သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျက်ကျ ဘိုရင်း737 နှစ်စင်း လေယာဉ်ပျံသန်းမှုမှတ်တမ်း အချက်အလက်ဆင်တူ


ဘိုရင်း 737 MAX 8
ဘိုရင်း 737 MAX 8

၅ လအတွင်း ပျက်ကျခဲ့ကြတဲ့ Ethiopian လေကြောင်းလိုင်းလေယာဉ်နဲ့ Indonesia လေကြောင်းလိုင်း Lion Air လေယာဉ်တွေရဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် အချက်အလက်တွေ ဆင်တူနေတာ ရှင်းတယ်လို့ Ethiopia သယ်ယူပို့ဆောင်ရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ပျက်ကျခဲ့တဲ့ လေယာဉ် ၂ စီးလုံးက Boeing 737 MAX အမျိုးအစား လေယာဉ်တွေ ဖြစ်ကြပါတယ်။ Ethiopian လေကြောင်း အမှတ်စဉ် 302 လေယာဉ်ကနေ ပြန်ရတဲ့ ပျံသန်းမှု မှတ်တမ်းတင် Black Box ကနေ အထဲမှာမှတ်ထားတဲ့ အချက်အလက် အားလုံးနီးပါး ပြန်ရခဲ့တယ်လို့ ဝန်ကြီး Dagmawit Moges က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ပျက်ကျခဲတဲ့ Boeing 737 MAX 8 လေယာဉ်တွေ မှတ်တမ်းတင်ခဲ့တဲ့ ဘယ်လို အချက်အလက်တွေ ဆင်တူတာလည်း ဆိုတာကိုတော့ သူက ကျယ်ကျယ်ပြန့်ပြန့် ရှင်းမပြခဲ့ပါဘူး။

မတ်လ ၁၀ ရက်နေ့က လေယာဉ်ပေါ်ပါသွားသူ ၁၅၇ ယောက်လုံး သေဆုံးခဲ့တဲ့ Ethiopian လေယာဉ်ပျက်ကျမှုနဲ့ ပါတ်သက်တဲ့ ကနဦး အစီရင်ခံစာကို ရက် ၃၀ အတွင်း ထုတ်ပြန်မယ်လို့လည်း ဝန်ကြီး Moges က ပြောပါတယ်။

လေယာဉ်တွေ ပျံသန်းနေစဉ် ရုတ်တရက် အင်ဂျင်စက် ရပ်မသွားအောင် ကာကွယ်ပေးတဲ့ Anti-stall စနစ် Software ကို အသစ် Update လုပ်မယ်လို့ 737 MAX လေယာဉ်တွေ ထုတ်လုပ်နေတဲ့ Boeing ကုမ္ပဏီက ကြေညာထားပါတယ်။ တချိန်ထဲမှာပဲ လေယာဉ်တွေ စိတ်ချလုံခြုံမှုနဲ့ ပါတ်သက်လို့ တာဝန်ရှိတဲ့ FAA အမေရိကန်ပြည်ထောင်စု လေကြောင်းဆိုင်ရာ အာဏာပိုင်တွေ ဖိအားပေးခံနေရပါတယ်။

Boeing 737 MAX အမျိုးအစား လေယာဉ်တွေနဲ့ ပါတ်သက်လို့ စံ သတ်မှတ်ထားတဲ့ အတိုင်း စစ်ဆေးပြီး လုံခြုံ စိတ်ချရတယ်လို့ သတ်မှတ်ခဲ့တာ ဖြစ်တယ်လို့ FAA ကတော့ အလေးအနက် ပြောနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG