သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျပန်မှာ အရေးပေါ်ကြေညာမည်


ဂျပန်နိုင်ငံ Tokyo မြို့ရှိ နှာခေါင်းစည်းများတပ်ထားတဲ့ လူတချို့ (ဧပြီ ၀၆၊ ၂၀၂၀)
ဂျပန်နိုင်ငံ Tokyo မြို့ရှိ နှာခေါင်းစည်းများတပ်ထားတဲ့ လူတချို့ (ဧပြီ ၀၆၊ ၂၀၂၀)

(Zawgyi/Unicode)

ဂျပန်နိုင်ငံမှာ coronavirus ပိုး ကူးစက်မှုကို ထိန်းချုပ်တဲ့အနေနဲ့ Tokyo မြို့တော်နဲ့ ခရိုင် ၆ ခုမှာ အင်္ဂါနေ့ကစပြီး အရေးပေါ် အခြေအနေ ကြေညာမယ်လို့ ဝန်ကြီးချုပ် Shinzo Abe က ပြောကြားခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Shinzo Abe
ဂျပန်ဝန်ကြီးချုပ် Shinzo Abe

အစိုးရအနေနဲ့ အရေးပေါ် အခြေအနေ ကြေညာသင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုတဲ့အတွက် Tokyo မြို့တော်၊ Kanagawa ခရိုင်၊ Saitama ခရိုင် Chiba ချီဘခရိုင်၊ Osaka ခရိုင်၊ Hyogo ခရိုင်နဲ့ Fukuoka ခရိုင်တွေမှာ အရေးပေါ် အခြေအနေ ထုတ်ပြန်မယ်လို့ ဝန်ကြီးချုပ် Shinzo Abe ဒီကနေ့ ပြောကြားသွားတာဖြစ်ပါတယ်။

၁ လကြာ အရေးပေါ် အခြေအနေ ထုတ်ပြန်မှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောပါတယ်။ ရောဂါပိုးကူးစက်မှု နည်းနိုင်သမျှ နည်းအောင် ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အင်မတန်လိုအပ်တယ်လို့လည်း ပြောသွားပါတယ်။

ဝန်ကြီးချုပ် Shinzo Abe ဟာ အရေးပေါ် အခြေအနေ ကြေညာဖို့ ဝန်လေးနေခဲ့ပေမဲ့ တနင်္ဂနွေနေ့ တနေ့ထဲ Tokyo မှာ ရောဂါပိုးကူးစက်သူ အသစ် ၁၄၃ ယောက် တွေ့ရှိခဲ့ပြီးနောက် ခုလို အရေးပေါ် အခြေအနေ ကြေညာမယ်ဆိုတာ အသိပေးခဲ့တာဖြစ်ပါတယ်။

ဂျပန်မှာ coronavirus ပိုးကူးစက်သူ ၃,၅၀၀ ကျော်မှာ ၁,၀၀၀ ကျော်က Tokyo မြို့တော်မှာဖြစ်ပါတယ်။

ဒီကပ်ရောဂါကြောင့် ထိခိုက်နေတဲ့ စီးပွားရေးကို ကျားကန်ပေးဖို့ အစိုးရက ဒေါ်လာ ၁ trillion သုံးစွဲသွားမယ့် အစီအစဉ်ကိုလည်း ဝန်ကြီးချုပ်က ဒီနေ့ကြေညာပါတယ်။

လိုအပ်နေတဲ့ မိသားစုတွေအတွက် ငွေကြေးထောက်ပံ့တာနဲ့ စီးပွားရေးလုပ်ငန်းတွေ အလုပ်အကိုင်တွေအတွက ထောက်ပံ့မှုတွေ ပေးသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG