သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နဲ့ ဗြိတိန်တို့မှာ သွားမှုကန့်သတ်ချက် သက်တမ်းတိုး


ဗြိတိန်
ဗြိတိန်

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အသွားအလာပိတ်ပင်ထားတာတွေကို နိုင်ငံတချို့က ပြန်ပြီး ဖြေလျှော့ပေးဖို့ စီစဉ်နေကြချိန်မှာပဲ ဂျပန်နဲ့ ဗြိတိန်နိုင်ငံတွေက သူတို့ ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက် တွေအတွက် သက်တမ်း ထပ်တိုးလိုက်ကြပါတယ်။

ဂျပန်ဝန်ကြီးချုပ် Shinzo Abe က တနိုင်ငံလုံး အတွက် အရေးပေါ်အခြေနေကို မေလ ၆ ရက်နေ့အထိ ဆက်ထားမှာ ဖြစ်ကြောင်း ကြာသပတေးနေ့မှာ ကြေညာပါတယ်။ ကနဦးမှာ တိုကျိုနဲ့ ဂျပန်နိုင်ငံရဲ့ ပြည်နယ် ၄၇ ခုထဲက ၆ ခု မှာ ဧပြီလ ၇ ရက်နေ့က စပြီး တလကြာ အရေးပေါ် အခြေနေ ကြေညာခဲ့တာပါ။

Johns Hopkins တက္ကသိုလ်ရဲ့ စစ်တမ်းတွေအရ ဂျပန်မှာ ပြီးခဲ့တဲ့ လတုန်းက ဒီရောဂါ အကူးစက်ခံရသူပေါင်း ၈၆၀၀ ကျော်နဲ့ တဟုန်ထိုး များလာတာ တွေ့ရပါတယ်။

ဗြိတိန်နိုင်ငံမှာလည်း ဝန်ကြီးချုပ် Boris Johnson ဒီရောဂါနဲ့ ဆေးကုသမှု ခံယူနေချိန်မှာ ကိုယ်စား တာဝန်ယူနေတဲ့ နိုင်ငံခြားရေးဝန်ကြီး Dominic Raab က ကြာသပတေးနေ့မှာပဲ တနိုင်ငံလုံး အတိုင်းအတာနဲ့ အသွားအလာ ပိတ်ပင်ထားတာကို နောက်ထပ် အနည်းဆုံး သီတင်း ၃ ပတ် ထပ်ပြီး တိုးလိုက်ကြောင်း ကြေညာပါတယ်။

ဗြိတိန်နိုင်ငံဟာ အမေရိကန်၊ အီတလီ၊ စပိန်နဲ့ ပြင်သစ်ပြီးရင် ကမ္ဘာမှာ ဒီရောဂါနဲ့ သေဆုံးရသူ ပဉ္စမမြောက် အများဆုံး ဖြစ်နေတာပါ။

ဒီရောဂါ ကူးစက်မှုတွေ ရပ်သွားအောင် လုပ်ဆောင်နေရင်းနဲ့ ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ဘယ်လို ဖြေလျှော့ ပေးနိုင်မယ် ဆိုတာ နဲ့ပတ်သက်ပြီး လိုက်နာရမယ့် အချက်အလက် တွေကို ရှေ့သီတင်းပတ်ထဲမှာ ထုတ်ပြန်ပေးဖို့ ရှိတယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ကြာသပတေးနေ့မှာ ပြောပါတယ်။

ကမ္ဘာတလွှား ဒီရောဂါ အကူးစက်ခံရသူ တိုးလာနေသလို သေဆုံးမှုလည်း တိုးလာနေချိန်မှာပဲ ဥရောပဒေသက နိုင်ငံအများအပြားက သူတို့နိုင်ငံ တွေမှာ ဒီရောဂါနဲ့ပတ်သက်ပြီး တိုးတက်မှု ရှိတဲ့ လက္ခဏာတွေ တွေ့လာရတာကြောင့် တဖြေးဖြေး စပြီး ဖြေလျှော့ ပေးဖို့ လုပ်နေပြီလို့ ပြောနေတာပါ။

တိုက်ရိုက် လင့်ခ်


..............


(Unicode)








XS
SM
MD
LG