သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ethiopian လေကြောင်း ပျက်ကျလေယာဉ်မှာ လေယာဉ်တည်ငြိမ်အောင်လုပ်တဲ့စက် ပုံမှန်မဟုတ်တာ စစ်ဆေးတွေ့ရှိ


Ethiopian လေကြောင်းလိုင်းပျက်ကျတဲ့ နေရာမှာ စုံစမ်းစစ်ဆေးနေပုံ (မတ်၊ ၁၅၊ ၂၀၁၉)
Ethiopian လေကြောင်းလိုင်းပျက်ကျတဲ့ နေရာမှာ စုံစမ်းစစ်ဆေးနေပုံ (မတ်၊ ၁၅၊ ၂၀၁၉)

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပျက်ကျခဲ့တဲ့ Ethiopian လေကြောင်းလိုင်းလေယာဉ်အပိုင်းအစတွေမှာ လေယာဉ်တည်ငြိမ်အောင် လုပ်တဲ့စက် ပုံမှန်အနေအထား မဟုတ်တာတွေ့ရတယ်လို့ လေယာဉ်ပျက်ကျမှု စုံစမ်းနေသူတွေက ပြောပါတယ်။

ပုံမှန်မဟုတ်တဲ့ စက်အနေအထားက အောက်တိုဘာလတုန်းက ပျက်ကျခဲ့တဲ့ အင်ဒိုနီးရှား Lion လေကြောင်းလိုင်း လေယာဉ်ရဲ့ စက်နဲ့ ဆင်တူနေတယ်လို့ ကျွမ်းကျင်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။

Ethiopian လေယာဉ် အမှတ်စဉ် 302 ရော Lion လေယာဉ် အမှတ်စဉ် 610 ပါ ပျံသန်းနေစဉ် အမြင့်ပေ ရာနဲ့ချီ ရုတ်တရက် သိသိသာသာ ပြောင်းသွားခဲ့တာကို ဂြိုလ်တုကနေ အလိုအလျောက်မှတ်ထားတဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။

ပျံသန်းမှုအမြင့် ရုတ်တရက် သိသိသာသာ ပြောင်းသွားခဲ့တာကြည့်ခြင်းဖြင့် လေယာဉ်မှူးက ခက်ခက်ခဲခဲ လေယာယာဉ်ကို ထိန်းဖို့ ကြိုးစားခဲ့ရပုံရပါတယ်။ လေယာဉ် ၂ စင်းလုံး ပျံတက်ပြီး မကြာခင် လေယာဉ်ကွင်းဆီ ပြန်လာဖို့ ခွင့်တာလည်း တူနေပါတယ်။

Ethiopian လေယာဉ်ရဲ့ ပျံသန်းမှု အချက်အလက်နဲ့ အသံမှတ်တမ်းတင် Black Box စက်တွေကိုတော့ ပြင်သစ်က လေကြောင်းဆိုင်ရာကျွမ်းကျင်သူတွေ စစ်ဆေးနေကြပါတယ်။

ဒီလေယာဉ် ၂ စင်လုံးက Boeing ကုမ္ပဏီထုတ် 737 MAX 8 အမျိုးအစားတွေ ဖြစ်တာမို့ အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်မှာ Boeing 737 Max လေယာဉ်တွေပျံသန်းမှုကို ရပ်နားထားပါတယ်။

737 MAX 8 လေယာဉ်အစင်း ၅ ထောင်လောက် အမှာရှိတဲ့ Boeing ကုမ္ပဏီကတော့ လေယာဉ်အသစ်တွေ ပေးပို့တာဆိုင်းထားမယ်လို့ ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG