သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ရဲ႕ COVID-19 ကုထံုး


နယူးေယာက္ရွိ Brooklyn ေဆး႐ုံတြင္ COVID-19 စမ္းသပ္စစ္ေဆးေနသည့္ က်န္းမာေရးဝန္ထမ္းတဦး။ (မတ္ ၂၆၊ ၂၀၂၀)

(Zawgyi / Unicode)

ကမၻာေပၚမွာ COVID-19 ေရာဂါေၾကာင့္ ေသဆုံးရသူ ၂၃၀၀၀ ေက်ာ္ ရွိလာတာနဲ႔အတူ ဒီေရာဂါ ကုသႏုိင္ဖုိ႔အတြက္ တျခားေရာဂါေတြ ကုသရာမွာ သုံးေနတဲ့ ရွိၿပီးသားေဆးေတြ အေပၚမွာ အာ႐ုံစုိက္ၿပီး အားထုတ္မႈေတြလည္း အရွိန္ျမင့္လာေနပါတယ္။ ဒီေရာဂါကုိ ကုသႏုိင္မယ့္ လမ္းေၾကာင္းသုံးသြယ္ကို အဓိက စမ္းသပ္ေနၾကတာပါ။ ကို႐ုိနာဗုိင္းရပ္စ္ပုိးကုိ သတ္ပစ္ႏုိင္မယ့္နည္းလမ္း၊ ဒီဗုိင္းရပ္စ္ရဲ႕ လူေသေစႏုိင္တဲ့ စြမ္းရည္ကုိ ေလွ်ာ့ခ်ပစ္ႏုိင္မယ့္ နည္းလမ္းနဲ႔ လူနာရဲ႕ ကုိယ္ခံစြမ္းအား Immune System ကုိ ျမႇင့္တင္မယ္ဆုိတဲ့ နည္းလမ္းသုံးသြယ္ပဲ ျဖစ္ပါတယ္။ ဗြီအိုေအသတင္းေထာက္ Brian Padden ရဲ႕ သတင္းလႊာကို ဦးေက်ာ္ဇံသာ တင္ဆက္ေပးထားပါတယ္။

ကူးစက္ၿပီး ပထမအဆင့္ေတြမွာ ကုိ႐ုိနာဗုိင္းရပ္စ္ပုိးကို သတ္ပစ္ႏုိင္ဖုိ႔အတြက္ ငွက္ဖ်ားေရာဂါ ကာကြယ္ေရးအတြက္ အသုံးျပဳေနတဲ့ Chloroquine နဲ႔ Hydroxychloroquine တုိ႔ကုိ စမ္းသပ္ေနၾကပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး George Washington တကၠသိုလ္က ေဒါက္တာ Hana Akselrod က Skype ကေနတဆင့္ အခုလိုေျပာျပပါတယ္။

“ဒီေဆးဟာ ရွိေနတဲ့ဆဲလ္ထဲ ဗုိင္းရပ္စ္ပုိး ဝင္ေရာက္ႏုိင္မႈကုိ ဟန္႔တားၿပီး ရွိေနတဲ့ ဆဲလ္က ဗုိင္းရပ္စ္ကုိ လက္မခံႏုိင္ေလာက္ေအာင္ ျဖစ္ေစပါတယ္။ ဆဲလ္ကုိ မထိခုိက္ေစဘူးဆုိရင္ ဒီဗုိင္းရပ္စ္ဟာ ထပ္ၿပီး မပြားႏုိင္ေတာ့ပါဘူး။”

Chloroquine ဟာ သမၼတ Donald Trump က Game Changer တကယ့္ အေျပာင္းအလဲ ျဖစ္ေစႏုိင္မယ့္ေဆးလုိ႔ ေခၚေဝၚထားေပမယ့္ သိပၸံပညာရွင္ေတြကေတာ့ စမ္းသပ္မႈေတြ ပိုလုပ္ရဦးမယ္လို႔ ထိန္းထိန္းသိမ္းသိမ္း ေျပာေနၾကသလုိ အဆိပ္ျဖစ္ေစတယ္ ဆုိတာကိုလည္း သတိေပးေနၾကပါတယ္။

ေနာက္ေဆးတမ်ဳိးကေတာ့ Remdesivir ေဆး ျဖစ္ပါတယ္။ အီဘုိလာေရာဂါ ကုသရာမွာ ထိေရာက္မႈရွိခဲ့ၿပီး ကို႐ိုနာဗုိင္းရပ္စ္အတြက္လည္း အလားအလာ ေကာင္းပါတယ္။ ကိုယ္ခႏၶာထဲက ဆဲလ္ေတြထဲ ဗုိင္းရပ္စ္ပုိး ဝင္ေရာက္မႈနဲ႔ ထပ္မံတုိးပြားမႈကုိ ဟန္႔တားႏုိင္ပါတယ္။

ကုိ႐ုိနာဗုိင္းရပ္စ္ ေရာဂါလကၡဏာေတြကုိ ကုသဖုိ႔ စမ္းသပ္ေနၾကတဲ့ ေဆးေတြထဲမွာ အဆစ္အျမစ္ ေရာင္ရမ္းကုိက္ခဲမႈ Rheumatoid Arthritis ကုိ ကုသရာမွာသုံးတဲ့ Kevzara ေဆးလည္း ပါဝင္ပါတယ္။ ဒီေဆးဟာ အသက္႐ွဴက်ပ္လို႔ ေသမေလာက္ျဖစ္ေနတဲ့ အခ်ိန္မွာ အဆုတ္ေရာင္ရမ္းမႈကို ေလ်ာ့က်ေစၿပီး သက္သာရာ ရေစႏုိင္တဲ့ေဆး ျဖစ္ပါတယ္။ ေဒါက္တာ Akselrod က အခုလိုေျပာပါတယ္။

“အသက္႐ွဴလမ္းေၾကာင္းထဲ ပုိးဝင္ေနတာကုိ ခုခံ တုံ႔ျပန္ရာမွာ ဒီေဆးဟာ အေထာက္အကူ ျဖစ္ႏုိင္ပါတယ္။”

ဒီေဆးေတြရဲ႕ ထိေရာက္မႈနဲ႔ ေဘးထြက္အႏၱရာယ္ ဘယ္ေလာက္ဆုိးသလဲ ဆုိတာေတြကို အႀကီးအက်ယ္ စမ္းသပ္ေနၾကတာပါ။ Convalescent plasma ဆုိတဲ့ စမ္းသပ္မႈေတြကိုလည္း အေမရိကန္ျပည္ေထာင္စုမွာ ျပဳလုပ္ေနၾကပါတယ္။ ဒီနည္းကေတာ့ ကုိ႐ိုနာဗုိင္းရပ္စ္ေရာဂါ ကူးစက္မႈက ေကာင္းမြန္စြာ သက္သာၿပီး နာလန္ထလာသူေတြဆီက ေသြးရည္ၾကည္ကုိ ထုတ္ယူၿပီးေတာ့ နာမက်န္းတဲ့ သူေတြဆီကို ထုိးႏံွေပးတဲ့နည္း ျဖစ္ပါတယ္။

Johns Hopkins တကၠသိုလ္က ေဒါက္တာ Shmuel Shoham က အခုလိုေျပာပါတယ္။

“က်ေနာ္တို႔ လုပ္ေနတာက သိပ္ႀကီးႀကီးက်ယ္က်ယ္ေတာ့ မဟုတ္ပါဘူး။ ပဋိဇီဝေဆးေတြ မရွိခင္တုန္းက လူေတြဆီက ထုတ္ယူၿပီး ေျဖရွင္းေနၾကတဲ့ နည္းပါပဲ။”

ဒါေပမယ့္ ဒီေသြးရည္ၾကည္ကို ေျပာင္းလဲတဲ့နည္းကေတာ့ ေရာဂါျပင္းထန္သူေတြအတြက္ မသုံးဘဲ ကာကြယ္ေဆးအျဖစ္နဲ႔၊ ေနာက္တခါ ကူးစက္ခံရၿပီး အေစာပုိင္း ပထမအဆင့္မွာပဲ သုံးဖုိ႔ စမ္းသပ္သူ ဆရာဝန္ေတြက ေျပာထားၾကပါတယ္။

ကုိ႐ိုနာဗုိင္းရပ္စ္ ကာကြယ္ေရး ထုိးေဆးရရွိႏုိင္ဖုိ႔ တႏွစ္ေက်ာ္ ၾကာႏုိင္ေသးသလို ထိေရာက္တဲ့ ကုသေဆး ဒါမွမဟုတ္ ကုထုံး ေတြ႔ရွိႏုိင္ဖို႔အတြက္လည္း လနဲ႔ခ်ီ ၾကာျမင့္ႏုိင္တယ္လုိ႔ ကူးစက္ေရာဂါ ပါရဂူေတြက ေျပာေနၾကပါတယ္။

အေမရိကန္ရဲ႕ COVID-19 ကုထံုး
please wait

No media source currently available

0:00 0:03:40 0:00
တိုက္႐ိုက္ လင့္ခ္

----------------------------------

(Unicode)

အမေရိကန်ရဲ့ COVID-19 ကုထုံး

ကမ္ဘာပေါ်မှာ COVID-19 ရောဂါကြောင့် သေဆုံးရသူ ၂၃၀၀၀ ကျော် ရှိလာတာနဲ့အတူ ဒီရောဂါ ကုသနိုင်ဖို့အတွက် တခြားရောဂါတွေ ကုသရာမှာ သုံးနေတဲ့ ရှိပြီးသားဆေးတွေ အပေါ်မှာ အာရုံစိုက်ပြီး အားထုတ်မှုတွေလည်း အရှိန်မြင့်လာနေပါတယ်။ ဒီရောဂါကို ကုသနိုင်မယ့် လမ်းကြောင်းသုံးသွယ်ကို အဓိက စမ်းသပ်နေကြတာပါ။ ကိုရိုနာဗိုင်းရပ်စ်ပိုးကို သတ်ပစ်နိုင်မယ့်နည်းလမ်း၊ ဒီဗိုင်းရပ်စ်ရဲ့ လူသေစေနိုင်တဲ့ စွမ်းရည်ကို လျှော့ချပစ်နိုင်မယ့် နည်းလမ်းနဲ့ လူနာရဲ့ ကိုယ်ခံစွမ်းအား Immune System ကို မြှင့်တင်မယ်ဆိုတဲ့ နည်းလမ်းသုံးသွယ်ပဲ ဖြစ်ပါတယ်။ ဗွီအိုအေသတင်းထောက် Brian Padden ရဲ့ သတင်းလွှာကို ဦးကျော်ဇံသာ တင်ဆက်ပေးထားပါတယ်။

ကူးစက်ပြီး ပထမအဆင့်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကို သတ်ပစ်နိုင်ဖို့အတွက် ငှက်ဖျားရောဂါ ကာကွယ်ရေးအတွက် အသုံးပြုနေတဲ့ Chloroquine နဲ့ Hydroxychloroquine တို့ကို စမ်းသပ်နေကြပါတယ်။

ဒါနဲ့ပတ်သက်ပြီး George Washington တက္ကသိုလ်က ဒေါက်တာ Hana Akselrod က Skype ကနေတဆင့် အခုလိုပြောပြပါတယ်။

“ဒီဆေးဟာ ရှိနေတဲ့ဆဲလ်ထဲ ဗိုင်းရပ်စ်ပိုး ဝင်ရောက်နိုင်မှုကို ဟန့်တားပြီး ရှိနေတဲ့ ဆဲလ်က ဗိုင်းရပ်စ်ကို လက်မခံနိုင်လောက်အောင် ဖြစ်စေပါတယ်။ ဆဲလ်ကို မထိခိုက်စေဘူးဆိုရင် ဒီဗိုင်းရပ်စ်ဟာ ထပ်ပြီး မပွားနိုင်တော့ပါဘူး။”

Chloroquine ဟာ သမ္မတ Donald Trump က Game Changer တကယ့် အပြောင်းအလဲ ဖြစ်စေနိုင်မယ့်ဆေးလို့ ခေါ်ဝေါ်ထားပေမယ့် သိပ္ပံပညာရှင်တွေကတော့ စမ်းသပ်မှုတွေ ပိုလုပ်ရဦးမယ်လို့ ထိန်းထိန်းသိမ်းသိမ်း ပြောနေကြသလို အဆိပ်ဖြစ်စေတယ် ဆိုတာကိုလည်း သတိပေးနေကြပါတယ်။

နောက်ဆေးတမျိုးကတော့ Remdesivir ဆေး ဖြစ်ပါတယ်။ အီဘိုလာရောဂါ ကုသရာမှာ ထိရောက်မှုရှိခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်အတွက်လည်း အလားအလာ ကောင်းပါတယ်။ ကိုယ်ခန္ဓာထဲက ဆဲလ်တွေထဲ ဗိုင်းရပ်စ်ပိုး ဝင်ရောက်မှုနဲ့ ထပ်မံတိုးပွားမှုကို ဟန့်တားနိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာတွေကို ကုသဖို့ စမ်းသပ်နေကြတဲ့ ဆေးတွေထဲမှာ အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲမှု Rheumatoid Arthritis ကို ကုသရာမှာသုံးတဲ့ Kevzara ဆေးလည်း ပါဝင်ပါတယ်။ ဒီဆေးဟာ အသက်ရှူကျပ်လို့ သေမလောက်ဖြစ်နေတဲ့ အချိန်မှာ အဆုတ်ရောင်ရမ်းမှုကို လျော့ကျစေပြီး သက်သာရာ ရစေနိုင်တဲ့ဆေး ဖြစ်ပါတယ်။ ဒေါက်တာ Akselrod က အခုလိုပြောပါတယ်။

“အသက်ရှူလမ်းကြောင်းထဲ ပိုးဝင်နေတာကို ခုခံ တုံ့ပြန်ရာမှာ ဒီဆေးဟာ အထောက်အကူ ဖြစ်နိုင်ပါတယ်။”

ဒီဆေးတွေရဲ့ ထိရောက်မှုနဲ့ ဘေးထွက်အန္တရာယ် ဘယ်လောက်ဆိုးသလဲ ဆိုတာတွေကို အကြီးအကျယ် စမ်းသပ်နေကြတာပါ။ Convalescent plasma ဆိုတဲ့ စမ်းသပ်မှုတွေကိုလည်း အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်နေကြပါတယ်။ ဒီနည်းကတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုက ကောင်းမွန်စွာ သက်သာပြီး နာလန်ထလာသူတွေဆီက သွေးရည်ကြည်ကို ထုတ်ယူပြီးတော့ နာမကျန်းတဲ့ သူတွေဆီကို ထိုးနံှပေးတဲ့နည်း ဖြစ်ပါတယ်။

Johns Hopkins တက္ကသိုလ်က ဒေါက်တာ Shmuel Shoham က အခုလိုပြောပါတယ်။

“ကျနော်တို့ လုပ်နေတာက သိပ်ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး။ ပဋိဇီဝဆေးတွေ မရှိခင်တုန်းက လူတွေဆီက ထုတ်ယူပြီး ဖြေရှင်းနေကြတဲ့ နည်းပါပဲ။”

ဒါပေမယ့် ဒီသွေးရည်ကြည်ကို ပြောင်းလဲတဲ့နည်းကတော့ ရောဂါပြင်းထန်သူတွေအတွက် မသုံးဘဲ ကာကွယ်ဆေးအဖြစ်နဲ့၊ နောက်တခါ ကူးစက်ခံရပြီး အစောပိုင်း ပထမအဆင့်မှာပဲ သုံးဖို့ စမ်းသပ်သူ ဆရာဝန်တွေက ပြောထားကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ထိုးဆေးရရှိနိုင်ဖို့ တနှစ်ကျော် ကြာနိုင်သေးသလို ထိရောက်တဲ့ ကုသဆေး ဒါမှမဟုတ် ကုထုံး တွေ့ရှိနိုင်ဖို့အတွက်လည်း လနဲ့ချီ ကြာမြင့်နိုင်တယ်လို့ ကူးစက်ရောဂါ ပါရဂူတွေက ပြောနေကြပါတယ်။

XS
SM
MD
LG