သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဂျင်တလုံးပျက် Southwest ခရီးသည်တင်လေယာဉ်မှူးသတ္တိရှင် အမျိုးသမီး ချီးကျူးခံရ


Southwest ခရီးသည်တင်လေယာဉ်မှုး Tammie Jo Shults
Southwest ခရီးသည်တင်လေယာဉ်မှုး Tammie Jo Shults

အမေရိကန် တောင်ပိုင်း ဝေဟင်မှာ လေယာဉ်ပျက်ကျနိုင်လောက်တဲ့ အင်ဂျင်စက်ချို့ယွင်းမှုနဲ့ ရင်ဆိုင်နေရတဲ့ ခရီးသည်တင် လေယာဉ်ကို အန္တရာယ်ကင်းစွာ မြေပြင်ကို ဆင်းသက်ပေးနိုင်ခဲ့တဲ့ အတွက်ကြောင့် အမေရိကန်ရေတပ် တိုက်လေယာဉ်မောင်းသမားဟောင်း တဦးဖြစ်သူအမျိုးသမီးလေယာဉ်မှုးကို သတ္တိရှင်သူရဲကောင်း အဖြစ် ဝိုင်းဝန်းချီးကျူးနေကြပါတယ်။

Southwest ခရီးသည်တင်လေယာဉ်မှုး Tammie Jo Shults ဟာ အင်္ဂါနေ့က နယူးရောက်မြို့ကနေ Dallas မြိုကို ကောင်းကင်အမြင့် မီတာ ၉၆၀၀ ကျော်မှာ ပျံသန်းနေစဉ်မှာပဲ သူမောင်းနှင်တဲ့ ဘိုးရင်း ၇၃၇ အမျိုးအစား လေယာဉ်ရဲ့ ဘယ်ဘက်စက်တလုံး ပေါက်ကွဲခဲ့တာပါ။

ပေါက်ကွဲတဲ့အစိပ်ပိုင်းတစဟာ လေယာဉ်ရဲ့ ပြူတင်းပေါက်တခုကို ထိပြီးမှန်ကွဲသွားတဲ့နောက်မှာ လေရဲ့ စုပ်ယူတာခံရတဲ့အတွက် ခရီးသည်အမျိုးသမီးတဦးရဲ့ခန္ဒာကိုယ်တစိပ်တပိုင်း ဟာအဲဒီပြူတင်းပေါက်ကနေ အပြင်ဘက်ကို ရောက်သွားခဲ့ပါတယ်။ အဲဒီအမျိုးသမီးကို တခြားလေယာဉ်စီး ခရီးသည်တွေက လေယာဉ်ထဲ ပြန်ဆွဲသွင်းနိုင်ခဲ့ပေမယ့် ၊ သူမကသေဆုံးသွားပါတယ်။ ဒါဟာ ၉ နှစ်တာအတွင်း အမေရိကန်ခရီးသည်တင်လေယာဉ်ရဲ့ လေကြောင်းပျံသန်းစဉ်မတော်တဆဖြစ်မှုသမိုင်းမှာပထမဆုံး လူသေဆုံးခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်ပွါးစဉ်မှာ လေယာဉ်မှုး Shults က လေကြောင်းထိမ်းသိမ်းရေးဌာနကို အင်ဂျင်ပျက်စီးမှုနဲ့ ပတ်သက်ပြီး အကြောင်းကြားနိုင်ခဲ့သလို မီတာ ၆၆၀၀ ကျော်ကနေ မြေပြင်ကို ၅ မိနစ်အတွင်း Philadelphia လေယာဉ်ကွင်း ကို အရေးပေါ်ဆင်းသက်နိုင်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG