သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 အခက်အခဲကြောင့် ပြည်သူတွေကို ငွေကြေးထောက်ပံ့ဖို့ ဂျပန်အစိုးရစီစဉ်


ဂျပန် ဝန်ကြီးချုပ် Abe
ဂျပန် ဝန်ကြီးချုပ် Abe

(Zawgyi/Unicode)

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေတာကြောင့် ဝန်ကြီးချုပ် Shinzo Abe က ကြာသပတေးနေ့က တနိုင်ငံလုံး အတိုင်းအတာနဲ့အရေးပေါ် အခြေအနေ တိုးချဲ့ချမှတ်လိုက်ပါတယ်။ ကပ်ရောဂါကြောင့်ကျဆင်းနေတဲ့ စီးပွားရေးကို ကျားကန်ပေးဖို့ အစိုးရအနေနဲ့ အားလုံးကို ငွေကြေးထောက်ပံ့ပေးသွားမယ်လို့ဝန်ကြီးချုပ်Abe က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ အဆိုးဆုံးကြုံနေရတဲ့ တိုကျို နဲ့တခြားခရိုင် ၆ ခု မှာ ဧပြီ ၇ ရက်နေ့ကစလို့ အရေးပေါ်အခြေအနေ ကြေညာထားခဲ့တာပါ။ ဒီဒေသ တွေမှာ မဖြစ်မနေ စီးပွားရေး လုပ်ငန်းတွေကလွဲလို့ ကျန်တဲ့သွားလာ လှုပ်ရှားမှုတွေ အားလုံးကို ပိတ်ထားခဲ့ပါတယ်။

အခု ထုတ်ပြန်တဲ့ အရေးပေါ် အခြေအနေအရ မလိုအပ်ဘဲ အိမ်ပြင်မထွက်ရ အမိန့်ဟာ မေလ ၆ ရက်နေ့အထိ တည်ရှိမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေကိုလည်း ပိတ်ဖို့ တိုက်တွန်းထားပါတယ်။ ဂျပန်နိုင်ငံမှာမေလအစောပိုင်းကာလဟာ "Golden Week'' လို့ခေါ်တဲ့ နှစ်စဉ် အားလပ်ရက်ရာသီ အစဖြစ်ပြီး ဂျပန်ပြည်သူတွေ အများအပြား နေရပ်ပြန်တာ ဒါမှမဟုတ် ပြည်ပကို အားလပ်ရက် ခရီးထွက်တာတွေ လုပ်လေ့ရှိပါတယ်။ ဒီကာလအတွင်း အသွားအလာတွေကို လျှော့ချလိုတဲ့အတွက် ဝန်ကြီးချုပ်က အခုလို အိမ်ပြင်မထွက်ရ အမိန့်ကို တိုးမြှင့်လိုက်သလို တနိုင်ငံလုံးအရေးပေါ် အခြေအနေ သတ်မှတ်လိုက် တာပါ။

ဝန်ကြီးချုပ် Shinzo Abe ဟာ ကိုရိုနာဗိုင်းရပ်စ် အရေးတုံ့ပြန်ကိုင်တွယ်ပုံတွေမှာ မလုံလောက်တာနဲ့ နောက်ကျ လွန်းတာတွေကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။ John Hopkins တက္ကသိုလ် သုတေသနဌာနရဲ့ စာရင်းအရ ဂျပန်နိုင်ငံမှာ ကြာသပတေးနေ့အထိကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၉၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၀၀ နီးပါးအထိရှိပါတယ်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)





XS
SM
MD
LG