သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်မှာ COVID-19 ကူးစက်သူ ၁၀,၀၀၀ ရှိပြီ


တိုကျိုမြို့တွင် တွေ့ရသည့် လမ်းသွားလမ်းလာတဦး။ (ဧပြီ ၈၊ ၂၀၂၀)
တိုကျိုမြို့တွင် တွေ့ရသည့် လမ်းသွားလမ်းလာတဦး။ (ဧပြီ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

ဂျပန်နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ ၁၀,၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်တယ်လို့ ဂျပန်နိုင်ငံရဲ့ NHK သတင်းဌာနက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

ဂျပန်နိုင်ငံတဝှမ်း ရောဂါကူးစက်မှုတွေ မပြန့်အောင် ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ တနိုင်ငံလုံးကို အရေးပေါ်အခြေအနေ ကြေညာပြီး ရက်ပိုင်းအကြာမှာပဲ ရောဂါကူးစက်သူ အရေအတွက်ဟာ ၁၀,၀၀၀ ကျော်လာခဲ့တာ ဖြစ်ပါတယ်။

တိုကျိုမြို့တော်မှာ ရောဂါကူးစက်ခံရသူ အရေအတွက် စံချိန်တင်လောက်အောင် ဖြစ်လာခဲ့တာကြောင့် လူတွေအနေနဲ့ အိမ်ထဲမှာပဲနေကြဖို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သောကြာနေ့က ပန်ကြားလိုက်ပြီး အသက်အရွယ် ကြီးရင့်တဲ့သူ အများစုနေထိုင်ကြတဲ့ ကျေးလက်ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ အလုံအလောက် မရရှိမှာကို စိုးရိမ်မှုတွေ ရှိလာနေပါတယ်။

ဒါကြောင့် မူလက အရေးပေါ်အခြေအနေ ကြေညာထားတဲ့နေရာ ၇ ခုကနေ တနိုင်ငံလုံး အတိုင်းအတာနဲ့ အရေးပေါ်အခြေအနေ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ ၂၀၀ ကျော် ရှိပါတယ်။

ဒါပေမယ့် တိုကျိုမြို့ကတော့ ရောဂါကူးစက်ခံရမှု အဆိုးရွားဆုံးနေရာဖြစ်ပြီး မနေ့ သောကြာနေ့က ဗိုင်းရပ်စ်ကူးစက်ခံရသူဟာ ၂၀၁ ယောက်အထိ ရှိခဲ့တာကြောင့် တရက်တည်းမှာ အများဆုံးကူးစက်တာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ တိုကျိုမှာ ရောဂါကူးစက်ခံရသူ ၁၈၁ ယောက်ရှိတယ်လို့ NHK သတင်းက ဆိုပါတယ်။

တဆက်တည်းမှာပဲ ထိုင်ဝမ်ရေတပ်က ရေတပ်သင်္ဘောသား ၃ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကြောင့် တပ်ဖွဲ့ဝင် ၇၀၀ ကို သီးသန့်ခွဲပြီး စောင့်ကြည့်သွားမှာဖြစ်တယ်လို့ ထိုင်ဝမ်အစိုးရက ပြောလိုက်ပါတယ်။

အဲဒီ ထိုင်ဝမ်ရေတပ်ဖွဲ့ဝင်တွေဟာ ပစိဖိတ်သမုဒ္ဒရာအတွင်း Palau ကျွန်းကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် မတ်လလယ်က သွားရောက်ခဲ့တဲ့ ထိုင်ဝမ်ရေတပ်သင်္ဘော ၃ စင်းက ဖြစ်ပါတယ်။ သူတို့ ၃ ယောက်ဟာ သင်္ဘော ၁ စင်းတည်းက ဖြစ်ပေမယ့် ၃ စင်းစလုံးမှာရှိတဲ့ သင်္ဘောသားတွေကို ပြန်ခေါ်လိုက်တယ်လို့ ထိုင်ဝမ် ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

Palau ဟာ ထိုင်ဝမ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေးရှိတဲ့ ၁၅ နိုင်ငံထဲက တခုဖြစ်ပါတယ်။

ဂျပန်မှာ COVID-19 ကူးစက်သူ ၁၀,၀၀၀ ရှိပြီ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)










XS
SM
MD
LG