သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မြန္ျပည္နယ္က ပ်က္စီးသြားတဲ့ေရတြင္းေတြကို တႏိုင္တပိုင္ျပန္ျပင္ဖို႔


မြန္ျပည္နယ္က ပ်က္စီးသြားတဲ့ေရတြင္းေတြကို တႏိုင္တပိုင္ျပန္ျပင္ဖို႔
တိုက္႐ိုက္ လင့္ခ္


ဥတုရာသီ ေျပာင္းလဲမႈဒဏ္ကို ျမန္မာႏုိင္ငံမွာ ခံစားေနရၿပီဆုိတာကို ထင္ထင္ရွားရွားျပလာတဲ့ျဖစ္ရပ္တခုကေတာ့ ၂၀၁၉ မိုးရာသီအတြင္း မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္ထဲ လူေပါင္း ၆၀ ေက်ာ္ ေသဆံုးခဲ့ရတဲ့ ၾသဂုတ္လ ေရႀကီးေရလွ်ံမႈနဲ႔အတူ ေျမၿပိဳခဲ့တာပဲ ျဖစ္ပါတယ္။ အဲဒီ သဘာဝ အႏၱရာယ္က မြန္ျပည္နယ္ထဲကေဒသခံေတြအတြက္ မရွိမျဖစ္လိုအပ္တဲ့ ေသာင္းနဲ႔ခ်ီတဲ့ေရတြင္းေတြကိုပါ ပ်က္စီးေစခဲ့တာပါ။ ေျမေအာက္ေရကို အားထားေနရတဲ့ ဒီေဒသခံေတြအတြက္ ဘာေတြလုပ္သင့္တယ္ဆိုတာကို ျမန္မာႏုိင္ငံ ေရအရင္းအျမစ္ ေကာ္မတီ NWRC ရဲ့ ေျမေအာက္ေရဆိုင္ရာ အႀကံေပး ဦးျမင့္သိန္းက ေျပာျပေပးမွာပါ။

ဦးျမင့္သိန္း။ ။ “မြန္ျပည္နယ္မွာ ေရႀကီးေရလွ်ံျဖစ္လာေတာ့ ဌာနဆုိင္ရာအဖြဲ႔အစည္းေတြက သြားၿပီး ကယ္ဆယ္ေရးေတြလုပ္တယ္။ ေကာင္းတယ္။ ဒါေပမယ့္လို႔ ဒါေတြက ဘာေၾကာင့္ျဖစ္ရတယ္၊ ဘယ္လိုျဖစ္ႏိုင္တယ္ဆိုတာကို ႀကိဳျပင္ၿပီးေတာ့ စီစဥ္ထားမႈ နည္းေနေသး တယ္ေပါ့ဗ်ာ။ ေနာက္တခါ ဒီေနရာေတြမွာ ဥပမာ-က်ေနာ္ကေရသမားဆိုေတာ့ ေရတြင္းတူးရင္ ဘယ္နားတူးတူး ေရရတာပဲကြာ- ဗမာ လူမ်ဳိးထံုးစံက- အိမ္ေနာက္ေဖးတူးတူး၊ အိမ္ေရွ႕တူးတူး၊ ဘယ္နားတူးတူး- မဟုတ္ဘူးခင္ဗ်။ ေရတြင္းတူးတာ အိမ္ေနာက္ေဖးမွာ အိမ္သာ ရွိတယ္။ အိမ္သာနဲ႔ ေပ ၅၀ အတြင္းမွာ မတူးရဘူး။ အဲလိုမ်ဳိးေတြလိုပဲ၊ ဒီလို ေျမၿပိဳတဲ့ေနရာေတြမွာ ေတာင္ေျခမွာ ေရတြင္းတူးတယ္။ ေတာင္ေပၚကေန ေရေတြက်မယ္။ သစ္ပင္ေတြခုတ္သြားတယ္။ အဲဒီေတာ့ မိုးရြာရင္ေရႀကီးၿပီးေတာ့ ေရတြင္းေဘာင္ေတြမွာ ေျမသားေတြ ပို႔သြားမယ္။ ေျမႀကီးထဲကို ေရေတြဝင္မယ္။ အဲဒီလိုပဲ က်ေနာ့ရဲ႕တြင္းသမားေတြနဲ႔ က်ေနာ္ အဆက္အသြယ္ရတယ္။ မြန္ျပည္နယ္မွာ ေရႀကီး ေရလွ်ံျဖစ္လိုက္ေတာ့ မြန္ျပည္နယ္တခုတည္းမွာ စက္ေရတြင္း၊ အဝီစိတြင္းေပါင္း - လက္တူးတြင္း… ၃ ေသာင္းေက်ာ္ေလာက္ ပ်က္စီးသြား တယ္။ အဲဒီမွာက အိမ္တုိင္းအိမ္တုိင္းမွာ ေရတြင္းရွိတယ္။ တခ်ဳိ႕ တတ္ႏုိင္တဲ့အိမ္က စက္တြင္းတူးတယ္။ တခ်ဳိ႕အိမ္ေတြက လက္တူးတြင္း ရွိတယ္။ အဲဒီအရပ္ေဒသက သံလြင္ေရက အရင္တုန္းကေကာင္းတယ္။ သူက seasonal ရာသီကို လိုက္ၿပီးေတာ့ fresh ျဖစ္တယ္။ raining season မိုးရာသီမွာဆိုရင္ ေရႀကီး flood ျဖစ္ေတာ့ ဒီေကာင္ကို မသံုးႏုိင္ေတာ့ဘူး။ ေသာင္ထြန္းတဲ့ေနရာေတြမွာ လက္တူးတြင္းတူးၿပီး ျပန္သံုးရတယ္။”

အခုလို ေရတြင္းေပါင္း ေသာင္းနဲ႔ခ်ီပ်က္စီးကုန္ေပမယ့္ တႏိုင္တပိုင္ ျပန္ျပင္မယ္ဆိုရင္ ျပန္သံုးလို႔ ရပါတယ္။

ဦးျမင့္သိန္း။ ။ “ျပည္သူအေနနဲ႔ တႏုိင္တပုိင္လုပ္လို႔ ရႏုိင္တာကေတာ့ ကိုယ္ထူကိုယ္ထနဲ႔ ကိုယ့္အိမ္ကတြင္း ကိုယ့္ဟာကိုယ္ တြင္းဆယ္ရ တာေပါ့ဗ်ာ။ အဲဒီေရေတြကို ခပ္ထုတ္ပစ္၊ မိုးကုန္ၿပီဆိုရင္ ခပ္ထုတ္ပစ္လုိက္။ တြင္းထဲက အနယ္အႏွစ္ေတြကို ကုန္ေအာင္လုပ္။ ေရတြင္း တတြင္းတူးလို႔ တူးၿပီးခါစ ေရထြက္လာရင္ ေရလိုက္လာေအာင္ လုပ္သလို အဲဒီ အေျခေလးေတြကို ရွင္းသလို ရွင္း။ ၿပီးေတာ့မွ ေရၾကည္ တက္လာရင္ အဲဒါကို ေစာင့္ရမယ္။ တရက္တန္သည္၊ ၂ ရက္တန္သည္၊ တခါတေလ တပတ္ေလာက္ေစာင့္ရမယ္။ အဲဒီေတာ့မွ အဲဒီေရကို ဘာလုပ္ၾကည့္ရမလဲ- ေသာက္လုိ႔ေကာင္းမေကာင္းကို ဗမာ့နည္း ဗမာ့ဟန္နဲ႔ဆိုရင္ ေရေႏြးက်ဳိၾကည့္လုိက္၊ အဲဒီထဲကို လက္ဖက္ေျခာက္ ထည့္ၾကည့္လိုက္။ လက္ဖက္ေျခာက္ထည့္လို႔ မည္းသြားတယ္ဆိုရင္ ဒါ ေသာက္သံုးရန္ သိပ္မသင့္ေတာ္ေသးဘူး။ မမည္းဘူးဆိုရင္ ေသာက္လုိ႔ ေကာင္းတယ္။ ထမင္းခ်က္ၾကည့္လုိက္၊ ထမင္းခ်က္လို႔ ဆန္ေတြက မဝါဘူး၊ ဝါညစ္ညစ္မျဖစ္ဘူး၊ နီက်န္က်န္မျဖစ္ဘူး- ဟာ၊ ဒါဆိုရင္ ေသာက္လုိ႔ရၿပီ။ ငါတို႔တြင္းေရ အရင္အတုိင္း ျပန္ျဖစ္သြားၿပီ။ အဲလိုမ်ဳိးေပါ့ဗ်ာ။ တႏုိင္တပိုင္ လုပ္လုိ႔ရပါတယ္။ ရပ္ရြာအလုိက္ ဒီဟာကို အခုဆိုလို႔ရွိရင္ေတာ့ ဗမာျပည္မွာလည္း အစိုးရမဟုတ္တဲ့အဖြဲ႔အစည္းေပါ့၊ NGO ေတြအမ်ားႀကီးပါ။ အဲလိုမ်ဳိးေတြ လုပ္ႏုိင္ရင္ရတယ္။ ေနာက္ တခါ ခုနေျပာတဲ့ရပ္ကြက္လူႀကီးေတြနဲ႔ ဒီဟာကို တန္ဖိုးထားၿပီးေတာ့ လႈပ္ရွားတဲ့လူငယ္အဖြဲ႔အစည္းေတြရွိတယ္ဆိုရင္ ပိုၿပီးေတာ့ ျမန္ျမန္ဆန္ဆန္ သြက္သြက္လက္လက္ ဒီလုိ ရွိရမွာေပါ့။”

ေျမေအာက္ေရကို တူးေဖၚသံုးစြဲတာနဲ႔ ပတ္သက္ၿပီး ျပည္သူေတြၾကား အသိပညာ ျဖန္႔ျဖဴးေပးဖို႔လည္း လိုအပ္ပါတယ္။

ဦးျမင့္သိန္း။ ။ “အဓိက-က က်ေနာ့္အျမင္ေျပာရရင္ ဒီေျမေအာက္ေရနဲ႔ပတ္သက္လို႔ ပညာေပးလုပ္ရမယ္။ နားလည္တဲ့လူေတြက ေက်ာင္း ေတြမွာ ဒါေလးေတြကို ေျပာျပရမယ္၊ ေဟာေျပာပြဲေတြ လုပ္ရမယ္။ ရပ္ကြက္ေတြမွာလည္း ေျမေအာက္ေရ ေရတြင္းသံုးတဲ့လူေတြကို ခင္ဗ်ားတို႔ ေရတြင္းေရကို ဘယ္လိုစစ္၊ အခုနက က်ေနာ္ေျပာတဲ့နည္းေလးေတြနဲ႔ ပိုက္ဆံကုန္စရာမလုိဘူး။ ဘယ္လိုစစ္လုိက္ရင္ ဒီေရဟာ ေကာင္းမေကာင္း သိတယ္။ အဲဒီေရကို အိမ္သာနားကို မတူးနဲ႔၊ ဒီတြင္းကခပ္တဲ့ေရေတြကို အေဝးကိုစီးသြားေအာင္ ဘိလပ္ေျမ ေရတံေလ်ာက္ ေျမာင္းေလးနဲ႔လုပ္၊ အဲဒီအနီးအနားမွာ သစ္ပင္ဝါးပင္ေတြစိုက္လို႔ ဓာတ္ေျမၾသဇာပံုးေတြ၊ ပုလင္းေတြမထားနဲ႔။ မေတာ္တဆတုိက္မိၿပီး လဲသြား တယ္၊ toxic ျဖစ္တဲ့ပုလင္းေတြက ေရအိုင္ထဲက်သြားမယ္။ လူကမသိဘူး၊ မွားၿပီးသံုးမိမယ္။ အဲလိုမ်ဳိးမျဖစ္ေအာင္လို႔ အဲလိုမ်ဳိးပညာေပး ေလးေတြ လုပ္သင့္တယ္လို႔ ျမင္တာေပါ့ဗ်ာ။ လုပ္လာရင္ ပိုေကာင္းတာေပါ့။”

ေရႀကီးေရလွ်ံတာဟာ သစ္ေတာျပဳန္းတီးမႈနဲ႔လည္း ဆက္ႏြယ္ေနတာပါ။

ဦးျမင့္သိန္း။ ။ “ေရႀကီးေရလွ်ံတာက ေတာင္ေစာင္းေတြမွာ သပြတ္အူလိုေပါ့ဗ်ာ-လည္ေနတာေပါ့။ သစ္ပင္ေတြခုတ္လုိ႔ ေတာင္ကတံုးျဖစ္ သြားေတာ့ ေျမသားေတြက ခုခံအားက်သြားေတာ့ ေျမေတြက ပါလာတယ္။ ပါလာတာမွာ ရႊ႕ံဆန္တဲ့ေျမရယ္၊ သဲဆန္တဲ့ေျမရွိတယ္။ ႏုန္း ဆန္တဲ့ေျမရွိတယ္။ ႏုန္းဆန္တဲ့ေျမေတြ၊ ရႊံ႕နဲ႔တဲြစပ္မႈ ညံ့တဲ့ေျမေတြက အတံုးလိုက္၊ အခဲလိုက္ ျပဳတ္က်လာတယ္။ အဲဒီမွာမွ ေက်ာက္တံုး ေက်ာက္ခဲေတြကျမဳပ္ေနရင္ အဲဒီဟာေတြကပါ တုိက္စားၿပီးေတာ့ လွိမ့္ဆင္းလာတာေပါ့ဗ်ာ။ လိမ့္ဆင္းလာေတာ့ ေတာင္ေျခမွာရွိတဲ့ အေဆာက္အဦးေတြကို တြန္းတုိက္တယ္၊ ခိုက္မိတယ္။ ပ်က္စီးကုန္တယ္။ အားမ်ားတဲ့အခါက်ေတာ့ ……… အကုန္လံုးျပဳတ္ပါသြားတယ္။ ေရတြင္းေတြက်ေတာ့ အဲဒီေရေတြက ႏႈတ္ခမ္းေဘာင္ကို လွ်ံၿပီးေတာ့ ေရဆိုးေတြက ေရေကာင္းတြင္းထဲကို ဝင္ကုန္ေတာ့ တြင္းေတြ ပ်က္စီးကုန္တာေပါ့ဗ်ာ။

အခုလို ေရႀကီးေျမၿပိဳမႈ အႏၱရာယ္ကို ဘယ္လို ႀကိဳတင္ကာကြယ္ ႏိုင္ပါသလဲ။

ဦးျမင့္သိန္း။ ။ “ေတာင္ေစာင္းလိုေနရာေတြမွာ ျပန္လုပ္ရမယ္။ ဘာေတြလုပ္ရမလဲဆိုေတာ့ သစ္ပင္ေတြ ျပန္စိုက္ရမယ္။ အပင္ေလးေတြ ျပန္စိုက္၊ ေနာက္တခါ ကိုယ့္အိမ္အေျခေတြမွာ ေတာင္ေျခမွာေနတဲ့လူေတြ၊ ေျပာင္းလို႔မရတဲ့လူေတြ ကိုယ့္အိမ္ပတ္ပတ္လည္မွာ ေတာင္က က်တဲ့ေရေတြ ကိုယ့္အိမ္ကို တည့္တည့္မစီးေအာင္ေရလႊဲေျမာင္းေလးေတြ လုပ္ေပးရမယ္။ အဲဒီေတာ့ အိမ္ကိုပတ္ၿပီး ေဘးကိုဆင္းခ်သြားမယ္။ အဲဒါဆိုရင္ ကိုယ့္အိမ္ရဲ႕အေျခကို ေရတုိက္စားမႈသက္သာမယ္။ အဲလိုမ်ဳိးေလးေတြ လုပ္ၾကရမယ္။ အပင္ေတြ စိုက္ၾကရမယ္။ ေနာက္တခါ သတိေလးထားရမွာေပါ့။ အသိနဲ႔သတိေလးထားရမွာေပါ့။ awareness and caution ေပါ့။”

ဥတုရာသီေျပာင္းလဲမႈ ဒဏ္ကိုခံေနရခ်ိန္မွာ သဘာဝေဘး အႏၱရာယ္ကို ေလွ်ာ့မတြက္ၾကဖုိ႔လည္း သတိေပးပါတယ္။

“က်ေနာ္တို႔ ျမန္မာႏုိင္ငံမွာက ဒီလိုေတာင္ၿပိဳတယ္ ေျမၿပိဳတယ္ ဆိုတာေတြက ေက်ာက္စိမ္းတြင္းရွိတဲ့ေနရာေတြ၊ ေဝးလံေခါင္သီတဲ့ ေတာေတြေတာင္ေတြၾကားမွာသာ ျဖစ္ဖူးတာ မ်ားတာေတြ႔ၾကရတာကိုး။ အခုေပါင္ဆိုတာက က်ေနာ္တို႔ တနသၤာရီသြားတဲ့ လမ္းမႀကီး အတိုင္းပဲ အဲဒီလမ္းေတြရဲ့ အေရွ႕ဘက္ အျခမ္းေတြမွာ အိမ္ေတြက ရြာတန္းရွည္ေတြလို တန္းစီၿပီး ေဆာက္ၿပီး ေနၾကတာကိုးဗ်။ အဲဒီ ေတာင္ေပၚ တက္သြား ေတာခုတ္၊ ေတာင္ခုတ္၊ ေနာက္တခါ ေက်ာက္မိုင္းထုတ္တာနဲ႔ အဲလိုမ်ိဳးေတြ လုပ္လာေတာ့ လုပ္တဲ့ အေရအတြက္ေတြ မ်ားလာတယ္။ ေတာင္ေပၚမွာ အဲလို လုပ္တဲ့ေနရာေတြ က်ယ္ျပန္႔လာတယ္။ ဒါေပမယ့္လို႔ ပတ္ဝန္းက်င္ကို ျပန္ထိမ္းသိမ္းဖို႔ေတြနဲ႔ သူ႔ရဲ့ ဆိုးက်ိဳးေတြကို သတိမထားမိၾကဘူး။ ထုတ္တဲ့လူကေရာ၊ ေနတဲ့လူကေရာ အဲဒီလို ထားလိုက္ေတာ့ အခုလိုမ်ိဳး ျဖစ္လာေတာ့မွ လက္ေတြ႔ သင္ခန္းစာ ရခဲ့ၾကတာကိုး။”

ဦးျမင့္သိန္းရဲ့ ေျပာၾကားခ်က္နဲ႔ပဲ ဒီသီတင္းပတ္အတြက္ သိပၸံနဲ႔နည္းပညာ က႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။

ဥတုရာသီ ေျပာင္းလဲမႈဒဏ္ကို ကမာၻ႔ႏိုင္ငံေတြ နည္းတူ ျမန္မာႏိုင္ငံမွာလည္း ခံစားေနရတာပါ။ ရာသီဥတုေျပာင္းလဲမႈဒဏ္ ခံစားေနရတဲ့ ကမာၻႀကီးကို ကယ္တင္ဖုိ႔ အခ်ိန္မေႏွာင္းေသး ေပမယ့္ တကမာၻလံုး ပါဝင္မွ ရမယ္လို႔ ကုလသမဂၢၿငိမ္းခ်မ္းေရးသံတမန္ Jane Goodalll က ေျပာပါတယ္။ လူတဦးခ်င္းစီရဲ့ လႈပ္ရွားမႈက အေျပာင္းအလဲကို ျဖစ္ေစတာေၾကာင့္ အခ်ိန္မေႏွာင္းခင္ လုပ္ေဆာင္ၾကဖို႔လည္း တိုက္တြန္းပါတယ္။

Unicode

မွန်ပြည်နယ်က ပျက်စီးသွားတဲ့ရေတွင်းတွေကို တနိုင်တပိုင်ပြန်ပြင်ဖို့

ဥတုရာသီ ပြောင်းလဲမှုဒဏ်ကို မြန်မာနိုင်ငံမှာ ခံစားနေရပြီဆိုတာကို ထင်ထင်ရှားရှားပြလာတဲ့ဖြစ်ရပ်တခုကတော့ ၂၀၁၉ မိုးရာသီအတွင်း မွန်ပြည်နယ်၊ ပေါင်မြို့နယ်ထဲ လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ရတဲ့ သြဂုတ်လ ရေကြီးရေလျှံမှုနဲ့အတူ မြေပြိုခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီ သဘာဝ အန္တရာယ်က မွန်ပြည်နယ်ထဲကဒေသခံတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ သောင်းနဲ့ချီတဲ့ရေတွင်းတွေကိုပါ ပျက်စီးစေခဲ့တာပါ။ မြေအောက်ရေကို အားထားနေရတဲ့ ဒီဒေသခံတွေအတွက် ဘာတွေလုပ်သင့်တယ်ဆိုတာကို မြန်မာနိုင်ငံ ရေအရင်းအမြစ် ကော်မတီ NWRC ရဲ့ မြေအောက်ရေဆိုင်ရာ အကြံပေး ဦးမြင့်သိန်းက ပြောပြပေးမှာပါ။

ဦးမြင့်သိန်း။ ။ “မွန်ပြည်နယ်မှာ ရေကြီးရေလျှံဖြစ်လာတော့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက သွားပြီး ကယ်ဆယ်ရေးတွေလုပ်တယ်။ ကောင်းတယ်။ ဒါပေမယ့်လို့ ဒါတွေက ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်လိုဖြစ်နိုင်တယ်ဆိုတာကို ကြိုပြင်ပြီးတော့ စီစဉ်ထားမှု နည်းနေသေး တယ်ပေါ့ဗျာ။ နောက်တခါ ဒီနေရာတွေမှာ ဥပမာ-ကျနော်ကရေသမားဆိုတော့ ရေတွင်းတူးရင် ဘယ်နားတူးတူး ရေရတာပဲကွာ- ဗမာ လူမျိုးထုံးစံက- အိမ်နောက်ဖေးတူးတူး၊ အိမ်ရှေ့တူးတူး၊ ဘယ်နားတူးတူး- မဟုတ်ဘူးခင်ဗျ။ ရေတွင်းတူးတာ အိမ်နောက်ဖေးမှာ အိမ်သာ ရှိတယ်။ အိမ်သာနဲ့ ပေ ၅၀ အတွင်းမှာ မတူးရဘူး။ အဲလိုမျိုးတွေလိုပဲ၊ ဒီလို မြေပြိုတဲ့နေရာတွေမှာ တောင်ခြေမှာ ရေတွင်းတူးတယ်။ တောင်ပေါ်ကနေ ရေတွေကျမယ်။ သစ်ပင်တွေခုတ်သွားတယ်။ အဲဒီတော့ မိုးရွာရင်ရေကြီးပြီးတော့ ရေတွင်းဘောင်တွေမှာ မြေသားတွေ ပို့သွားမယ်။ မြေကြီးထဲကို ရေတွေဝင်မယ်။ အဲဒီလိုပဲ ကျနော့ရဲ့တွင်းသမားတွေနဲ့ ကျနော် အဆက်အသွယ်ရတယ်။ မွန်ပြည်နယ်မှာ ရေကြီး ရေလျှံဖြစ်လိုက်တော့ မွန်ပြည်နယ်တခုတည်းမှာ စက်ရေတွင်း၊ အဝီစိတွင်းပေါင်း - လက်တူးတွင်း… ၃ သောင်းကျော်လောက် ပျက်စီးသွား တယ်။ အဲဒီမှာက အိမ်တိုင်းအိမ်တိုင်းမှာ ရေတွင်းရှိတယ်။ တချို့ တတ်နိုင်တဲ့အိမ်က စက်တွင်းတူးတယ်။ တချို့အိမ်တွေက လက်တူးတွင်း ရှိတယ်။ အဲဒီအရပ်ဒေသက သံလွင်ရေက အရင်တုန်းကကောင်းတယ်။ သူက seasonal ရာသီကို လိုက်ပြီးတော့ fresh ဖြစ်တယ်။ raining season မိုးရာသီမှာဆိုရင် ရေကြီး flood ဖြစ်တော့ ဒီကောင်ကို မသုံးနိုင်တော့ဘူး။ သောင်ထွန်းတဲ့နေရာတွေမှာ လက်တူးတွင်းတူးပြီး ပြန်သုံးရတယ်။”

အခုလို ရေတွင်းပေါင်း သောင်းနဲ့ချီပျက်စီးကုန်ပေမယ့် တနိုင်တပိုင် ပြန်ပြင်မယ်ဆိုရင် ပြန်သုံးလို့ ရပါတယ်။

ဦးမြင့်သိန်း။ ။ “ပြည်သူအနေနဲ့ တနိုင်တပိုင်လုပ်လို့ ရနိုင်တာကတော့ ကိုယ်ထူကိုယ်ထနဲ့ ကိုယ့်အိမ်ကတွင်း ကိုယ့်ဟာကိုယ် တွင်းဆယ်ရ တာပေါ့ဗျာ။ အဲဒီရေတွေကို ခပ်ထုတ်ပစ်၊ မိုးကုန်ပြီဆိုရင် ခပ်ထုတ်ပစ်လိုက်။ တွင်းထဲက အနယ်အနှစ်တွေကို ကုန်အောင်လုပ်။ ရေတွင်း တတွင်းတူးလို့ တူးပြီးခါစ ရေထွက်လာရင် ရေလိုက်လာအောင် လုပ်သလို အဲဒီ အခြေလေးတွေကို ရှင်းသလို ရှင်း။ ပြီးတော့မှ ရေကြည် တက်လာရင် အဲဒါကို စောင့်ရမယ်။ တရက်တန်သည်၊ ၂ ရက်တန်သည်၊ တခါတလေ တပတ်လောက်စောင့်ရမယ်။ အဲဒီတော့မှ အဲဒီရေကို ဘာလုပ်ကြည့်ရမလဲ- သောက်လို့ကောင်းမကောင်းကို ဗမာ့နည်း ဗမာ့ဟန်နဲ့ဆိုရင် ရေနွေးကျိုကြည့်လိုက်၊ အဲဒီထဲကို လက်ဖက်ခြောက် ထည့်ကြည့်လိုက်။ လက်ဖက်ခြောက်ထည့်လို့ မည်းသွားတယ်ဆိုရင် ဒါ သောက်သုံးရန် သိပ်မသင့်တော်သေးဘူး။ မမည်းဘူးဆိုရင် သောက်လို့ ကောင်းတယ်။ ထမင်းချက်ကြည့်လိုက်၊ ထမင်းချက်လို့ ဆန်တွေက မဝါဘူး၊ ဝါညစ်ညစ်မဖြစ်ဘူး၊ နီကျန်ကျန်မဖြစ်ဘူး- ဟာ၊ ဒါဆိုရင် သောက်လို့ရပြီ။ ငါတို့တွင်းရေ အရင်အတိုင်း ပြန်ဖြစ်သွားပြီ။ အဲလိုမျိုးပေါ့ဗျာ။ တနိုင်တပိုင် လုပ်လို့ရပါတယ်။ ရပ်ရွာအလိုက် ဒီဟာကို အခုဆိုလို့ရှိရင်တော့ ဗမာပြည်မှာလည်း အစိုးရမဟုတ်တဲ့အဖွဲ့အစည်းပေါ့၊ NGO တွေအများကြီးပါ။ အဲလိုမျိုးတွေ လုပ်နိုင်ရင်ရတယ်။ နောက် တခါ ခုနပြောတဲ့ရပ်ကွက်လူကြီးတွေနဲ့ ဒီဟာကို တန်ဖိုးထားပြီးတော့ လှုပ်ရှားတဲ့လူငယ်အဖွဲ့အစည်းတွေရှိတယ်ဆိုရင် ပိုပြီးတော့ မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် ဒီလို ရှိရမှာပေါ့။”

မြေအောက်ရေကို တူးဖေါ်သုံးစွဲတာနဲ့ ပတ်သက်ပြီး ပြည်သူတွေကြား အသိပညာ ဖြန့်ဖြူးပေးဖို့လည်း လိုအပ်ပါတယ်။

ဦးမြင့်သိန်း။ ။ “အဓိက-က ကျနော့်အမြင်ပြောရရင် ဒီမြေအောက်ရေနဲ့ပတ်သက်လို့ ပညာပေးလုပ်ရမယ်။ နားလည်တဲ့လူတွေက ကျောင်း တွေမှာ ဒါလေးတွေကို ပြောပြရမယ်၊ ဟောပြောပွဲတွေ လုပ်ရမယ်။ ရပ်ကွက်တွေမှာလည်း မြေအောက်ရေ ရေတွင်းသုံးတဲ့လူတွေကို ခင်ဗျားတို့ ရေတွင်းရေကို ဘယ်လိုစစ်၊ အခုနက ကျနော်ပြောတဲ့နည်းလေးတွေနဲ့ ပိုက်ဆံကုန်စရာမလိုဘူး။ ဘယ်လိုစစ်လိုက်ရင် ဒီရေဟာ ကောင်းမကောင်း သိတယ်။ အဲဒီရေကို အိမ်သာနားကို မတူးနဲ့၊ ဒီတွင်းကခပ်တဲ့ရေတွေကို အဝေးကိုစီးသွားအောင် ဘိလပ်မြေ ရေတံလျောက် မြောင်းလေးနဲ့လုပ်၊ အဲဒီအနီးအနားမှာ သစ်ပင်ဝါးပင်တွေစိုက်လို့ ဓာတ်မြေသြဇာပုံးတွေ၊ ပုလင်းတွေမထားနဲ့။ မတော်တဆတိုက်မိပြီး လဲသွား တယ်၊ toxic ဖြစ်တဲ့ပုလင်းတွေက ရေအိုင်ထဲကျသွားမယ်။ လူကမသိဘူး၊ မှားပြီးသုံးမိမယ်။ အဲလိုမျိုးမဖြစ်အောင်လို့ အဲလိုမျိုးပညာပေး လေးတွေ လုပ်သင့်တယ်လို့ မြင်တာပေါ့ဗျာ။ လုပ်လာရင် ပိုကောင်းတာပေါ့။”

ရေကြီးရေလျှံတာဟာ သစ်တောပြုန်းတီးမှုနဲ့လည်း ဆက်နွယ်နေတာပါ။

ဦးမြင့်သိန်း။ ။ “ရေကြီးရေလျှံတာက တောင်စောင်းတွေမှာ သပွတ်အူလိုပေါ့ဗျာ-လည်နေတာပေါ့။ သစ်ပင်တွေခုတ်လို့ တောင်ကတုံးဖြစ် သွားတော့ မြေသားတွေက ခုခံအားကျသွားတော့ မြေတွေက ပါလာတယ်။ ပါလာတာမှာ ရွှံ့ဆန်တဲ့မြေရယ်၊ သဲဆန်တဲ့မြေရှိတယ်။ နုန်း ဆန်တဲ့မြေရှိတယ်။ နုန်းဆန်တဲ့မြေတွေ၊ ရွှံ့နဲ့တွဲစပ်မှု ညံ့တဲ့မြေတွေက အတုံးလိုက်၊ အခဲလိုက် ပြုတ်ကျလာတယ်။ အဲဒီမှာမှ ကျောက်တုံး ကျောက်ခဲတွေကမြုပ်နေရင် အဲဒီဟာတွေကပါ တိုက်စားပြီးတော့ လှိမ့်ဆင်းလာတာပေါ့ဗျာ။ လိမ့်ဆင်းလာတော့ တောင်ခြေမှာရှိတဲ့ အဆောက်အဦးတွေကို တွန်းတိုက်တယ်၊ ခိုက်မိတယ်။ ပျက်စီးကုန်တယ်။ အားများတဲ့အခါကျတော့ ……… အကုန်လုံးပြုတ်ပါသွားတယ်။ ရေတွင်းတွေကျတော့ အဲဒီရေတွေက နှုတ်ခမ်းဘောင်ကို လျှံပြီးတော့ ရေဆိုးတွေက ရေကောင်းတွင်းထဲကို ဝင်ကုန်တော့ တွင်းတွေ ပျက်စီးကုန်တာပေါ့ဗျာ။

အခုလို ရေကြီးမြေပြိုမှု အန္တရာယ်ကို ဘယ်လို ကြိုတင်ကာကွယ် နိုင်ပါသလဲ။

ဦးမြင့်သိန်း။ ။ “တောင်စောင်းလိုနေရာတွေမှာ ပြန်လုပ်ရမယ်။ ဘာတွေလုပ်ရမလဲဆိုတော့ သစ်ပင်တွေ ပြန်စိုက်ရမယ်။ အပင်လေးတွေ ပြန်စိုက်၊ နောက်တခါ ကိုယ့်အိမ်အခြေတွေမှာ တောင်ခြေမှာနေတဲ့လူတွေ၊ ပြောင်းလို့မရတဲ့လူတွေ ကိုယ့်အိမ်ပတ်ပတ်လည်မှာ တောင်က ကျတဲ့ရေတွေ ကိုယ့်အိမ်ကို တည့်တည့်မစီးအောင်ရေလွှဲမြောင်းလေးတွေ လုပ်ပေးရမယ်။ အဲဒီတော့ အိမ်ကိုပတ်ပြီး ဘေးကိုဆင်းချသွားမယ်။ အဲဒါဆိုရင် ကိုယ့်အိမ်ရဲ့အခြေကို ရေတိုက်စားမှုသက်သာမယ်။ အဲလိုမျိုးလေးတွေ လုပ်ကြရမယ်။ အပင်တွေ စိုက်ကြရမယ်။ နောက်တခါ သတိလေးထားရမှာပေါ့။ အသိနဲ့သတိလေးထားရမှာပေါ့။ awareness and caution ပေါ့။”

ဥတုရာသီပြောင်းလဲမှု ဒဏ်ကိုခံနေရချိန်မှာ သဘာဝဘေး အန္တရာယ်ကို လျှော့မတွက်ကြဖို့လည်း သတိပေးပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံမှာက ဒီလိုတောင်ပြိုတယ် မြေပြိုတယ် ဆိုတာတွေက ကျောက်စိမ်းတွင်းရှိတဲ့နေရာတွေ၊ ဝေးလံခေါင်သီတဲ့ တောတွေတောင်တွေကြားမှာသာ ဖြစ်ဖူးတာ များတာတွေ့ကြရတာကိုး။ အခုပေါင်ဆိုတာက ကျနော်တို့ တနင်္သာရီသွားတဲ့ လမ်းမကြီး အတိုင်းပဲ အဲဒီလမ်းတွေရဲ့ အရှေ့ဘက် အခြမ်းတွေမှာ အိမ်တွေက ရွာတန်းရှည်တွေလို တန်းစီပြီး ဆောက်ပြီး နေကြတာကိုးဗျ။ အဲဒီ တောင်ပေါ် တက်သွား တောခုတ်၊ တောင်ခုတ်၊ နောက်တခါ ကျောက်မိုင်းထုတ်တာနဲ့ အဲလိုမျိုးတွေ လုပ်လာတော့ လုပ်တဲ့ အရေအတွက်တွေ များလာတယ်။ တောင်ပေါ်မှာ အဲလို လုပ်တဲ့နေရာတွေ ကျယ်ပြန့်လာတယ်။ ဒါပေမယ့်လို့ ပတ်ဝန်းကျင်ကို ပြန်ထိမ်းသိမ်းဖို့တွေနဲ့ သူ့ရဲ့ ဆိုးကျိုးတွေကို သတိမထားမိကြဘူး။ ထုတ်တဲ့လူကရော၊ နေတဲ့လူကရော အဲဒီလို ထားလိုက်တော့ အခုလိုမျိုး ဖြစ်လာတော့မှ လက်တွေ့ သင်ခန်းစာ ရခဲ့ကြတာကိုး။”

ဦးမြင့်သိန်းရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

ဥတုရာသီ ပြောင်းလဲမှုဒဏ်ကို ကမ္ဘာ့နိုင်ငံတွေ နည်းတူ မြန်မာနိုင်ငံမှာလည်း ခံစားနေရတာပါ။ ရာသီဥတုပြောင်းလဲမှုဒဏ် ခံစားနေရတဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ အချိန်မနှောင်းသေး ပေမယ့် တကမ္ဘာလုံး ပါဝင်မှ ရမယ်လို့ ကုလသမဂ္ဂငြိမ်းချမ်းရေးသံတမန် Jane Goodalll က ပြောပါတယ်။ လူတဦးချင်းစီရဲ့ လှုပ်ရှားမှုက အပြောင်းအလဲကို ဖြစ်စေတာကြောင့် အချိန်မနှောင်းခင် လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းပါတယ်။

XS
SM
MD
LG