(Zawgyi/Unicode)
COVID-19 လူနာေတြကို ကုသရာမွာ Remdesivir ေဆးဝါးကို အသုံးျပဳၿပီး ကုသေပးဖို႔ ဂ်ပန္ အစိုးရက ခြင့္ျပဳလိုက္ၿပီျဖစ္ပါတယ္။ ဒါဟာ ပုံမွန္အဆင့္ေတြကို ေက်ာ္လြန္ၿပီး ၄ ရက္အတြင္း က်န္းမာေရး၊ အလုပ္သမားနဲ႔ လူမႈဖူလုံေရး ဝန္ႀကီးဌာနက အျမန္ ဆုံးျဖတ္အတည္ျပဳ ခြင့္ျပဳလိုက္တာျဖစ္တယ္လို႔ အစိုးရအဖြဲ႕ အတြင္းဝန္ခ်ဳပ္ Yoshihide Suga က ေသာၾကာေန႔က ေျပာပါတယ္။
ေလာေလာဆယ္ေတာ့ ဒီေဆးကို ထုတ္လုပ္တဲ့အေမရိကန္အေျခစိုက္ Gilead Sciences ကုမၸဏီက ေဆးကို အေရ အတြက္အကန္႔အသတ္နဲ႔ပဲ ေပးမွာျဖစ္လို႔ အေရးေပၚ လူနာေတြအတြက္ ဦးစားေပး အသုံးျပဳမယ္လို႔လည္း သူကေျပာပါတယ္။
ဂ်ပန္နိုင္ငံအေနနဲ႔လည္း ေဆးဝါး အေျမာက္အမ်ားထုတ္လုပ္နိုင္ဖို႔ Gilead Sciences ေဆးကုမၼဏီနဲ႔ ပူးေပါင္းလုပ္ေဆာင္ေနၿပီး လိုအပ္တဲ့လူနာတိုင္းကို ဒီေဆးနဲ႔ကုသနိုင္ဖို႔လုပ္ေနတယ္လို႔လည္း အတြင္းဝန္ခ်ဳပ္ Yoshihide Suga ကေျပာပါတယ္။
အေမရိကန္မွာ COVID-19 အတည္ျပဳလူနာေတြကို Remdesivir ေဆးနဲ႔ စမ္းသပ္ကုသ ေပ်ာက္ကင္းတာကို ေတြ႕ရတဲ့အတြက္ အေမရိကန္ အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရးဌာန FDA က ၿပီးခဲ့တဲ့ သီတင္းပတ္တြင္းက ဒီေဆးကို အေရးေပၚ အတည္ျပဳေပးၿပီးေနာက္မွာ ဂ်ပန္ အစိုးရက အခုလို ဆုံးျဖတ္ခဲ့တာပါ။ COVID-19 အတည္ျပဳလူနာေတြအတြက္ Remdesivir ေဆးကို အသုံးျပဳဖို႔ တရားဝင္အတည္ျပဳ ထားတာ အခုထိ အေမရိကန္နဲ႔ ဂ်ပန္ ႏွစ္နိုင္ငံပဲရွိပါေသးတယ္။
Gilead Sciences ကုမၸဏီရဲ့ ေၾကညာခ်က္မွာေတာ့ အေမရိကန္ အမ်ိဳးသား က်န္းမာေရးသိပၸံဌာန ရဲ့စမ္းသပ္ခ်က္ေတြ ေအာင္ျမင္မႈအေပၚ အေျခခံၿပီး ဂ်ပန္အစိုးရက အခုလို ခပ္ျမန္ျမန္ ဆုံးျဖတ္ခဲ့တာလို႔ ေဖာ္ျပထားပါတယ္။ ဒီေဆးက ေရာဂါကို လုံးဝႀကီးေပ်ာက္ကင္းသြားဖို႔ မဟုတ္ေပမဲ့ ေရာဂါလကၡဏာေတြကို သက္သာေလ်ာ့ပါးေစတာေတြ႕ရတယ္လို႔ အေမရိကန္ အမ်ိဳးသား က်န္းမာေရးသိပၸံ ကူးစက္ေရာဂါဆိုင္ရာ ထိပ္တန္း ကၽြမ္းက်င္ ပညာရွင္ DR. Anthony Fauci က ေျပာထားတာပါ။
ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ဂ်ပန္နိုင္ငံမွာ အေရးေပၚအေျခအေန ေၾကညာထားရတာကို ေမလကုန္ထိ ထပ္တိုးထားေပမဲ့ အသြားအလာေတြကိုေတာ့ သိပ္ၿပီးတင္းၾကပ္မထားပါဘူး။ အခုအခ်ိန္ထိ ေရာဂါကူးစက္ခံထားရသူ ၁၅၅၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၅၈၀ ေက်ာ္ရွိေနပါတယ္။
.................
Remdesivir ဆေးနဲ့ ကိုဗစ်လူနာတွေကုသဖို့ ဂျပန်အတည်ပြု
(Unicode)
COVID-19 လူနာတွေကို ကုသရာမှာ Remdesivir ဆေးဝါးကို အသုံးပြုပြီး ကုသပေးဖို့ ဂျပန် အစိုးရက ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒါဟာ ပုံမှန်အဆင့်တွေကို ကျော်လွန်ပြီး ၄ ရက်အတွင်း ကျန်းမာရေး၊ အလုပ်သမားနဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာနက အမြန် ဆုံးဖြတ်အတည်ပြု ခွင့်ပြုလိုက်တာဖြစ်တယ်လို့ အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Yoshihide Suga က သောကြာနေ့က ပြောပါတယ်။ လောလောဆယ်တော့ ဒီဆေးကို ထုတ်လုပ်တဲ့အမေရိကန်အခြေစိုက် Gilead Sciences ကုမ္ပဏီက ဆေးကို အရေ အတွက်အကန့်အသတ်နဲ့ပဲ ပေးမှာဖြစ်လို့ အရေးပေါ် လူနာတွေအတွက် ဦးစားပေး အသုံးပြုမယ်လို့လည်း သူကပြောပါတယ်။
ဂျပန်နိုင်ငံအနေနဲ့လည်း ဆေးဝါး အမြောက်အများထုတ်လုပ်နိုင်ဖို့ Gilead Sciences ဆေးကုမ္မဏီနဲ့ ပူးပေါင်းလုပ်ဆောင်နေပြီး လိုအပ်တဲ့လူနာတိုင်းကို ဒီဆေးနဲ့ကုသနိုင်ဖို့လုပ်နေတယ်လို့လည်း အတွင်းဝန်ချုပ် Yoshihide Suga ကပြောပါတယ်။
အမေရိကန်မှာ COVID-19 အတည်ပြုလူနာတွေကို Remdesivir ဆေးနဲ့ စမ်းသပ်ကုသ ပျောက်ကင်းတာကို တွေ့ရတဲ့အတွက် အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန FDA က ပြီးခဲ့တဲ့ သီတင်းပတ်တွင်းက ဒီဆေးကို အရေးပေါ် အတည်ပြုပေးပြီးနောက်မှာ ဂျပန် အစိုးရက အခုလို ဆုံးဖြတ်ခဲ့တာပါ။ COVID-19 အတည်ပြုလူနာတွေအတွက် Remdesivir ဆေးကို အသုံးပြုဖို့ တရားဝင်အတည်ပြု ထားတာ အခုထိ အမေရိကန်နဲ့ ဂျပန် နှစ်နိုင်ငံပဲရှိပါသေးတယ်။
Gilead Sciences ကုမ္ပဏီရဲ့ ကြေညာချက်မှာတော့ အမေရိကန် အမျိုးသား ကျန်းမာရေးသိပ္ပံဌာန ရဲ့စမ်းသပ်ချက်တွေ အောင်မြင်မှုအပေါ် အခြေခံပြီး ဂျပန်အစိုးရက အခုလို ခပ်မြန်မြန် ဆုံးဖြတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။ ဒီဆေးက ရောဂါကို လုံးဝကြီးပျောက်ကင်းသွားဖို့ မဟုတ်ပေမဲ့ ရောဂါလက္ခဏာတွေကို သက်သာလျော့ပါးစေတာတွေ့ရတယ်လို့ အမေရိကန် အမျိုးသား ကျန်းမာရေးသိပ္ပံ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်း ကျွမ်းကျင် ပညာရှင် DR. Anthony Fauci က ပြောထားတာပါ။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဂျပန်နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာထားရတာကို မေလကုန်ထိ ထပ်တိုးထားပေမဲ့ အသွားအလာတွေကိုတော့ သိပ်ပြီးတင်းကြပ်မထားပါဘူး။ အခုအချိန်ထိ ရောဂါကူးစက်ခံထားရသူ ၁၅၅၀၀ ကျော်နဲ့ သေဆုံးသူ ၅၈၀ ကျော်ရှိနေပါတယ်။