ ဖိအားတွေ ကြုံခဲ့ရပေမယ့် Boeing ကုမ္ပဏီ အကြီးအကဲက လုံခြုံ စိတ်ချရပါတယ်လို့ တယ်လီဖုန်းဆက်ပြီး ပြောကြားခဲ့တဲ့ အတွက် Donald Trump ဟာ ဒီလေယာဉ် ပျံသန်းမှုကို မရပ်ဆိုင်းဘဲ တင်းခံနေခဲ့တာပါ။ Boeing ကုမ္ပဏီဟာ Trump ရွေးကောက်ပွဲ မဲဆွယ်စဉ်တုန်းက ရံပုံငွေ ထည့်ဝင်လှုဒါန်းခဲ့ပြီး အမေရိကန် အစိုးရ အတွက် အဓိက လုပ်ဆောင်နေတဲ့ စစ်ဘက် အကျိုးဆောင် ကုမ္ပဏီ တခုလည်း ဖြစ်ပါတယ်။

ပ ျက်က ျလေယာဉ် Max 737 Boeing ဂ ျက်အမျိုးအစား ပ ျံသန်းမှု ကန်ဆိုင်းငံ့
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG