(Zawgyi / Unicode)
စင္ကာပူႏုိင္ငံမွာေတာ့ ဒီကေန႔မွာ ကို႐ုိနာဗုိင္းရပ္စ္ ေနာက္ထပ္ ကူးစက္ခံရသူ ၉၄၂ ေယာက္ရွိတယ္လို႔ စင္ကာပူ က်န္းမာေရး၀န္ႀကီးဌာနက အတည္ျပဳလိုက္ပါတယ္။
ဒါဟာ စင္ကာပူမွာ တရက္တည္းမွာ စံခ်ိန္တင္ေလာက္ေအာင္ အမ်ားဆုံး ကူးစက္တာျဖစ္ၿပီး ကူးစက္မႈအမ်ားစုဟာ အေဆာင္ေတြမွာေနၾကတဲ့ ေရႊ႕ေျပာင္းအလုပ္သမားေတြ ျဖစ္တယ္လို႔ ေျပာပါတယ္။
စင္ကာပူ၀န္ႀကီးခ်ဳပ္ လီရွန္လြန္းကေတာ့ အေဆာင္ေတြမွာ ေရာဂါကူးစက္မႈေတြ မပ်ံ႕ႏွံ႔ေအာင္ လုပ္ဖို႔အတြက္ အခ်ိန္ေတာ့ယူရမွာျဖစ္တယ္လို႔ သူ႔ရဲ႕ Facebook ကေန ဒီကေန႔ ေျပာပါတယ္။
ေရႊ႕ေျပာင္းအလုပ္သမားေတြဟာ လူငယ္ေတြ ျဖစ္တာေၾကာင့္ ေရာဂါျဖစ္ပြားမႈ အမ်ားစုက သိပ္မျပင္းထန္ဘဲ အလယ္အလတ္ေလာက္ပဲ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။
စင္ကာပူမွာ COVID-19 လို႔ေခၚတဲ့ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ စျဖစ္ခ်ိန္ကစၿပီး ေရာဂါကူးစက္ ပ်ံ႕ႏွံ႔မႈေတြမျဖစ္ေအာင္ ဗုိင္းရပ္စ္ကူးစက္ခံရတဲ့သူေတြနဲ႔ သူတုိ႔ ထိေတြ႔ဆက္ဆံခဲ့တဲ့သူေတြ သြားခဲ့တဲ့ေနရာေတြကို ေသခ်ာ လိုက္လံေဖာ္ထုတ္ ေစာင့္ၾကည့္ၿပီး ကူးစက္မႈေတြ ထပ္မျဖစ္ေအာင္ တင္းတင္းက်ပ္က်ပ္ ထိန္းခ်ဳပ္ႏုိင္ခဲ့တာေၾကာင့္ ကမာၻ႔က်န္းမာေရးအဖဲြ႔ခ်ဳပ္ (WHO) က စင္ကာပူအာဏာပိုင္ေတြကို ခ်ီးက်ဴးထားတာပါ။
ဒီကေန႔ ေရာဂါပုိးကူးစက္သူေတြထဲက ၁၄ ေယာက္ကပဲ စင္ကာပူႏုိင္ငံသားေတြနဲ႔ PR လို႔ေခၚတဲ့ အၿမဲတမ္းေနထုိင္ခြင့္ ရထားသူေတြ ျဖစ္တယ္လို႔ စင္ကာပူ က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။
ဒါေပမယ့္လည္း စင္ကာပူမွာ လာေရာက္အလုပ္လုပ္ေနၾကတဲ့ ေရႊ႕ေျပာင္းအလုပ္သမားေတြ ၾကားမွာေတာ့ ဗုိင္းရပ္စ္ကူးစက္မႈေတြဟာ အလွ်င္အျမန္ ျဖစ္လာေနၿပီး ဒါဟာ ေရာဂါထိန္းခ်ဳပ္တဲ့ေနရာမွာ အားနည္းခ်က္ ျဖစ္တယ္လို႔ လူ႔အခြင့္အေရး အဖဲြ႔ေတြက ေျပာပါတယ္။
အခုအခါမွာေတာ့ အာဏာပိုင္ေတြက အေဆာင္ေတြမွာ ေရာဂါပိုးရွိမရွိ စမ္းသပ္စစ္ေဆးတာေတြကို အရွိန္အဟုန္ျမႇင့္ လုပ္ေဆာင္လာေနပါတယ္။
အခုလို ေနာက္ထပ္ ဗုိင္းရပ္စ္ကူးစက္မႈေတြေၾကာင့္ စင္ကာပူမွာ ဗုိင္းရပ္စ္ကူးစက္ခံရသူ စုစုေပါင္း ၅၉၉၂ ေယာက္ထက္မနည္း ရွိၿပီး ေသဆုံးသူ ၁၁ ေယာက္ ရွိပါတယ္။
----------------------------------
(Unicode)
စင်ကာပူက နိုင်ငံခြားသား အလုပ်သမားတွေကြား COVID-19 ကူးစက်မှု မြင့်တက်
စင်ကာပူနိုင်ငံမှာတော့ ဒီကနေ့မှာ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ် ကူးစက်ခံရသူ ၉၄၂ ယောက်ရှိတယ်လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုလိုက်ပါတယ်။
ဒါဟာ စင်ကာပူမှာ တရက်တည်းမှာ စံချိန်တင်လောက်အောင် အများဆုံး ကူးစက်တာဖြစ်ပြီး ကူးစက်မှုအများစုဟာ အဆောင်တွေမှာနေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်တယ်လို့ ပြောပါတယ်။
စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကတော့ အဆောင်တွေမှာ ရောဂါကူးစက်မှုတွေ မပျံ့နှံ့အောင် လုပ်ဖို့အတွက် အချိန်တော့ယူရမှာဖြစ်တယ်လို့ သူ့ရဲ့ Facebook ကနေ ဒီကနေ့ ပြောပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေဟာ လူငယ်တွေ ဖြစ်တာကြောင့် ရောဂါဖြစ်ပွားမှု အများစုက သိပ်မပြင်းထန်ဘဲ အလယ်အလတ်လောက်ပဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။
စင်ကာပူမှာ COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စဖြစ်ချိန်ကစပြီး ရောဂါကူးစက် ပျံ့နှံ့မှုတွေမဖြစ်အောင် ဗိုင်းရပ်စ်ကူးစက်ခံရတဲ့သူတွေနဲ့ သူတို့ ထိတွေ့ဆက်ဆံခဲ့တဲ့သူတွေ သွားခဲ့တဲ့နေရာတွေကို သေချာ လိုက်လံဖော်ထုတ် စောင့်ကြည့်ပြီး ကူးစက်မှုတွေ ထပ်မဖြစ်အောင် တင်းတင်းကျပ်ကျပ် ထိန်းချုပ်နိုင်ခဲ့တာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က စင်ကာပူအာဏာပိုင်တွေကို ချီးကျူးထားတာပါ။
ဒီကနေ့ ရောဂါပိုးကူးစက်သူတွေထဲက ၁၄ ယောက်ကပဲ စင်ကာပူနိုင်ငံသားတွေနဲ့ PR လို့ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့် ရထားသူတွေဖြစ်တယ်လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါပေမယ့်လည်း စင်ကာပူမှာ လာရောက်အလုပ်လုပ်နေကြတဲ့ရွှေ့ပြောင်းအလုပ်သမားတွေ ကြားမှာတော့ ဗိုင်းရပ်စ်ကူးစက်မှုတွေဟာ အလျင်အမြန် ဖြစ်လာနေပြီး ဒါဟာ ရောဂါထိန်းချုပ်တဲ့နေရာမှာ အားနည်းချက် ဖြစ်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။
အခုအခါမှာတော့ အာဏာပိုင်တွေက အဆောင်တွေမှာ ရောဂါပိုးရှိမရှိ စမ်းသပ်စစ်ဆေးတာတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာနေပါတယ်။
အခုလို နောက်ထပ် ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် စင်ကာပူမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၅၉၉၂ ယောက်ထက်မနည်း ရှိပြီး သေဆုံးသူ ၁၁ ယောက် ရှိပါတယ်။