သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ႏုိင္ငံတဝန္း လူေပါင္း သန္း ၂၀ ေက်ာ္ ေရေဘးဒဏ္သင့္ေန


တ႐ုတ္ႏုိင္ငံ Jiangxi ျပည္နယ္မွာ ေရေဘးေၾကာင့္ ပ်က္စီးသြားတဲ့ ေနအိမ္တလုံး။ (ဇူလုိင္ ၁၅၊ ၂၀၂၀)

(Zawgyi / Unicode)

တ႐ုတ္ႏုိင္ငံတဝန္း ျပည္နယ္ ၂၄ ခုက ေဒသေတြမွာ ဇူလိုင္လ အေစာပိုင္းကစၿပီး လူေပါင္း သန္း ၂၀ ေက်ာ္ ေရလႊမ္းမိုးမႈဒဏ္ ခံစားေနရတယ္လို႔ အေရးေပၚအေျခအေန စီမံခန္႔ခြဲေရးဌာနက ထုတ္ျပန္ထားပါတယ္။

Jiangxi, Anhui နဲ႔ Hubei ျပည္နယ္ေတြမွာ ေရႀကီးမႈေၾကာင့္ လူ ၂၃ ေယာက္ ေသဆံုး ဒါမွမဟုတ္ ေပ်ာက္ဆံုးေနၿပီး လူဦးေရ ၁.၇၆ သန္းေလာက္ကို အေရးေပၚ ေရႊ႕ေျပာင္း ကယ္ထုတ္ထားရတယ္လို႔ တ႐ုတ္အစိုးရပိုင္ CCTV သတင္းဌာနက ေျပာပါတယ္။

ေတာင္ပိုင္းက နန္က်င္းၿမိဳ႕အပါအဝင္ Anhui, Jiangxi နဲ႔ Zhejiang ျပည္နယ္ေတြမွာ မိုးအျပင္းအထန္ရြာၿပီး ျမစ္ေတြနဲ႔ ေရကန္ႀကီးေတြမွာ ေရတက္ၿပီးေတာ့ ၿမိဳ႕ေတြမွာ ေရႀကီးေနတာနဲ႔အမွ် အနီေရာင္အဆင့္ သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။

Jiangxi ျပည္နယ္က Poyang ကန္ႀကီးမွာ ေဆာက္ထားတဲ့ ဆည္သံုးခုထဲကတခု က်ဳိးေပါက္ခဲ့တာေၾကာင့္ အနီးမွာရွိတဲ့ ရြာေပါင္း ၁၅ ရြာက လူဦးေရ ၈,၀၀၀ ေက်ာ္ ေရေဘးဒဏ္သင့္ေနတယ္လုိ႔ ႏုိင္ငံပိုင္သတင္းဌာနက ေၾကညာထားပါတယ္။

အိမ္ေျခ ၈၉,၀၀၀ ေလာက္ ပ်က္စီးထားၿပီး အေမရိကန္ေဒၚလာ ၇ ဘီလီယံေလာက္အထိ စီးပြားေရးအရ တိုက္႐ိုက္ ထိခိုက္ဆံုး႐ံႈးခဲ့ၿပီ ျဖစ္ပါတယ္။

ေရလႊမ္းမိုးမႈေၾကာင့္ ေသဆံုး ေပ်ာက္ဆံုးသူ အေရအတြက္ဟာ ၿပီးခဲ့တ့ဲႏွစ္ အလားတူကာလကနဲ႔ ႏိႈင္းယွဥ္ရင္ ၅၃.၁ ရာခုိင္ႏႈန္း ေလ်ာ့နည္းေပမယ့္လည္း စီးပြားေရးအရ တိုက္႐ိုက္နစ္နာ ဆံုး႐ံႈးမႈကေတာ့ ၁၁.၂ ရာခုိင္ႏႈန္း ပိုမ်ားတယ္လုိ႔ အေရးေပၚအေျခအေန စီမံခန္႔ခြဲေရးဌာနက ေျပာပါတယ္။

တ႐ုတ္ႏုိင္ငံေတာင္ပိုင္း ေဒသအမ်ားအျပားမွာ ဇြန္လကတည္းက အဆက္မျပတ္ မိုးရြာေနတာျဖစ္ၿပီး အဲဒီေဒသေတြက ျမစ္အေတာ္မ်ားမ်ားမွာ စိုးရိမ္ေရမွတ္ထက္ ေက်ာ္လြန္ခဲ့ပါတယ္။

အိႏိၵယႏုိင္ငံ အေရွ႕ေျမာက္ပိုင္းက အာသမ္ျပည္နယ္မွာလည္း မုတ္သံုမိုး အျပင္းအထန္ရြာတာေၾကာင့္ လူ ၇၁ ေယာက္ထက္မနည္း ေသဆံုးၿပီး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈအႏၲရာယ္ ရွိေနတဲ့ၾကားမွာပဲ လူေပါင္း ၁ သန္းေက်ာ္ဟာ ျဖစ္သလို ေဆာက္ထားတဲ့ ကယ္ဆယ္ေရးစခန္းေတြမွာ ခိုလံႈေနၾကရတယ္လို႔ အိႏိၵယ ANI သတင္းဌာနကို ကိုးကားၿပီး ေသာၾကာေန႔ ႐ိုက္တာသတင္းတပုဒ္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

တရုတ်နိုင်ငံတဝန်း လူပေါင်း သန်း ၂၀ ကျော် ရေဘေးဒဏ်သင့်နေ

တရုတ်နိုင်ငံတဝန်း ပြည်နယ် ၂၄ ခုက ဒေသတွေမှာ ဇူလိုင်လ အစောပိုင်းကစပြီး လူပေါင်း သန်း ၂၀ ကျော် ရေလွှမ်းမိုးမှုဒဏ် ခံစားနေရတယ်လို့ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားပါတယ်။

Jiangxi, Anhui နဲ့ Hubei ပြည်နယ်တွေမှာ ရေကြီးမှုကြောင့် လူ ၂၃ ယောက် သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးနေပြီး လူဦးရေ ၁.၇၆ သန်းလောက်ကို အရေးပေါ် ရွှေ့ပြောင်း ကယ်ထုတ်ထားရတယ်လို့ တရုတ်အစိုးရပိုင် CCTV သတင်းဌာနက ပြောပါတယ်။

တောင်ပိုင်းက နန်ကျင်းမြို့အပါအဝင် Anhui, Jiangxi နဲ့ Zhejiang ပြည်နယ်တွေမှာ မိုးအပြင်းအထန်ရွာပြီး မြစ်တွေနဲ့ ရေကန်ကြီးတွေမှာ ရေတက်ပြီးတော့ မြို့တွေမှာ ရေကြီးနေတာနဲ့အမျှ အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Jiangxi ပြည်နယ်က Poyang ကန်ကြီးမှာ ဆောက်ထားတဲ့ ဆည်သုံးခုထဲကတခု ကျိုးပေါက်ခဲ့တာကြောင့် အနီးမှာရှိတဲ့ ရွာပေါင်း ၁၅ ရွာက လူဦးရေ ၈,၀၀၀ ကျော် ရေဘေးဒဏ်သင့်နေတယ်လို့ နိုင်ငံပိုင်သတင်းဌာနက ကြေညာထားပါတယ်။

အိမ်ခြေ ၈၉,၀၀၀ လောက် ပျက်စီးထားပြီး အမေရိကန်ဒေါ်လာ ၇ ဘီလီယံလောက်အထိ စီးပွားရေးအရ တိုက်ရိုက် ထိခိုက်ဆုံးရှုံးခဲ့ပြီ ဖြစ်ပါတယ်။

ရေလွှမ်းမိုးမှုကြောင့် သေဆုံး ပျောက်ဆုံးသူ အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ် အလားတူကာလကနဲ့ နှိုင်းယှဉ်ရင် ၅၃.၁ ရာခိုင်နှုန်း လျော့နည်းပေမယ့်လည်း စီးပွားရေးအရ တိုက်ရိုက်နစ်နာ ဆုံးရှုံးမှုကတော့ ၁၁.၂ ရာခိုင်နှုန်း ပိုများတယ်လို့ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း ဒေသအများအပြားမှာ ဇွန်လကတည်းက အဆက်မပြတ် မိုးရွာနေတာဖြစ်ပြီး အဲဒီဒေသတွေက မြစ်အတော်များများမှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသမ်ပြည်နယ်မှာလည်း မုတ်သုံမိုး အပြင်းအထန်ရွာတာကြောင့် လူ ၇၁ ယောက်ထက်မနည်း သေဆုံးပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ် ရှိနေတဲ့ကြားမှာပဲ လူပေါင်း ၁ သန်းကျော်ဟာ ဖြစ်သလို ဆောက်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ အိန္ဒိယ ANI သတင်းဌာနကို ကိုးကားပြီး သောကြာနေ့ ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG