(Zawgyi/Unicode)
ဂ်ပန္နိုင္ငံအလယ္ပိုင္းနဲ႔ အေနာက္ေတာင္ပိုင္း ေဒသေတြမွာ မိုးသည္းထန္ၿပီး ေရႀကီး၊ ေျမၿပိဳတာေတြျဖစ္ခဲ့တဲ့ အတြက္ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြကို ကယ္ဆယ္ဖို႔ စစ္တပ္နဲ႔ ရွာေဖြကယ္ဆယ္ေရး အဖြဲ႕ေတြ မေန႔က ေဆာင္ရြက္ေနပါတယ္။ ေျမၿပိဳတာေၾကာင့္ လူေပါင္း ဒါဇင္နဲ႔ ခ်ီ ေသဆုံးခဲ့ၿပီး ပ်က္စီးဆုံးရႈံးမႈေတြလည္း အမ်ားအျပားရွိေနတာပါ။
ေျမၿပိဳၿပီးလမ္းေတြ ေရလၽွံ၊ ပ်က္စီးေနတာေၾကာင့္ မိသားစု ၃၀၀၀ ေက်ာ္ေလာက္ကိုကယ္ဆယ္ဖို႔ ေႏွာင့္ေႏွးေနရေၾကာင္းလည္း မီးသတ္ နဲ႔သဘာဝေဘးအႏၲရာယ္ စီမံခန္႔ခြဲေရးဌာနက ေျပာပါတယ္။ အထူးသျဖင့္ ႐ုတ္တရက္ မိုးႀကီးမယ္လို႔ ခန္႔မွန္းထား တဲ့ Kumamoto ျပည္နယ္မွာ ေရေဘး အႏၲရာယ္ အဆိုးဆုံး ၾကဳံေနရတာလည္း ျဖစ္ပါတယ္။
ကယ္ဆယ္ေရးလုပ္ငန္းအတြက္ ဂ်ပန္တပ္သားေတြ ေစလႊတ္ဖို႔ ျပင္ဆင္ထားဖို႔လည္း ဂ်ပန္ ဝန္ႀကီးခ်ဳပ္ Shinzo Abe က ေျပာပါတယ္။
“မုန္တိုင္းသင့္ ေဒသခံေတြ အေနနဲ႔ နိုးနိုးၾကားၾကားဆက္ၿပီး ရွိေနဖို႔ လိုပါတယ္။ ဂ်ပန္ ကာကြယ္ေရး တပ္ဖြဲ႕ေတြကို ၁ ေသာင္းကို လည္း အဆင့္သင့္ ျပင္ဆင္ထားၿပီး ကယ္ဆယ္ေရး လုပ္ငန္းေတြ အျမန္ဆုံး လုပ္ေဆာင္ပါ”လို႔ ဝန္ႀကီးခ်ဳပ္ Shinzo Abe က မေန႔က သဘာဝ ေဘးအႏၲရာယ္ စီမံခန္႔ခြဲေရးအဖြဲ႕ အစည္းအေဝးမွာ ေျပာပါတယ္။
ဒါ့အျပင့္ Kumamoto ၊ Oitaနဲ႔ Gifuအပါအဝင္ ျပည္နယ္ ၈ခုမွာ ရဲတပ္ဖြဲ႕ဝင္ေတြ၊ မီးသတ္သမားေတြ၊ကမ္းေျခေစာင့္တပ္ဖြဲ႕ေတြနဲ႔ ကာကြယ္ေရး တပ္ဖြဲ႕ဝင္ စုစုေပါင္း အင္အား ၁ သိန္း ၃ ေသာင္းေက်ာ္ေလာက္နဲ႔ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြလုပ္ေနတယ္လို႔လည္း သူက ေျပာပါတယ္။
စေနေန႔ကစလို႔ မိုးသက္မုန္တိုင္းဒဏ္ခံရတဲ့ ေဒသတဝိုက္ အနည္းဆုံး လူ၆၀ေလာက္ေသဆုံးခဲ့ရၿပီလို႔ အာဏာပိုင္ေတြက ေျပာပါတယ္။
အခုထိေတာ့ Kumamotoခရိုင္ေဒသက Kuma ျမစ္အပါအဝင္ ျမစ္ ၅၉ ခုမွာ ျမစ္ေရလၽွံေနၿပီး ေဒသ ၂၃ ခုမွာ ေျမၿပိဳမႈေပါင္း ၁၇၉ ခု ျဖစ္ပြားခဲ့ပါတယ္။
ေနရာ အေတာ္မ်ားမ်ားမွာ လာမယ့္ တနဂၤေႏြေန႔အထိ မိုးသည္းသည္းထန္ထန္ရြာဉီးမယ္လို႔ မိုးေလဝသဌာနက ခန္႔မွန္းထားၿပီး ေျမၿပိဳတာ ေတြနဲ႔ ေျမနိမ့္ေဒသပိုင္းေတြမွာ ေရႀကီး ေရလၽွံနိုင္တယ္လို႔ သတိေပးထားပါတယ္။
..................
ဂျပန်မြေပြိုမှု လူဒါဇင်ချီသေဆုံး
(Unicode)
ဂျပန်နိုင်ငံအလယ်ပိုင်းနဲ့ အနောက်တောင်ပိုင်း ဒေသတွေမှာ မိုးသည်းထန်ပြီး ရေကြီး၊ မြေပြိုတာတွေဖြစ်ခဲ့တဲ့ အတွက် ထောင်နဲ့ချီတဲ့ ဒေသခံတွေကို ကယ်ဆယ်ဖို့ စစ်တပ်နဲ့ ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေ မနေ့က ဆောင်ရွက်နေပါတယ်။ မြေပြိုတာကြောင့် လူပေါင်း ဒါဇင်နဲ့ ချီ သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေလည်း အများအပြားရှိနေတာပါ။
မြေပြိုပြီးလမ်းတွေ ရေလျှံ၊ ပျက်စီးနေတာကြောင့် မိသားစု ၃၀၀၀ ကျော်လောက်ကိုကယ်ဆယ်ဖို့ နှောင့်နှေးနေရကြောင်းလည်း မီးသတ် နဲ့သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။ အထူးသဖြင့် ရုတ်တရက် မိုးကြီးမယ်လို့ ခန့်မှန်းထား တဲ့ Kumamoto ပြည်နယ်မှာ ရေဘေး အန္တရာယ် အဆိုးဆုံး ကြုံနေရတာလည်း ဖြစ်ပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းအတွက် ဂျပန်တပ်သားတွေ စေလွှတ်ဖို့ ပြင်ဆင်ထားဖို့လည်း ဂျပန် ဝန်ကြီးချုပ် Shinzo Abe က ပြောပါတယ်။
“မုန်တိုင်းသင့် ဒေသခံတွေ အနေနဲ့ နိုးနိုးကြားကြားဆက်ပြီး ရှိနေဖို့ လိုပါတယ်။ ဂျပန် ကာကွယ်ရေး တပ်ဖွဲ့တွေကို ၁ သောင်းကို လည်း အဆင့်သင့် ပြင်ဆင်ထားပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ အမြန်ဆုံး လုပ်ဆောင်ပါ”လို့ ဝန်ကြီးချုပ် Shinzo Abe က မနေ့က သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။
ဒါ့အပြင့် Kumamoto ၊ Oitaနဲ့ Gifuအပါအဝင် ပြည်နယ် ၈ခုမှာ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်သမားတွေ၊ကမ်းခြေစောင့်တပ်ဖွဲ့တွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၁ သိန်း ၃ သောင်းကျော်လောက်နဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတယ်လို့လည်း သူက ပြောပါတယ်။
စနေနေ့ကစလို့ မိုးသက်မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတဝိုက် အနည်းဆုံး လူ၆၀လောက်သေဆုံးခဲ့ရပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။
အခုထိတော့ Kumamotoခရိုင်ဒေသက Kuma မြစ်အပါအဝင် မြစ် ၅၉ ခုမှာ မြစ်ရေလျှံနေပြီး ဒေသ ၂၃ ခုမှာ မြေပြိုမှုပေါင်း ၁၇၉ ခု ဖြစ်ပွားခဲ့ပါတယ်။
နေရာ အတော်များများမှာ လာမယ့် တနင်္ဂနွေနေ့အထိ မိုးသည်းသည်းထန်ထန်ရွာဉီးမယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပြီး မြေပြိုတာ တွေနဲ့ မြေနိမ့်ဒေသပိုင်းတွေမှာ ရေကြီး ရေလျှံနိုင်တယ်လို့ သတိပေးထားပါတယ်။