သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုက်ဳိမွာ တရက္တည္း လူ ၁၀၀ ေက်ာ္ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္


ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ လူသြားလူလာရွင္းေနသည့္ တုိက်ဳိၿမိဳ႕ လမ္းတခုတြင္ သြားလာေနသူႏွစ္ဦး။ (ဧၿပီ ၁၊ ၂၀၂၀)

(Zawgyi / Unicode)

ဂ်ပန္ႏုိင္ငံ တုိက်ိဳၿမိဳ႕မွာ ေနာက္ထပ္ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရသူ ၁၁၈ ေယာက္ရွိတယ္လို႔ တုိက်ိဳၿမိဳ႕ အာဏာပိုင္ေတြကို ကိုးကားၿပီး ဂ်ပန္ႏုိင္ငံရဲ႕ NHK သတင္းက ေၾကညာပါတယ္။ ဒါဟာ တုိက်ိဳၿမိဳ႕ေဒသတ၀ိုက္မွာ တရက္တည္း လူ ၁၀၀ ေက်ာ္ ဗုိင္းရပ္စ္ကူးစက္ခံရတာ ပထမဆုံးအႀကိမ္ ျဖစ္ပါတယ္။

အခုလို ကူးစက္ခံလိုက္ရတဲ့အတြက္ ဂ်ပန္ႏုိင္ငံမွာ ေရာဂါကူးစက္ခံရသူ စုစုေပါင္းဟာ ၈၉၁ ေယာက္ထက္မနည္း ရွိသြားၿပီျဖစ္တယ္လို႔ ဂ်ပန္အာဏာပိုင္ေတြက အတည္ျပဳပါတယ္။

တိုက်ိဳၿမိဳ႕မွာ ေရာဂါကူးစက္ခံရတာေတြ မ်ားလာတာေၾကာင့္ ဒီသီတင္းပတ္ကုန္ ၂ ရက္မွာ လူေတြကို အိမ္ထဲမွာေနၾကဖို႔ အျပင္းအထန္ တုိက္တြန္းလိုက္ပါတယ္။

အခုလို ေရာဂါကူးစက္မႈေတြ မ်ားလာတာေၾကာင့္ ဂ်ပန္ႏုိင္ငံအေနနဲ႔ အေရးေပၚ အေျခအေန ေၾကညာလာႏုိင္ၿပီး လူေတြကိုလည္း အျပင္မထြက္ဘဲ အိမ္ထဲမွာ ေနၾကဖို႔အထိ ျဖစ္လာႏုိင္တယ္လို႔ ခန္႔မွန္းေနၾကပါတယ္။

ဒါ့အျပင္ ဂ်ပန္ႏုိင္ငံအလယ္ပိုင္း Gifu ခ႐ုိင္ Kani ၿမိဳ႕မွာ အသက္ ၇၀ အရြယ္ အမ်ိဳးသားတဦး ကို႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသြားခဲ့တယ္လို႔ Kyodo သတင္းက ေျပာပါတယ္။ ဒါဟာ အဲဒီခ႐ုိင္မွာ ပထမဆုံး လူေသဆုံးမႈ ျဖစ္ပါတယ္။

ဂ်ပန္ႏုိင္ငံမွာ မေန႔ ေသာၾကာေန႔ကအထိ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရသူ ၃ ေထာင္ေက်ာ္ရွိၿပီး ေသဆုံးသူ ၇၃ ေယာက္ထက္မနည္း ရွိပါတယ္။

တဆက္တည္းမွာပဲ ဂ်ပန္အစိုးရက Fujifilm Holding ေကာ္ပိုေရးရွင္းကထုတ္တဲ့ Avigan အဖ်ားေပ်ာက္ေဆးကို ေနာက္ႏွစ္ မတ္လမွာ အခုရွိေနတာထက္ ၃ ဆေလာက္ တုိးထုတ္ႏုိင္ေအာင္ အကူအညီေပးသြားဖို႔ အစီအစဥ္ေတြ ေရးဆဲြေနပါတယ္။ Avigan ေဆးကိုေတာ့ တ႐ုတ္ႏုိင္ငံမွာ COVID-19 ေရာဂါ ကုသတဲ့ေနရာမွာ စမ္းသပ္အသုံးျပဳေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------------

(Unicode)

တိုကျိုမှာ တရက်တည်း လူ ၁၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ နောက်ထပ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁၈ ယောက်ရှိတယ်လို့ တိုကျိုမြို့ အာဏာပိုင်တွေကို ကိုကားပြီး ဂျပန်နိုင်ငံရဲ့ NHK သတင်းက ကြေညာပါတယ်။ ဒါဟာ တိုကျိုမြို့ဒေသတဝိုက်မှာ တရက်တည်း လူ ၁၀၀ ကျော် ဗိုင်းရပ်စ်ကူးစက်ခံရတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အခုလို ကူးစက်ခံလိုက်ရတဲ့အတွက် ဂျပန်နိုင်ငံမှာ ရောဂါကူးစက်ခံရသူ စုစုပေါင်းဟာ ၈၉၁ ယောက်ထက်မနည်း ရှိသွားပြီဖြစ်တယ်လို့ ဂျပန်အာဏာပိုင်တွေက အတည်ပြုပါတယ်။

တိုကျိုမြို့မှာ ရောဂါကူးစက်ခံရတာတွေ များလာတာကြောင့် ဒီသီတင်းပတ်ကုန် ၂ ရက်မှာ လူတွေကို အိမ်ထဲမှာနေကြဖို့ အပြင်းအထန် တိုက်တွန်းလိုက်ပါတယ်။

အခုလို ရောဂါကူးစက်မှုတွေ များလာတာကြောင့် ဂျပန်နိုင်ငံအနေနဲ့ အရေးပေါ် အခြေအနေ ကြေညာလာနိုင်ပြီး လူတွေကိုလည်း အပြင်မထွက်ဘဲ အိမ်ထဲမှာ နေကြဖို့အထိ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံအလယ်ပိုင်း Gifu ခရိုင် Kani မြို့မှာ အသက် ၇၀ အရွယ် အမျိုးသားတဦး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားခဲ့တယ်လို့ Kyodo သတင်းက ပြောပါတယ်။ ဒါဟာ အဲဒီခရိုင်မှာ ပထမဆုံး လူသေဆုံးမှု ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ မနေ့ သောကြာနေ့ကအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ ထောင်ကျော်ရှိပြီး သေဆုံးသူ ၇၃ ယောက်ထက်မနည်း ရှိပါတယ်။

တဆက်တည်းမှာပဲ ဂျပန်အစိုးရက Fujifilm Holding ကော်ပိုရေးရှင်းကထုတ်တဲ့ Avigan အဖျားပျောက်ဆေးကို နောက်နှစ် မတ်လမှာ အခုရှိနေတာထက် ၃ ဆလောက် တိုးထုတ်နိုင်အောင် အကူအညီပေးသွားဖို့ အစီအစဉ်တွေ ရေးဆွဲနေပါတယ်။ Avigan ဆေးကိုတော့ တရုတ်နိုင်ငံမှာ COVID-19 ရောဂါ ကုသတဲ့နေရာမှာ စမ်းသပ်အသုံးပြုနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG