သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂ်ပန္ ႏုိင္ငံေတာ္အေရးေပၚအမိန္႔ သက္တမ္းတိုးဖြယ္ရွိ


ဂ်ပန္ႏိုင္ငံ Tokyo ၿမိဳ႕ Shibuya လူကူးမ်ဥ္းၾကားမွာ လမ္းျဖတ္ကူးေနသူတခ်ိဳ႕ (ဧၿပီ ၂၈၊ ၂၀၂၀)

(Zawgyi/Unicode)

ဂ်ပန္၀န္ႀကီးခ်ဳပ္ ရွင္ဇုိအာေဘးက ႏုိင္ငံမွာျဖစ္ေနတဲ့ ကုိရိုနာဗုိင္းရပ္စ္ကူးစက္မႈေတြေၾကာင့္ ႏုိင္ငံေတာ္အေရးေပၚ အေျခအေနေၾကျငာထားတာကို ေနာက္ထပ္ တလ ထပ္တုိးသြားမယ့္ပုံရွိေနပါတယ္။

ဂ်ပန္၀န္ႀကီးခ်ဳပ္ ရွင္ဇုိအာေဘး
ဂ်ပန္၀န္ႀကီးခ်ဳပ္ ရွင္ဇုိအာေဘး

တိုက်ိဳ နဲ႔ ေနာက္ထပ္ခရုိင္ ၆ ခုမွာ ဧၿပီလ ၇ ရက္ေန႔က ၀န္ႀကီးခ်ဳပ္ ရွင္ဇုိအာေဘးထုတ္ျပန္ထားတဲ့ အေရးေပၚအေျခအေနဟာ ေရွ႕သီတင္းပတ္မွာ ကုန္ဆုံးမွာျဖစ္ပါတယ္။ ဂ်ပန္ႏုိင္ငံမွာ အခုခ်ိန္ထိ COVID-19 ေရာဂါကူးစက္ခံရသူ ၁၄,၀၀၀ နဲ႔ ေသဆုံးသူ ၄၁၅ ေယာက္ထက္မနည္းရွိၿပီး ဒီအေျခအေနေၾကာင့္ တုိင္းျပည္ရဲ႕ စီးပြားေရးကို ထိခုိက္ေစသလို ၂၀၂၀ တုိက်ိဳအိုလံပစ္ၿပိဳင္ပဲြကိုလည္း ေရႊ႕ဆုိင္းခဲ့ရပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး သက္တမ္းထပ္တုိး၊ မတုိးဆုိတာကို မဆုံးျဖတ္ခင္မွာ ကူးစက္ေရာဂါဆုိင္ရာ ကၽြမ္းက်င္သူေတြနဲ႔ တိုင္ပင္ေဆြးေႏြးသြားမွာျဖစ္ၿပီး ေနာက္ဆုံးအခ်ိန္မေရာက္ခင္ ႀကိဳၿပီး ေၾကျငာမယ္လို႔လည္း ဂ်ပန္၀န္ႀကီးခ်ဳပ္က လႊတ္ေတာ္အမတ္ေတြကို ေျပာပါတယ္။ ၀န္ႀကီးခ်ဳပ္ဟာ ကူးစက္ေရာဂါဆုိင္ရာ ကၽြမ္းက်င္သူေတြနဲ႔ မနက္ျဖန္ေသာၾကာေန႔မွာ ေတြ႔မယ္လို႔ အစိိုးရရဲ႕ သတင္းရင္းျမစ္ေတြက ဆုိပါတယ္။

လက္ရွိအေရးေပၚ အေျခအေနေၾကျငာခ်က္အရ ေဒသခံအာဏာပိုင္ေတြအေနနဲ႔ ျပည္သူေတြကို အိမ္မွာေနၿပီး ေက်ာင္းေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြကို ပိတ္ဖို႔ ေျပာႏုိင္တဲ့ တရား၀င္လုပ္ပိုင္ခြင့္အာဏာ ေပးထားေပမဲ့ တႏုိင္ငံလုံးကို အျပင္မထြက္ဖို႔ ဥပေဒအရ အမိန္႔ထုတ္ျပန္ထားတာေတာ့ မဟုတ္ပါဘူး။

ဒုတိယကမာၻစစ္လြန္ကာလ ေရးဆဲြခဲ့တဲ့ ဂ်ပန္ဖဲြ႔စည္းပုံအေျခခံဥပေဒမွာ ႏုိင္ငံသားေတြရဲ႕ လြတ္လပ္ခြင့္ကို အေလးေပးထာတာေၾကာင့္ အစိုးရမွာ လူေတြကို အျပင္မထြက္ဘဲ မျဖစ္မေနအိိမ္ထဲမွာ ေပးေနၾကဖို႔ အမိန္႔ထုတ္ႏုိင္တဲ့ အာဏာမရွိပါဘူး။

ဒီကပ္ေရာဂါနဲ႔ ပတ္သက္ၿပီး ဂ်ပန္အစိုးရဲ႕ တုံ႔ျပန္ေဆာင္ရြက္မႈေတြဟာ ေႏွးေကြးတာနဲ႔ ေရာဂါရွိ၊ မရွိစမ္းသပ္မႈေတြကို အင္တုိက္အားတုိက္လုပ္ဖို႔ ပ်က္ကြက္တာေတြေၾကာင့္ ဂ်ပန္အစိုးရဟာ ေ၀ဖန္ခံေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဂျပန် နိုင်ငံတော်အရေးပေါ်အမိန့် သက်တမ်းတိုးဖွယ်ရှိ

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက နိုင်ငံမှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် နိုင်ငံတော်အရေးပေါ် အခြေအနေကြေငြာထားတာကို နောက်ထပ် တလ ထပ်တိုးသွားမယ့်ပုံရှိနေပါတယ်။

တိုကျို နဲ့ နောက်ထပ်ခရိုင် ၆ ခုမှာ ဧပြီလ ၇ ရက်နေ့က ဝန်ကြီးချုပ် ရှင်ဇိုအာဘေးထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေဟာ ရှေ့သီတင်းပတ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ အခုချိန်ထိ COVID-19 ရောဂါကူးစက်ခံရသူ ၁၄,၀၀၀ နဲ့ သေဆုံးသူ ၄၁၅ ယောက်ထက်မနည်းရှိပြီး ဒီအခြေအနေကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးကို ထိခိုက်စေသလို ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကိုလည်း ရွှေ့ဆိုင်းခဲ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်တမ်းထပ်တိုး၊ မတိုးဆိုတာကို မဆုံးဖြတ်ခင်မှာ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးသွားမှာဖြစ်ပြီး နောက်ဆုံးအချိန်မရောက်ခင် ကြိုပြီး ကြေငြာမယ်လို့လည်း ဂျပန်ဝန်ကြီးချုပ်က လွှတ်တော်အမတ်တွေကို ပြောပါတယ်။ ဝန်ကြီးချုပ်ဟာ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ မနက်ဖြန်သောကြာနေ့မှာ တွေ့မယ်လို့ အစိုးရရဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

လက်ရှိအရေးပေါ် အခြေအနေကြေငြာချက်အရ ဒေသခံအာဏာပိုင်တွေအနေနဲ့ ပြည်သူတွေကို အိမ်မှာနေပြီး ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဖို့ ပြောနိုင်တဲ့ တရားဝင်လုပ်ပိုင်ခွင့်အာဏာ ပေးထားပေမဲ့ တနိုင်ငံလုံးကို အပြင်မထွက်ဖို့ ဥပဒေအရ အမိန့်ထုတ်ပြန်ထားတာတော့ မဟုတ်ပါဘူး။

ဒုတိယကမ္ဘာစစ်လွန်ကာလ ရေးဆွဲခဲ့တဲ့ ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို အလေးပေးထာတာကြောင့် အစိုးရမှာ လူတွေကို အပြင်မထွက်ဘဲ မဖြစ်မနေအိမ်ထဲမှာ ပေးနေကြဖို့ အမိန့်ထုတ်နိုင်တဲ့ အာဏာမရှိပါဘူး။

ဒီကပ်ရောဂါနဲ့ ပတ်သက်ပြီး ဂျပန်အစိုးရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေဟာ နှေးကွေးတာနဲ့ ရောဂါရှိ၊ မရှိစမ်းသပ်မှုတွေကို အင်တိုက်အားတိုက်လုပ်ဖို့ ပျက်ကွက်တာတွေကြောင့် ဂျပန်အစိုးရဟာ ဝေဖန်ခံနေရပါတယ်။

XS
SM
MD
LG