သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တရုတ်ပင်လယ်ပြင်မှာ တရုတ်ကမ်းခြေစောင့်တပ်ကို ဂျပန် သတိပေး


တရုတ် ကမ်းခြေစောင့်တပ်သင်္ဘော တစင်း။ (ဧပြီ ၆၊ ၂၀၁၇)
တရုတ် ကမ်းခြေစောင့်တပ်သင်္ဘော တစင်း။ (ဧပြီ ၆၊ ၂၀၁၇)

(Zawgyi / Unicode)

အရှေ့တရုတ်ပင်လယ်ပြင်အတွင်း အငြင်းပွားနေတဲ့ ကျွန်းအနီးမှာ တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့က သင်္ဘော ၂ စင်းက ဂျပန် ငါးဖမ်းသင်္ဘောတစင်းနောက်ကို အမီလိုက်ဖမ်းတဲ့အတွက် ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့က သတိပေးခဲ့ရကြောင်းနဲ့ အဲဒီကိစ္စအတွက် တရုတ်နိုင်ငံကို ကန့်ကွက်ထားကြောင်း ဂျပန်နိုင်ငံက ပြောပါတယ်။

သောကြာနေ့က အဲဒီ တရုတ်သင်္ဘောအုပ်စုဟာ ဂျပန် ငါးဖမ်းသင်္ဘော တစင်းနောက်ကို အမီလိုက်နေချိန်မှာ အခုလို သတိပေးခဲ့ရတာလို့လည်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က စနေနေ့က ပြောပါတယ်။

ဒေသအခေါ် SENKAKU ဖြစ်သလို DIAOYU ကျွန်းလို့လည်း ခေါ်တဲ့ လူမနေတဲ့ ကျွန်းအနီးက ရေပြင်မှာ ဖြစ်ပွားခဲ့တာလို့လည်း SOUTH CHINA MORNING POST သတင်းစာမှာ ဖော်ပြထားပါတယ်။

ဂျပန်ငါးဖမ်းသင်္ဘောနောက်ကို တရုတ်သင်္ဘောတွေ အမီလိုက်နေချိန် မိနစ် ၅၀ အကြာမှာ ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့တွေကို စေလွှတ်ပြီး ရေဒီယိုကတဆင့် သတိပေးခဲ့ရကြောင်းနဲ့ အဲ့ဒီနောက်မှာ တရုတ်သင်္ဘောတွေ ထွက်ခွာသွားခဲ့ကြောင်း NAHA မြို့က ဒေသဆိုင်ရာ ဂျပန်ကမ်းခြေစောင့် ဌာနချုပ်ကို ကိုးကားပြီး JIJI သတင်းဌာနက ပြောပါတယ်။

ဂျပန်ငါးဖမ်းသင်္ဘာပေါ်မှာ ငါးဖမ်းသမား ၃ ဦးပါပြီး ဘယ်သူမှ ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့လည်း ပြောပါတယ်။

သောကြာနေ့ အစောပိုင်းကတော့ တရုတ် ကမ်းရိုးတန်းအစောင့်တပ်ဖွဲ့က သူတို့ရဲ့ သင်္ဘောတွေ DIAOYU ကျွန်းအနား ကင်းလှည့်ခဲ့တယ်လို့ WEIBO တရုတ် လူမှုမီဒီယာမှာ ရေးထားခဲ့ပါတယ်။

တရုတ်အရှေ့ပင်လယ်ထဲက လူသူမနေပေမယ့် သဘာဝအရင်းအမြစ် ကြွယ်ဝတဲ့ အဲဒီကျွန်း ပိုင်ဆိုင်မှုအပေါ် ဂျပန်နဲ့ တရုတ်နိုင်ငံတို့အကြား ဆယ်စုနှစ်နဲ့ချီ အငြင်းပွားနေခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)









XS
SM
MD
LG