(Zawgyi/Unicode)
အေမရိကန္ျပည္ေထာင္စု ေအာက္လႊတ္ေတာ္ တရားေရးေကာ္မတီမွာ ဗုဒၶဟူးေန႔က ျပဳလုပ္တဲ့ ၾကားနားပဲြက လူထုဆႏၵျပပဲြေတြကထြက္ေပၚလာတဲ့ ရဲတပ္ဖဲြ႕ဆိုင္ရာ ျပဳျပင္ေျပာင္းလဲေရးနဲ႔ လူမ်ဳိးေရးအရ ခဲြျခားမႈအတြက္ တရားမွ်တမႈ ရေရးေတာင္းဆိုခ်က္ေတြ ျပည့္၀ဖို႔ ဘယ္ေလာက္ထိ ထင္ဟပ္ေစသလဲ။
အေမရိကန္မွာ ရွိေနတဲ့ Racial injustice လူမ်ဳိးေရး တရားမမွ်တမႈ ဆိုတာဘာလဲ။ ဒါကို ျပဳျပင္ေျပာင္းလဲေရး အေမရိကန္လႊတ္ေတာ္က ဘယ္လိုႀကိဳးပမ္းေနသလဲ။
လူမည္းအမ်ဳိးသား George Floyd ေသဆံုးမႈမွာ အဓိကတာ၀န္ရွိတဲ့ ရဲအရာရွိေဟာင္း Derek Chauvin ကို ပထမဆံုးအႀကိမ္ ရံုးထုတ္ၿပီးေနာက္ သူ႕ရဲ႕အမႈအလားအလာ ဘယ္ဆက္ျဖစ္မလဲ။
ဗီြအိုေအ ျမန္မာပိုင္း အယ္ဒီတာ ဦးေက်ာ္ဇံသာကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။
မအင္ၾကင္းႏိုင္။ ။ အခုဆိုရင္ အေမရိကန္ ျပည္ေထာင္စုက လူထုဆႏၵျပပြဲေတြရဲ႕ အက်ိဳးရလဒ္အျဖစ္ ဒီေန႔ဆိုရင္ ေအာက္လႊတ္ေတာ္တရားေရးေကာ္မတီကေနၿပီးေတာ့ ရဲတပ္ဖြဲ႔ဆိုင္ရာ ျပဳျပင္ေျပာင္းလဲေရး နဲ႔ ပတ္သက္ၿပီး သူတို႔ ၾကားနာပြဲျပဳလုပ္ခဲ့ပါတယ္။ အဲဒီမွာ ေသဆံုးသြားတဲ့ George Floyd ရဲ႕ ညီျဖစ္သူ Philonise Floyd ကိုယ္တိုင္ တက္ေရာက္ၿပီးေတာ့ ထြက္ဆိုတယ္ဆိုတာ သိရပါတယ္။ အဲဒီမွာ စိတ္၀င္စားစရာေတြ ေျပာျပပါဦးရွင့္။
ဦးေက်ာ္ဇံသာ။ ။ ဒီၾကားနာမႈရဲ႕ အဓိက ရည္ရြယ္ခ်က္ကေတာ့ ရဲထိန္းခ်ဳပ္တဲ့ ဥပေဒေပါ့ေလ ၊ ရဲ ရ႕ဲ ကိုင္တြယ္ပံုနဲ႔ ပတ္သက္တဲ့ ဥပေဒ ျပင္ဆင္ေရး မူၾကမ္းတရပ္ကို သူတို႔ ေရးဆြဲဖို႔အတြက္ လုပ္တဲ့ရည္ရြယ္ခ်က္ျဖစ္ပါတယ္။ အဓိက တက္ေရာက္ထြက္ဆိုတဲ့ လူေတြကေတာ့ Law Enforcement officer လို႔ေခၚတဲ့ ရဲအရာရွိေတြ ၊ ဥပေဒ ထိန္းခ်ဳပ္ေရး အရာရွိေတြရယ္ ၊ ေနာက္ Civil rights activist ႏိုင္ငံသားအခြင့္အေရး တက္ၾကြလႈပ္ရွားသူေတြ ပါ၀င္ပါတယ္။
အဲဒီထဲမွာ George Floyd ညီ ကိုယ္တိုင္ သြားၿပီးေတာ့ ထြက္ဆိုခဲ့တာျဖစ္ပါတယ္။ သူေျပာသြားတာကေတာ့ သူ႔ရဲ႕ ေသဆံုးသြားတဲ့အကိုအတြက္ တရားမွ်တမႈ ေဖာ္ေဆာင္ေရးလုပ္ဖို႔ တိုက္တြန္းသြားတာျဖစ္ပါတယ္။ ဆိုေတာ့ သူတို႔အခု ေရးဆြဲတင္ျပမယ့္ ဥပေဒၾကမ္းကေတာ့ ဇူလိုင္လ ၄ ရက္ေန႔မွာ ေအာက္လႊတ္ေတာ္ေရးရာေကာ္မတီမွ ေအာက္လႊတ္ေတာ္တခုလံုးကို တင္ျပမယ္ သူတို႔ရဲ႕ ၾကားနာစစ္ေဆးမႈရလဒ္ကို ။ အဓိကေတာ့ ရဲေတြရဲ႕ အကိုင္အတြယ္ၾကမ္းတမ္းတာကို ပေျပာက္ေစရမယ္။ ေနာက္ Racial injustice လို႔ေခၚတဲ့ လူမ်ိဳးေရး တရားမမွ်တမႈကိုလည္း ပေျပာက္ေအာင္ ဟန္႔တားဖို႔ဆိုတဲ့ အခ်က္အလက္ေတြအဓိက ပါ၀င္တယ္လို႔ သိရပါတယ္။
မအင္ၾကင္းႏိုင္။ ။ အန္ကယ္ေျပာသြားတဲ့ Racial injustice လူမ်ိဳးေရးခြဲျခားမႈနဲ႔ ပတ္သက္ၿပီး တရားမွ်တေရးအပိုင္းကို ဒီဆႏၵျပပြဲေတြမွာလည္း ေတာ္ေတာ္ေလး ေၾကြးေၾကာ္ေတာင္းဆိုတာ ေတြ႔ရပါတယ္။ အဲဒါက ဘာကို ဆိုလိုတာလဲ။
ဦးေက်ာ္ဇံသာ။ ။ အဲဒါကေတာ့ လက္ေတြ လက္ဆုပ္လက္ကိုင္ေျပာရမွာကေတာ့ သိပ္ၿပီးေတာ့ ဥပေဒေၾကာင္းအရ ရႈပ္တယ္ အရွင္းလင္းဆံုးေျပာရင္ေတာ့ သူတို႔ေခၚေ၀ၚတာ Racial profiling လို႔ေခၚတယ္ သူတို႔ ဖမ္းဆီးမယ့္လူေတြကို အသားအေရာင္အရ၊ ဘာသာကိုးကြယ္မႈအရ ခြဲျခားသတ္မွတ္တာ ဥပမာနမူနာတခုေျပာမယ္ဆိုရင္ ကားေမာင္းသြားေနတဲ့ လမ္းမႀကီးအေပၚမွာ ေမာ္ေတာ္ယာဥ္စည္းကမ္း ခ်ိဳးေဖာက္တဲ့ ေမာ္ေတာ္ယာဥ္တစီးဆိုပါေတာ့ ၊ အဲဒီ ေမာ္ေတာ္ယာဥ္တစီးကို သာမန္ဆိုရင္ ရဲေတြက ရပ္တန္႔ၿပီးေတာ့ စစ္ေဆးတာ လုပ္ခ်င္မွ လုပ္မယ္ ၊ ဖမ္းခ်င္မွ ဖမ္းမယ္။ ဒါေပမယ့္ အဲဒီတေယာက္က လူမည္းကြ ၊ ရပ္ခိုင္းတယ္ဆိုရင္ အဲဒါဟာ လူမည္းမို႔တမင္ ရပ္ခိုင္းတာ အဲဒါက Racial profiling။ သို႔ေသာ္ သူ႔ဆံုးျဖတ္ခ်က္ဟာ လူမည္းမို႔လို႔ ဆံုးျဖတ္ျခင္းျဖစ္တယ္ဆိုတာကိုေတာ့ ေသေသခ်ာခ်ာ ဥပေဒေၾကာင္းအရ တိတိက်က် လုပ္ရမယ့္ ကိစၥျဖစ္ပါတယ္။
မအင္ၾကင္းႏိုင္။ ။ ေနာက္တခ်က္က ေအာက္ေျခမွာ ရဲတပ္ဖြဲ႔ဆိုင္ရာ ျပဳျပင္ေျပာင္းလဲေရးေတြ အထူးသျဖင့္ ရဲေတြ အလြန္အကၽြံ လုပ္တာေတြနဲ႔ ပတ္သက္ၿပီး သူတို႔ ဘယ္လို ထိန္းခ်ဳပ္တာေတြ လုပ္ေနၿပီလဲ။
ဦးေက်ာ္ဇံသာ။ ။ အဲဒါကေတာ့ ျပည္နယ္အဆင့္ ၊ ၿမိဳ႕နယ္အဆင့္ေတြမွာ ေတာ္ေတာ္မ်ားမ်ား လုပ္ေနတာ ေတြ႔ရပါတယ္။ အခုဆိုရင္ စုစုေပါင္း ျပည္နယ္ ၃ ခုနဲ႔ ၿမိဳ႕နယ္ေပါင္း ၁၁ ခုမွာ ရဲေတြရဲ႕ အလြန္အကၽြံလုပ္တယ္လို႔ဆိုတဲ့ေနရာမွာ ဖမ္းတဲ့ေနရာမွာ လည္ပင္းကို choke တာ ၊ အသက္ရႈက်ပ္ေအာင္လုပ္တာ ၊ ေနာက္ၿပီးေတာ့ ေသြးက ဦးေႏွာက္ကို မေရာက္ပဲနဲ႔ သတိေမ့သြားေအာင္လုပ္တာ အဲဒါမ်ိဳးနဲ႔ မဖမ္းရဘူးဆိုၿပီးေတာ့ ျပည္နယ္ ၃ ခုနဲ႔ ၿမိဳ႕နယ္ေပါင္း ၁၁ ခုမွာ တားျမစ္လိုက္ၿပီျဖစ္ပါတယ္။ တခ်ိဳ႕ Minneapolis လိုၿမိဳ႕မွာဆိုရင္ ရဲ ရဲ႕ ရန္ပံုေငြကို ရဲအစား အမ်ားျပည္သူလံုၿခံဳေရးကို သာမန္ပံုစံတမ်ိဳးနဲ႔ လုပ္ဖို႔ေတာင္မွ စဥ္းစားေနၾကၿပီျဖစ္ပါတယ္။ ဒါက ေအာက္ေျခပိုင္းေဆာင္ရြက္ခ်က္ျဖစ္ပါတယ္။
မအင္ၾကင္းႏိုင္။ ။ ေနာက္ စိတ္၀င္စားစရာျဖစ္ေနတဲ့ အခ်က္ကေတာ့ George Floyd ေသဆံုးမႈမွာ အဓိကတာ၀န္ရွိတဲ့ ရဲအရာေဟာင္း Derek Chauvin ကို ပထမဆံုးအႀကိမ္ ရံုးထုတ္ၿပီး စစ္ေဆးၾကားနာတယ္။ သူ႔ကို စီရင္မယ့္ အမႈအသြားအလာရဲ႕ အေျခအေနေရာ ဘယ္လိုရွိမလဲ။
ဦးေက်ာ္ဇံသာ။ ။ ၿပီးခဲ့တဲ့ ၂ ရက္က Derek Chauvin ကို ရံုးထုတ္တဲ့ကိစၥကေတာ့ ဘယ္အမႈေတြနဲ႔ စြဲဆိုတယ္ဆိုတာကို ေျပာလိုက္တာျဖစ္ပါတယ္။ ေနာက္တရားသူႀကီးက မင္းအတြက္ အာမခံကေတာ့ ေဒၚလာ ၁ သန္းေက်ာ္ သတ္မွတ္တယ္ဆိုတာပဲ ေျပာလိုက္တယ္ ခဏေလးပါပဲ ။ အဲဒီမွာ Derek Chauvin ေရွ႕ေနကေတာ့ ဒီအာမခံေၾကးဟာ နည္းတယ္ မ်ားတယ္ဆိုတာ ဘာမွ မေျပာခဲ့ဘူး။ အဲဒီအာမခံေၾကးအတိုင္း က်ေနာ္တုိ႔ အာမခံ ေပးေဆာင္ၿပီးေတာ့ စြဲဆိုထားတဲ့ Derek Chauvin ကို ထုတ္သြားမယ္လို႔လဲ မေျပာခဲ့ဘူး။ ေနာက္လာမယ့္ ရံုးခ်ိန္းကေတာ့ ဇြန္လ ၂၉ ရက္ေန႔ ျဖစ္ပါတယ္ အဲဒီေန႔မွာေတာ့ အေရးႀကီးတဲ့ ကိစၥေတြ ေျပာမယ္ထင္ပါတယ္။
ေနာက္လာမယ့္ ရံုးခ်ိန္းမွာေတာ့ ပိုၿပီး စိတ္၀င္စားဖို႔ ေကာင္းတာက Derek Chauvin အေနနဲ႔ ဒီအမႈမွာ သူ အျပစ္ရွိေၾကာင္း ၀န္ခံမလား ၊ အျပစ္မရွိေၾကာင္း ခုခံမလားဆိုတာ ေျပာရမယ္ထင္ပါတယ္။ တကယ္လို႔ အျပစ္ရွိေၾကာင္း ၀န္ခံတယ္ဆိုရင္ တရားသူႀကီးဟာ ရက္ပိုင္း (သို႔မဟုတ္) ရက္သတၱပတ္နဲ႔ ခ်ီၿပီး စဥ္းစားမယ္ ၊ သက္ဆိုင္တဲ့လူေတြနဲ႔ တိုင္ပင္ညိွႏိႈင္းၿပီးေတာ့ အျပစ္ထင္ရွားတယ္ဆိုၿပီးေတာ့ ျပစ္ဒဏ္ ဘယ္ေလာက္ဆိုၿပီးေတာ့ ေျပာပါလိမ့္မယ္ ။ တကယ္လို႔ အျပစ္မရွိေၾကာင္း ခုခံေခ်ပမယ္ဆိုရင္ အျပစ္ရွိတယ္ဆိုတာကို ျပည္နယ္ေရွ႕ေနဘက္က သက္ေသျပရပါလိမ့္မယ္။
ဒါကေတာ့ လူမည္းအမ်ဳိးသား George Floyd ေသဆံုးမႈနဲ႔ ပတ္သက္ၿပီး အေမရိကန္မွာ ေနာက္ဆက္တြဲျဖစ္ေပၚလာတဲ့ အေျခအေနေတြကို ဗီြအိုေအ ျမန္မာပိုင္း အယ္ဒီတာ ဦးေက်ာ္ဇံသာကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းခဲ့တာပါ။
.............
George Floyd ညီ ကန် အောက်လွှတ်တော်မှာထွက်ဆို
(Unicode)
အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော် တရားရေးကော်မတီမှာ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ကြားနားပွဲက လူထုဆန္ဒပြပွဲတွေကထွက်ပေါ်လာတဲ့ ရဲတပ်ဖွဲ့ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနဲ့ လူမျိုးရေးအရ ခွဲခြားမှုအတွက် တရားမျှတမှု ရရေးတောင်းဆိုချက်တွေ ပြည့်ဝဖို့ ဘယ်လောက်ထိ ထင်ဟပ်စေသလဲ။
အမေရိကန်မှာ ရှိနေတဲ့ Racial injustice လူမျိုးရေး တရားမမျှတမှု ဆိုတာဘာလဲ။ ဒါကို ပြုပြင်ပြောင်းလဲရေး အမေရိကန်လွှတ်တော်က ဘယ်လိုကြိုးပမ်းနေသလဲ။
လူမည်းအမျိုးသား George Floyd သေဆုံးမှုမှာ အဓိကတာဝန်ရှိတဲ့ ရဲအရာရှိဟောင်း Derek Chauvin ကို ပထမဆုံးအကြိမ် ရုံးထုတ်ပြီးနောက် သူ့ရဲ့အမှုအလားအလာ ဘယ်ဆက်ဖြစ်မလဲ။
ဗွီအိုအေ မြန်မာပိုင်း အယ်ဒီတာ ဦးကျော်ဇံသာကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
မအင်ကြင်းနိုင်။ ။ အခုဆိုရင် အမေရိကန် ပြည်ထောင်စုက လူထုဆန္ဒပြပွဲတွေရဲ့ အကျိုးရလဒ်အဖြစ် ဒီနေ့ဆိုရင် အောက်လွှတ်တော်တရားရေးကော်မတီကနေပြီးတော့ ရဲတပ်ဖွဲ့ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး နဲ့ ပတ်သက်ပြီး သူတို့ ကြားနာပွဲပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ သေဆုံးသွားတဲ့ George Floyd ရဲ့ ညီဖြစ်သူ Philonise Floyd ကိုယ်တိုင် တက်ရောက်ပြီးတော့ ထွက်ဆိုတယ်ဆိုတာ သိရပါတယ်။ အဲဒီမှာ စိတ်ဝင်စားစရာတွေ ပြောပြပါဦးရှင့်။
ဦးကျော်ဇံသာ။ ။ ဒီကြားနာမှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ရဲထိန်းချုပ်တဲ့ ဥပဒေပေါ့လေ ၊ ရဲ ရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်တဲ့ ဥပဒေ ပြင်ဆင်ရေး မူကြမ်းတရပ်ကို သူတို့ ရေးဆွဲဖို့အတွက် လုပ်တဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ အဓိက တက်ရောက်ထွက်ဆိုတဲ့ လူတွေကတော့ Law Enforcement officer လို့ခေါ်တဲ့ ရဲအရာရှိတွေ ၊ ဥပဒေ ထိန်းချုပ်ရေး အရာရှိတွေရယ် ၊ နောက် Civil rights activist နိုင်ငံသားအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပါဝင်ပါတယ်။
အဲဒီထဲမှာ George Floyd ညီ ကိုယ်တိုင် သွားပြီးတော့ ထွက်ဆိုခဲ့တာဖြစ်ပါတယ်။ သူပြောသွားတာကတော့ သူ့ရဲ့ သေဆုံးသွားတဲ့အကိုအတွက် တရားမျှတမှု ဖော်ဆောင်ရေးလုပ်ဖို့ တိုက်တွန်းသွားတာဖြစ်ပါတယ်။ ဆိုတော့ သူတို့အခု ရေးဆွဲတင်ပြမယ့် ဥပဒေကြမ်းကတော့ ဇူလိုင်လ ၄ ရက်နေ့မှာ အောက်လွှတ်တော်ရေးရာကော်မတီမှ အောက်လွှတ်တော်တခုလုံးကို တင်ပြမယ် သူတို့ရဲ့ ကြားနာစစ်ဆေးမှုရလဒ်ကို ။ အဓိကတော့ ရဲတွေရဲ့ အကိုင်အတွယ်ကြမ်းတမ်းတာကို ပပြောက်စေရမယ်။ နောက် Racial injustice လို့ခေါ်တဲ့ လူမျိုးရေး တရားမမျှတမှုကိုလည်း ပပြောက်အောင် ဟန့်တားဖို့ဆိုတဲ့ အချက်အလက်တွေအဓိက ပါဝင်တယ်လို့ သိရပါတယ်။
မအင်ကြင်းနိုင်။ ။ အန်ကယ်ပြောသွားတဲ့ Racial injustice လူမျိုးရေးခွဲခြားမှုနဲ့ ပတ်သက်ပြီး တရားမျှတရေးအပိုင်းကို ဒီဆန္ဒပြပွဲတွေမှာလည်း တော်တော်လေး ကြွေးကြော်တောင်းဆိုတာ တွေ့ရပါတယ်။ အဲဒါက ဘာကို ဆိုလိုတာလဲ။
ဦးကျော်ဇံသာ။ ။ အဲဒါကတော့ လက်တွေ လက်ဆုပ်လက်ကိုင်ပြောရမှာကတော့ သိပ်ပြီးတော့ ဥပဒေကြောင်းအရ ရှုပ်တယ် အရှင်းလင်းဆုံးပြောရင်တော့ သူတို့ခေါ်ဝေါ်တာ Racial profiling လို့ခေါ်တယ် သူတို့ ဖမ်းဆီးမယ့်လူတွေကို အသားအရောင်အရ၊ ဘာသာကိုးကွယ်မှုအရ ခွဲခြားသတ်မှတ်တာ ဥပမာနမူနာတခုပြောမယ်ဆိုရင် ကားမောင်းသွားနေတဲ့ လမ်းမကြီးအပေါ်မှာ မော်တော်ယာဉ်စည်းကမ်း ချိုးဖောက်တဲ့ မော်တော်ယာဉ်တစီးဆိုပါတော့ ၊ အဲဒီ မော်တော်ယာဉ်တစီးကို သာမန်ဆိုရင် ရဲတွေက ရပ်တန့်ပြီးတော့ စစ်ဆေးတာ လုပ်ချင်မှ လုပ်မယ် ၊ ဖမ်းချင်မှ ဖမ်းမယ်။ ဒါပေမယ့် အဲဒီတယောက်က လူမည်းကွ ၊ ရပ်ခိုင်းတယ်ဆိုရင် အဲဒါဟာ လူမည်းမို့တမင် ရပ်ခိုင်းတာ အဲဒါက Racial profiling။ သို့သော် သူ့ဆုံးဖြတ်ချက်ဟာ လူမည်းမို့လို့ ဆုံးဖြတ်ခြင်းဖြစ်တယ်ဆိုတာကိုတော့ သေသေချာချာ ဥပဒေကြောင်းအရ တိတိကျကျ လုပ်ရမယ့် ကိစ္စဖြစ်ပါတယ်။
မအင်ကြင်းနိုင်။ ။ နောက်တချက်က အောက်ခြေမှာ ရဲတပ်ဖွဲ့ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေ အထူးသဖြင့် ရဲတွေ အလွန်အကျွံ လုပ်တာတွေနဲ့ ပတ်သက်ပြီး သူတို့ ဘယ်လို ထိန်းချုပ်တာတွေ လုပ်နေပြီလဲ။
ဦးကျော်ဇံသာ။ ။ အဲဒါကတော့ ပြည်နယ်အဆင့် ၊ မြို့နယ်အဆင့်တွေမှာ တော်တော်များများ လုပ်နေတာ တွေ့ရပါတယ်။ အခုဆိုရင် စုစုပေါင်း ပြည်နယ် ၃ ခုနဲ့ မြို့နယ်ပေါင်း ၁၁ ခုမှာ ရဲတွေရဲ့ အလွန်အကျွံလုပ်တယ်လို့ဆိုတဲ့နေရာမှာ ဖမ်းတဲ့နေရာမှာ လည်ပင်းကို choke တာ ၊ အသက်ရှုကျပ်အောင်လုပ်တာ ၊ နောက်ပြီးတော့ သွေးက ဦးနှောက်ကို မရောက်ပဲနဲ့ သတိမေ့သွားအောင်လုပ်တာ အဲဒါမျိုးနဲ့ မဖမ်းရဘူးဆိုပြီးတော့ ပြည်နယ် ၃ ခုနဲ့ မြို့နယ်ပေါင်း ၁၁ ခုမှာ တားမြစ်လိုက်ပြီဖြစ်ပါတယ်။ တချို့ Minneapolis လိုမြို့မှာဆိုရင် ရဲ ရဲ့ ရန်ပုံငွေကို ရဲအစား အများပြည်သူလုံခြုံရေးကို သာမန်ပုံစံတမျိုးနဲ့ လုပ်ဖို့တောင်မှ စဉ်းစားနေကြပြီဖြစ်ပါတယ်။ ဒါက အောက်ခြေပိုင်းဆောင်ရွက်ချက်ဖြစ်ပါတယ်။
မအင်ကြင်းနိုင်။ ။ နောက် စိတ်ဝင်စားစရာဖြစ်နေတဲ့ အချက်ကတော့ George Floyd သေဆုံးမှုမှာ အဓိကတာဝန်ရှိတဲ့ ရဲအရာဟောင်း Derek Chauvin ကို ပထမဆုံးအကြိမ် ရုံးထုတ်ပြီး စစ်ဆေးကြားနာတယ်။ သူ့ကို စီရင်မယ့် အမှုအသွားအလာရဲ့ အခြေအနေရော ဘယ်လိုရှိမလဲ။
ဦးကျော်ဇံသာ။ ။ ပြီးခဲ့တဲ့ ၂ ရက်က Derek Chauvin ကို ရုံးထုတ်တဲ့ကိစ္စကတော့ ဘယ်အမှုတွေနဲ့ စွဲဆိုတယ်ဆိုတာကို ပြောလိုက်တာဖြစ်ပါတယ်။ နောက်တရားသူကြီးက မင်းအတွက် အာမခံကတော့ ဒေါ်လာ ၁ သန်းကျော် သတ်မှတ်တယ်ဆိုတာပဲ ပြောလိုက်တယ် ခဏလေးပါပဲ ။ အဲဒီမှာ Derek Chauvin ရှေ့နေကတော့ ဒီအာမခံကြေးဟာ နည်းတယ် များတယ်ဆိုတာ ဘာမှ မပြောခဲ့ဘူး။ အဲဒီအာမခံကြေးအတိုင်း ကျနော်တို့ အာမခံ ပေးဆောင်ပြီးတော့ စွဲဆိုထားတဲ့ Derek Chauvin ကို ထုတ်သွားမယ်လို့လဲ မပြောခဲ့ဘူး။ နောက်လာမယ့် ရုံးချိန်းကတော့ ဇွန်လ ၂၉ ရက်နေ့ ဖြစ်ပါတယ် အဲဒီနေ့မှာတော့ အရေးကြီးတဲ့ ကိစ္စတွေ ပြောမယ်ထင်ပါတယ်။
နောက်လာမယ့် ရုံးချိန်းမှာတော့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာက Derek Chauvin အနေနဲ့ ဒီအမှုမှာ သူ အပြစ်ရှိကြောင်း ဝန်ခံမလား ၊ အပြစ်မရှိကြောင်း ခုခံမလားဆိုတာ ပြောရမယ်ထင်ပါတယ်။ တကယ်လို့ အပြစ်ရှိကြောင်း ဝန်ခံတယ်ဆိုရင် တရားသူကြီးဟာ ရက်ပိုင်း (သို့မဟုတ်) ရက်သတ္တပတ်နဲ့ ချီပြီး စဉ်းစားမယ် ၊ သက်ဆိုင်တဲ့လူတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီးတော့ အပြစ်ထင်ရှားတယ်ဆိုပြီးတော့ ပြစ်ဒဏ် ဘယ်လောက်ဆိုပြီးတော့ ပြောပါလိမ့်မယ် ။ တကယ်လို့ အပြစ်မရှိကြောင်း ခုခံချေပမယ်ဆိုရင် အပြစ်ရှိတယ်ဆိုတာကို ပြည်နယ်ရှေ့နေဘက်က သက်သေပြရပါလိမ့်မယ်။
ဒါကတော့ လူမည်းအမျိုးသား George Floyd သေဆုံးမှုနဲ့ ပတ်သက်ပြီး အမေရိကန်မှာ နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်း အယ်ဒီတာ ဦးကျော်ဇံသာကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းခဲ့တာပါ။