သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်စစ်တပ်နဲ့ အတိုက်အခံညွှန်ပေါင်း ပြေလည်မှု ရရှိ


ဆူဒန်နိုင်ငံမှာ အာဏာခွဲဝေရေး ဒီလဆန်းပိုင်း သဘောတူညီချက် တစိတ်တပိုင်းအဖြစ် နိုင်ငံရေး ကြေညာစာတမ်း တစောင်ကို အာဏာသိမ်း စစ်ကောင်စီနဲ့ ဒီမိုကရေစီရေး ညွန့်ပေါင်းအဖွဲ့က ကိုယ်စားလှယ်တွေ ဒီကနေ့ပဲ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ကြေညာစာတမ်း တစောင်ကိုလည်း အစောဆုံး သောကြာနေ့လောက်မှာ လက်မှတ်ထိုးမယ်လို့ မျှော်လင့်ရပါတယ်။

ဆူဒန်နိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ Omar al-Bashir ကို စစ်တပ်က ဖယ်ရှားလိုက်ပြီးနောက် လနဲ့ချီ မတည်မငြိမ် အခြေအနေတွေ ကြုံခဲ့ရပြီးနောက် နိုင်ငံရေးအရ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ စတင်ခဲ့တာပါ။

အာဏာခွဲဝေရေး အစီအစဉ်မှာတော့ ရွေးကောက်ပွဲ အသစ်တွေ ကျင်းပမယ့်အချိန်အထိ ၃ နှစ်ကြာ နိုင်ငံကို အုပ်ချုပ်မယ့် ပူးတွဲကောင်စီတရပ် ဖွဲ့စည်းရေးလည်း ပါဝင်ပါတယ်။

ဇွန်လထဲမှာ စစ်တပ်က ဆန္ဒပြသူတွေကို စစ်တပ်က နှိမ်နင်းခဲ့တဲ့ ဖြစ်စဉ်ကို သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့လည်း နှစ် ဘက် သဘောတူခဲ့ကြတာပါ။

ဆန္ဒပြပွဲတွေကို နှိင်နင်းရာမှာ လူ ၆၁ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားပေမဲ့ ဆန္ဒပြပွဲ စီစဉ်သူတွေကတော့ သေဆုံးသူ ၁၂၈ ယောက်အထိ ရှိတယ်လို့လည်း ပြောဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG