သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဂျပန်နဲ့ နယူးဇီလန်မှာ ကျင်းပ


သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ Black Lives Matter လှုပ်ရှားမှု ထောက်ခံ ဆန္ဒပြသူများ။ (ဇွန် ၁၃၊ ၂၀၂၀)
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ Black Lives Matter လှုပ်ရှားမှု ထောက်ခံ ဆန္ဒပြသူများ။ (ဇွန် ၁၃၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်က လူမည်းအမျိုးသား George Floyd သေဆုံးမှုနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲတွေ အမေရိကန်အပြင် ကမ္ဘာတဝန်း ဆက်ဖြစ်နေတာမှာ ဂျပန်နိုင်ငံမှာလည်း ဆန္ဒပြတဲ့သူ ရာပေါင်းများစွာဟာ တိုကျိုမြို့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြတဲ့သူတွေဟာ Black Lives Matter လို့ခေါ်တဲ့ လူမည်းတွေရဲ့ အသက်ကိုလည်း တန်ဖိုးထားပါဆိုတဲ့ လှုပ်ရှားမှု ကြွေးကြော်သံ ပိုစတာ ဆိုင်းဘုတ်တွေ ကိုင်ပြီး တိုကျိုပန်းခြံမှာ ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြတဲ့သူတဦးကတော့ ဂျပန်နိုင်ငံမှာလည်း အဲဒီလို လူမျိုးရေးပြဿနာတွေ အများအပြား ရှိပေမယ့် ဒါကို လျစ်လျူရှုထားတယ်လို့ ပြောပါတယ်။

နယူးဇီလန်နိုင်ငံမှာတော့ Auckland မြို့နဲ့ Wellington မြို့တွေမှာ လူတွေ ထောင်နဲ့ချီ ဒီနေ့ ဆန္ဒ္ဒပြခဲ့ကြပါတယ်။ Auckland က ဆန္ဒပြပွဲကတော့ Aotea ရင်ပြင်မှာ စတင်ခဲ့ပြီး အဲဒီကနေ အမေရိကန် ကောင်စစ်ဝန်ရုံးကို ချီတက်ခဲ့ကြပါတယ်။

ဆန္ဒပြတဲ့သူတွေဟာ အမေရိကန် ကောင်စစ်ဝန်ရုံးရှေ့မှာ George Floyd ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒူးထောက်ပြီးတော့ ၁ မိနစ်ခန့် ငြိမ်သက်ခဲ့ကြပါတယ်။

Wellington မြို့မှာတော့ ဆန္ဒပြတဲ့သူတွေဟာ ပြည်သူ့ရင်ပြင်က ပါလီမန်ကို ချီတက်ခဲ့ကြပြီး လူမည်းတွေရဲ့အသက်ကို တန်ဖိုးထားဖို့၊ လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ဖို့ စတဲ့ ကြွေးကြော်သံတွေ ပိုစတာ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။

ဂျပန်နဲ့ နယူးဇီလန်နိုင်ငံတွေအပြင် ဥရောပက ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ ဗြိတိန်နိုင်ငံတွေမှာလည်း ဆန္ဒပြပွဲတွေ ဆက်ဖြစ်ခဲ့သလို သြစတြေးလျနိုင်ငံမှာလည်း လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)









ဆက်စပ်သတင်းများ ...

XS
SM
MD
LG