သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ရှေးဟောင်း အမွေနှစ် Venice ရေလွှမ်း


(Zawgyi/ Unicode)

အီတလီနိုင်ငံ Venice မြို့မှာ မကြုံစဖူး ရေကြီးတဲ့ ဒဏ်ကို ခံနေရပါတယ်။ ယူနက်စကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် အဖြစ် သတ်မှတ်ထားတဲ့ Venice မြို့ရဲ့ ၈၀ ရာခိုင်နှုန်း ဟာ ရေကြီးတဲ့ ဒဏ်ကို ခံနေရချိန်မှာပဲ သောကြာနေ့ အာရုံတက်ချိန်မှာတော့ နောက်ထပ် ဒီရေတက်လာတာနဲ့ ကြုံခဲ့ရတာပါ။ ရှေးခေတ် အနုပညာလက်ရာတွေနဲ့ ပြည့်နေတဲ့ ဒီမြို့က ရုပ်တုကြီးတွေ ဘုရားကျောင်းတွေနဲ့ နန်းတော်တွေ ပျက်စီးကုန်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

မုတ်သုံမိုးဒဏ် ရက်ပေါင်းများစွာ ခံစားနေရတဲ့ Venice မှာ အင်္ဂါနေ့က ဒီရေတက်ခဲ့ပေမယ့် စိုးရိမ်ရေမှတ် အထိ မရောက်ခဲ့ပဲ မြို့ရဲ့ ၈၀ % ကျော်က ရေလွှမ်းသွားတာဖြစ်ပါတယ်။ နေအိမ်တွေ၊ ဈေးဆိုင်တွေ ရေကြီးတဲ့ ဒဏ်ခံနေရသလို လမ်းဘေးသတင်းစာ ဆိုင်ကလေးတွေ ကတော့ ရေထဲ မျောပါကုန်တာပါ။

Venice က လမ်းကျဉ်းကလေးတွေ တလျှောက် ရေဆိုးတွေ တက်လာပြီး မြို့ရဲ့ အထင်ကရ St. Mark ရင်ပြင်မှာ ရေလွှမ်းသွားခဲ့တဲ့ နောက် အီတလီဝန်ကြီးချုပ် Giuseppe Conte က ကြာသပတေးနေ့မှာ အရေးပေါ်အခြေနေ ကြေညာခဲ့တာ ဖြစ်ပါတယ်။

Venice မြို့ဟာ ကုန်းတွင်းရေအိုင် Lagoon ထဲမှာရှိပြီး ကျွန်းပေါင်း တရာကျော်ပါဝင်ပါတယ်။ ဒီရေကြောင့် အင်္ဂါနေ့က ပုံမှန်ထက် မီတာ ၁.၈၇ အမြင့်အထိ ရေတက်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၆ ခုနှစ် ရေကြီးတဲ့ ဒဏ်ကြောင့် Vinice မြို့ခံတွေ ထွက်ပြေးခဲ့ရချိန်က အမြင့်ဆုံး ရေတက်ခဲ့တာက ၁.၉၄ မီတာ ဖြစ်ပါတယ်။ အဲဒီရေကြီးမှုက St. Mark’s Basilica ၁၁ ရာစု ဘုရားကျောင်းကြီး ရဲ့ အောက်ခြေကို ရေလွှမ်းသွားစေခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


.................


(Unicode)





XS
SM
MD
LG