သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စနေ ဘော့စတွန်ဆန္ဒပြမှု ၂၇ဦးကိုဖမ်းဆီးထား


 ဘော့စတွန်ဆန္ဒပြမှု
ဘော့စတွန်ဆန္ဒပြမှု

အမေရိကန် ပြည်ထောင်စု မန်ဆာချူးဆက် ပြည်နယ် ဘော့စတွန်မြို့မှာ မနေ့ စနေနေ့က လူ ၄ သောင်းလောက် စုဝေးခဲ့ကြတဲ့ ဆန္ဒပြပွဲတွေအတွင်း လူ ၂၇ ယောက်ကို ရဲက ဖမ်းဆီးခဲ့ပါတယ်။ ဗာဂျီးနီးယား ပြည်နယ် ရှားလော့ဗေးလ်းမြို့မှာ လူဖြူကြီးစိုးရေး ဝါဒီတွေရဲ့ ချီတက်ဆန္ဒပြပွှဲ အပြီး တပတ်အကြာမှာ ဘော့စတွန် ဆန္ဒပြပွဲတွေ ထွက်ပေါ်လာတာပါ။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ချီတက်ပွဲ အပြီးသတ်နဲ့ တန်ပြန်ဆန္ဒပြသူတွေ စပြီး လူစုကွဲချိန် မြို့လယ် ပန်းခြံ ဘော့စတွန် ကွန်မွန်းအနီးက လမ်းတွေမှာ လူတွေနဲ့ ရောနှော ပြည့်နှက်နေချိန်မှာ အဖမ်းအဆီးတွေ လုပ်ခဲ့တာပါ။

မနေ့ စနေနေ့က ချီတက်ခဲ့ကြတဲ့ လက်ဝဲဝါဒီ တက်ကြွလှုပ်ရှားသူ ထောင်ချီ ရှိခဲ့ပါတယ်။ ဒီအရေအတွက်ဟာဆိုရင် Boston Free Speech လို့ သူတို့ကိုယ်သူတို့ ခေါ်တဲ့ အဖွဲ့က ဇူလိုင်လတုန်းက စီစဉ်ထားတဲ့ လက်ယာဝါဒီတွေ ဟောပြောကြတဲ့ လွတ်လပ်စွာ ပြောဆိုခွင့် လူထု စုဝေးပွဲကို တက်ရောက်ကြသူတွေထက် အဆမတန် ပိုများခဲ့ပါတယ်။ တန်ပြန်ဆန္ဒပြကြသူတွေကို လမ်းကြောင်းတခုတည်းမှာ ရှိစေဖို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ကြိုးပမ်းဆောင်ရွက်တာမှာလည်း အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ တန်ပြန်ဆန္ဒပြကြသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

ဘော့စတွန် လူထု ချီတက်ပွဲတွေ အတွင်း ကြီးကြီးမားမား အကြမ်းဖက်မှုတွေတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် ရုပ်မြင်သံကြား သတင်းတွေမှာ ပြသကြတဲ့ တန်ပြန်ဆန္ဒပြကြသူ အဖွဲ့တွေကို ပြသတာမှာတော့ သမ္မတ Donald Trump ကို ထောက်ခံတဲ့ အဝတ်အစားတွေ ဝတ်ဆင်ပြီး မကြားဝံ့မနာသာ ဆဲဆိုအော်ဟစ်နေကြတဲ့ သူတွေကိုလည်း တွေ့ရပါတယ်။ တက္ကဆက် ပြည်နယ် အော်စတင်နဲ့ ဟူစတန်မြို့တွေ၊ နောက် မြောက် ကယ်ရိုလိုင်းနားပြည်နယ် Durham၊ နောက် တောင်ကယ်ရိုလိုင်နား ပြည်နယ်က Laguna Beach နဲ့ Venice တို့ အပါအဝင် အမေရိကန် ပြည်ထောင်စု တဝန်းမှာ ဆန္ဒပြကြပါတယ်။ သမ္မတ Doanld Trump ကတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး တွစ်တာ လူမှုကွန်ယက်မှာ မှတ်ချက်ပေး ပြောဆိုတာမှာတော့ ရဲ့ ရဲတပ်ဖွဲ့ဘက်က အခြေအနေကို ထိန်းသိမ်းဆောင်ရွက်ခဲ့မှုကို ချီးကျူးပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG