သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကြောင့်စီးပွားထိခိုက်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဂျပန်ကူညီမည်


ဂျပန် ဝန်ကြီးချုပ် Shinzo Abe
ဂျပန် ဝန်ကြီးချုပ် Shinzo Abe

Zawgyi/Unicode

ကိုရိုနာဗိုင်းရပ် ကပ်ရောဂါတိုက်ဖျက်ရေးနဲ့ စီးပွားရေး ထိခိုက်နေတာတွေမှာ အထောက်အကူဖြစ်စေဖို့ ဖွံဖြိုးဆဲနိုင်ငံတွေကို ဆေးဘက် ဆိုင်ရာပစ္စည်းနဲ့ ငွေကြေး အကူအညီတွေပေးအပ်သွားဖို့ ကမ်းလှမ်းသွားမယ်လို့ ဂျပန် ဝန်ကြီးချုပ် Shinzo Abe က ကြာသပတေးနေ့က ပြောလိုက်ပါ တယ်။

“ဂျပန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ ဖွံဖြိုးဆဲနိုင်ငံတွေကို ဆေးဘက်ဆိုင်ရာပစ္စည်းတွေနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အကူအညီတွေပေးသွားပါမယ်။ စီးပွါးရေးလုပ်ငန်း ပုံမှန် လည်ပတ်နိုင်ရေးနဲ့ ပြန်လည်နာလန်ထူဖို့ အထောက်အကူ ဖြစ်စေမယ့် ဂျပန်ယန်းငွေ အရေးပေါ် ချေးငွေတွေလည်းပေးပါမယ်” - လို့ ဂျပန်ဝန်ကြီးချုပ် Abe က ပြောတာပါ။

တူရကီ သမ္မတ Recep Tayyip Erdogan တက်ရောက်ခဲ့တဲ့ အစ္စတန်ဘူမြို့ ဆေးရုံဖွင့်ပွဲအတွက် ဝန်ကြီးချုပ် Abe ကဗွီဒီယိုကတဆင့် ပြောတဲ့ မိန့်ခွန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အကူအညီ ပေးမယ့်အကြောင်း အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် COVID-19 ရောဂါကုသဖို့တူရကီကို တုပ်ကွေးရောဂါ ကုသနိုင်တဲ့ Avigan ဆေးတွေ လှူဒါန်းမယ်လို့ ဝန်ကြီးချုပ် Abe က ပြောပါတယ်။

တရုတ်နိုင်ငံမှာ COVID-19 ရောဂါလက္ခဏာ သိပ်မပြင်းထန်သူတွေနဲ့ ရောဂါလက္ခဏာလုံး၀ မပြတဲ့ သူတွေ Avigan ဆေးကို အသုံးပြုပြီး ကုသတာအခြေအနေကောင်းမွန်တာကို တွေ့ရတယ်လို့ တရုတ်တာဝန်ရှိသူတွေက ပြောတဲ့နောက်ပိုင်း ဒီဆေးကို စိတ်ဝင်စားလာကြတာပါ။ အခုလက်ရှိ ကမ္ဘာ့နေရာ ၁၆ နေရာမှာ ဒီဆေးကို စမ်းသပ် သုံးစွဲနေကြပါတယ်။

ဂျပန်နိုင်ငံက ဆေးရုံတွေမှာ COVID-19 လူနာတွေ ကို Avigan ဆေးနဲ့ကုသရာမှာ ရလဒ်တွေက မရေမရာ ရှိနေဆဲဖြစ်ပေမဲ့ရရှိတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံပြီး ဒီဆေးကို ဂျပန်အစိုးရက မေလကုန် ပိုင်းမှာ ခွင့်ပြုမပြု ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

[Unicode]







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG