(Zawgyi/Unicode)
နိုင္ငံရဲ့ ၃ ပုံ ၁ ပုံေလာက္ ေရေဘးဒဏ္ခံေနရတဲ့ ဘဂၤလားေဒ့ရွ္နိုင္ငံရဲ႕ တစ္ခ်ိဳ႕ေနရာေဒသေတြမွာ ေရ ပိုႀကီးလာေနတာေၾကာင့္ လူေပါင္း ၁သန္းေက်ာ္ ေရလြတ္ရာကုန္းျမင့္ေတြကိုဆီကိုထြက္ေျပးသူက ေျပး၊မေျပးနိုင္တဲ့သူေတြကပိတ္မိေနတယ္လို႔ ဘဂၤလားေဒ့ရွ္တာဝန္ရွိသူေတြနဲ႔ ေစတနာ့ရွင္ဝန္ထမ္းေတြက ေျပာပါတယ္။
အဂၤါေန႔က ဘဂၤလားေဒ့ရွ္က ခရိုင္ ၂၀မွာ အဓိကျမစ္ႀကီးေတြရဲ့ ေရမ်က္ႏွာျပင္ ျမင့္တက္ေနၿပီး နိုင္ငံ့ အလယ္ေျမာက္ပိုင္းမွာ Brahmaputra ျမစ္က ပုံမွန္ထက္ ၁၆ လက္မ ျမင့္တက္ေနတယ္လို႔လည္း ခရိုင္ အုပ္ခ်ဳပ္ေရးမႉး Farook Ahmed က AFP သတင္းဌာန ကို ေျပာပါတယ္။
ၿပီးခဲ့တဲ့လကတည္းက ေရစႀကီးတာျဖစ္ၿပီး တစ္ခဏ ေရက်သြားၿပီးတဲ့ေနာက္ အခုလို ပိုဆိုးလာတာလည္း ျဖစ္ပါတယ္။ စိုက္ခင္းသီးႏွံေတြ ပ်က္စီးသလို ဆင္းရဲတဲ့ေဒသအမ်ားစုက လူေတြ အိုးအိမ္စြန္႔ၿပီး ေရလြတ္ရာကို ေျပးၾကရပါတယ္။
နိုင္ငံရဲ့ အေနာက္ေျမာက္ဘက္နဲ႔ အလယ္ပိုင္းမွာ ေရေဘးဒဏ္ ေလာေလာဆယ္ သက္သာဖြယ္ မရွိေသးဘူးလို႔လည္း ဘဂၤလားေဒ့ရွ္ ေရလႊမ္းမိုးမႈ ခန္႔မွန္း သတိေပးဌာနက ခန္႔မွန္းထားပါတယ္။ အဲဒီဌာနက မိုးေလဝသ ပညာရွင္တစ္ဦးကေတာ့ ဒီႏွစ္ေရႀကီးမႈက ဆယ္စုႏွစ္အတြင္း အဆိုးဆုံး ျဖစ္နိုင္တယ္လို႔ AFP သတင္းဌာနကို ေျပာပါတယ္။
ပထမတစ္ေက်ာ့ ေရႀကီး ေရလၽွံမႈ ေလ်ာ့မက်သြားခင္မွာ အိႏၵိယနဲ႔နယ္စပ္ အထက္ပိုင္းမွာ ျပင္းျပင္းထန္ထန္ ရြာတဲ့မိုးက ေနာက္တေက်ာ့ ေရႀကီးမႈကို ျဖစ္ေပၚေစခဲ့တာပါ။
ဘဂၤလားေဒ့ရွ္အစိုးရက ေရေဘးခိုလႈံေရးစခန္း ၉၇၅ ခု ဖြင့္လွစ္ေပးခဲ့ၿပီး ေဆးအဖြဲ႕ ၁၇၅ ဖြဲ႕ကို ေစလႊတ္ခဲ့တယ္လို႔ ကုလသမဂၢရဲ့ Relief Web မွာ အစီရင္ခံထားပါတယ္။
လာမယ့္ရက္ေတြမွာလည္း ဘဂၤလားေဒ့ရွ္တစ္နိုင္ငံလုံးမွာ မိုးႀကီးမွာ ျဖစ္လို႔ အေျခအေနက ပိုဆိုး လာနိုင္ပါတယ္။ အလားတူပဲ အိႏၵိယနိုင္ငံ အေနာက္ေျမာက္ပိုင္း အာသံျပည္နယ္နဲ႔ နီေပါနိုင္ငံေတြမွာလည္း မုတ္သုံမိုးႀကီးတဲ့ ေရေဘးဒဏ္ ခံစားေနရပါတယ္။
...............
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၃ ပုံ ၁ ပုံ ရေဘေးဒဏ် ခံနေရ
(Unicode)
နိုင်ငံရဲ့ ၃ ပုံ ၁ ပုံလောက် ရေဘေးဒဏ်ခံနေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ တစ်ချို့နေရာဒေသတွေမှာ ရေ ပိုကြီးလာနေတာကြောင့် လူပေါင်း ၁သန်းကျော် ရေလွတ်ရာကုန်းမြင့်တွေကိုဆီကိုထွက်ပြေးသူက ပြေး၊မပြေးနိုင်တဲ့သူတွေကပိတ်မိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေနဲ့ စေတနာ့ရှင်ဝန်ထမ်းတွေက ပြောပါတယ်။
အင်္ဂါနေ့က ဘင်္ဂလားဒေ့ရှ်က ခရိုင် ၂၀မှာ အဓိကမြစ်ကြီးတွေရဲ့ ရေမျက်နှာပြင် မြင့်တက်နေပြီး နိုင်ငံ့ အလယ်မြောက်ပိုင်းမှာ Brahmaputra မြစ်က ပုံမှန်ထက် ၁၆ လက်မ မြင့်တက်နေတယ်လို့လည်း ခရိုင် အုပ်ချုပ်ရေးမှူး Farook Ahmed က AFP သတင်းဌာန ကို ပြောပါတယ်။
ပြီးခဲ့တဲ့လကတည်းက ရေစကြီးတာဖြစ်ပြီး တစ်ခဏ ရေကျသွားပြီးတဲ့နောက် အခုလို ပိုဆိုးလာတာလည်း ဖြစ်ပါတယ်။ စိုက်ခင်းသီးနှံတွေ ပျက်စီးသလို ဆင်းရဲတဲ့ဒေသအများစုက လူတွေ အိုးအိမ်စွန့်ပြီး ရေလွတ်ရာကို ပြေးကြရပါတယ်။
နိုင်ငံရဲ့ အနောက်မြောက်ဘက်နဲ့ အလယ်ပိုင်းမှာ ရေဘေးဒဏ် လောလောဆယ် သက်သာဖွယ် မရှိသေးဘူးလို့လည်း ဘင်္ဂလားဒေ့ရှ် ရေလွှမ်းမိုးမှု ခန့်မှန်း သတိပေးဌာနက ခန့်မှန်းထားပါတယ်။ အဲဒီဌာနက မိုးလေဝသ ပညာရှင်တစ်ဦးကတော့ ဒီနှစ်ရေကြီးမှုက ဆယ်စုနှစ်အတွင်း အဆိုးဆုံး ဖြစ်နိုင်တယ်လို့ AFP သတင်းဌာနကို ပြောပါတယ်။
ပထမတစ်ကျော့ ရေကြီး ရေလျှံမှု လျော့မကျသွားခင်မှာ အိန္ဒိယနဲ့နယ်စပ် အထက်ပိုင်းမှာ ပြင်းပြင်းထန်ထန် ရွာတဲ့မိုးက နောက်တကျော့ ရေကြီးမှုကို ဖြစ်ပေါ်စေခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ်အစိုးရက ရေဘေးခိုလှုံရေးစခန်း ၉၇၅ ခု ဖွင့်လှစ်ပေးခဲ့ပြီး ဆေးအဖွဲ့ ၁၇၅ ဖွဲ့ကို စေလွှတ်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ RELIEF WEB မှာ အစီရင်ခံထားပါတယ်။
လာမယ့်ရက်တွေမှာလည်း ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံးမှာ မိုးကြီးမှာ ဖြစ်လို့ အခြေအနေက ပိုဆိုး လာနိုင်ပါတယ်။ အလားတူပဲ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း အာသံပြည်နယ်နဲ့ နီပေါနိုင်ငံတွေမှာလည်း မုတ်သုံမိုးကြီးတဲ့ ရေဘေးဒဏ် ခံစားနေရပါတယ်။