သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်သားအစိုးရ ပေါ်ပေါက်ရေး ဆူဒန်မှာ ဆန္ဒပြဆဲ


စစ်တပ်အုပ်ချုပ်နေတဲ့ ဆူဒန်နိုင်ငံမှာ တနင်္ဂနွေနေ့က ဆန္ဒပြသူ ၅ ဦး သေဆုံးခဲ့ရပြီး အများအပြားဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆူဒန် ဆရာဝန်များ အဖွဲ့က ပြောပါတယ်။

အာဏာရှင် Omar al-Bashir ကိုစစ်တပ်က ဖြုတ်ချခဲ့ပြီး ၃လ လောက် ကြာလာချိန်မှာ အရပ်ဖက်အစိုးရ ပေါ်ပေါက်ဖို့ ဆူဒန်နိုင်ငံတလွှား သိန်းနဲ့ချီပြီး တနင်္ဂနွေနေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။ Omar al-Bashir လက်ကနေ အာဏာကို ရယူထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ အနေနဲ့ အရပ်သားတွေ အုပ်ချုပ်နိုင်အောင် လမ်းဖွင့်ပေးဖို့ တောင်းဆိုရင်း ချီတက်ဆန္ဒပြ ခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်ကြီး Abdel-Fattah Burhan နုတ်ထွက်ပေးဖို့ ကြွေးကျော်တောင်းဆိုကြတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေး တပ်တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

Khartoum က ဆန္ဒပြသူတွေရဲ့ စခန်းကို လုံခြုံရေးတပ်တွေက ဇွန်လ ၃ ရက်နေ့မှာ အကြမ်းဖက်ဖြိုခွဲခဲ့ ချိန်ကစပြီး အခု တနင်္ဂနွေနေ့မှာ ပထမအကြိမ် အဖြစ် ပြန်လည် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီဖြိုခွဲမှုတုန်းက သေဆုံးရသူ ၁၂၈ ဦး ရှိတယ်လို့ အတိုက်အခံ တွေက ပြောပေမယ့် အစိုးရကတော့ ၆၁ ဦးပဲ ရှိတယ်လို့ ပြောပါတယ်။

စစ်ဗိုလ်ချုပ်ကြီးတွေ အနေနဲ့ ဆန္ဒပြသူတွေနဲ့ ပြီးပြည့်စုံတဲ့ သဘောတူညီချက်ကို ရချင်နေတာ ဖြစ်ကြောင်း စစ်ကောင်စီ ဒုတိယ အကြီးအကဲ ဗိုလ်ချုပ်ကြီး Mohamed Hamdan Dagalo ကပြောပါတယ်။ စစ်ကောင်စီဟာ လုံးဝ ဘက်လိုက်မှု မရှိပဲ တော်လှန်ရေးအတွက် အစောင့်အရှောက်တွေသာ ဖြစ်ပြီး အငြင်းပွါးမှုမှာ မပါချင်ဘူးလို့လည်း ပြောပါတယ်။

သွေးထွက်သံယိုမှု မဖြစ်အောင်ရှောင်ရှားဖို့ အီးယူဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံ အများအပြားက ဆူဒန် စစ်ဗိုလ်ချုပ်ကြီးတွေကို တောင်းဆိုခဲ့ပါတယ်။

အရပ်သားအစိုးရ ပေါ်ပေါက်ရေး ဆူဒန်မှာ ဆန္ဒပြဆဲ
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG