သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်ရေဘေး လူပေါင်း ၆၀ ကျော်သေဆုံး


ဆူဒန်နိုင်ငံမှာ ပြင်းထန်တဲ့ မိုးရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၆၂ ဦး သေဆုံးခဲ့ပြီး အခြား လူ ၉၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆူဒန်အစိုးရရဲ့ SUNA သတင်းဌာနက တနင်္ဂနွေနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင်လကတည်းက အလွန်ကို ကြီးမားပြင်းထန်တဲ့ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့တော် ခါတွန်အပါအဝင် အနည်းဆုံး ၁၅ ပြည်နယ်က လူပေါင်း ၂၀၀,၀၀၀ နီးပါးကို ထိခိုက်ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ ဆူဒန်တောင်ပိုင်း White Nile နိုင်းလ် ပြည်နယ် ဧရိယာတဝိုက်ကတော့ အဆိုးဆုံးဖြစ်ပါတယ်။

နိုင်းလ်မြစ် ရေကြီးမှု ဆက်ပြီးရှိနေတာဟာ အကြီးမားဆုံး ပြဿနာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အရာရှိတဦးကို ကိုးကားပြီး SUNA သတင်းဌာနက ဖော်ပြထားပါတယ်။

ဆူဒန်မှာ မိုးသည်းထန်မှုကြောင့် လူပေါင်း ၅၄ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက သောကြာနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဆူဒန်အစိုးရ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးဌာနရဲ့ စာရင်းဇယားအရ အိမ်ပေါင်း ၃၇,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရေကြီးရေလျှံမှုတွေ ပိုတိုးလာနိုင်တဲ့ အြခေနေ ရှိတာောကာင့် လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်မကင်းဖြစ်ရကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

ဆူဒန်နိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေအတွက် စုစုပေါင်း ဒေါ်လာ ၁.၁ ဘီလီယံ လိုအပ်တဲ့အပြင် ရေတွေထပ်ပြီးကြီးလာနေတာကို တုံ့ပြန်ဆောင်ရွက်ဖို့ အလှူရှင်နိုင်ငံတွေဆီက နောက်ထပ် ဒေါ်လာ သန်း ၁၅၀ လိုအပ်နေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

ဆူဒန်ရေဘေး လူပေါင်း ၆၀ ကျော်သေဆုံး
please wait

No media source currently available

0:00 0:00:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG