သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

George Floyd ေသဆုံးမႈမွာ အဓိကတာ၀န္ရွိတဲ့ရဲကုိ ပထမဆုံးအႀကိမ္ ရုံးထုတ္


ရဲတပ္ဖြဲ႔၀င္ေဟာင္း Derek Chauvin

(Zawgyi/Unicode)

အာဖရိကန္ အေမရိကန္ လူမည္း အမ်ိဳးသား အသက္ ၄၆ ႏွစ္ အရြယ္ George Floyd ကို သတ္ျဖတ္မႈနဲ႔ တရားစြဲဆိုခံထားရတဲ႔ ရဲတပ္ဖြဲ႔၀င္ေဟာင္း Derek Chauvin ကို တနလာၤေန႔က ပထမဆံုး အႀကိမ္ ရံုးထုတ္ခဲ႔ၿပီး Minneapolis တရားသူႀကီးက အာမခံေၾကး ေဒၚလာ ၁ သန္း သတ္မွတ္ခဲ႔ပါတယ္။

မင္နီဆိုးတား ျပည္နယ္ တရားသူႀကီး တဦး ျဖစ္တဲ႔ Jeannice Reding ကရဲတပ္ဖြဲ႔၀င္ေဟာင္း Chauvin အတြက္ ကန္႔သတ္ခ်က္ေတြ ပါ၀င္တဲ႔ အာမခံေၾကး ေဒၚလာ ၁ သန္း၊ ကန္႔သတ္ခ်က္ မပါတဲ႔ အာမခံေၾကး အျဖစ္ ေဒၚလာ ၁ သန္း ၂သိန္းခြဲ သတ္မွတ္ခဲ႔ပါတယ္။ ကန္႔သတ္ခ်က္ေတြကေတာ့ Chauvin အေနနဲ႔ လက္နက္ေတြ အပ္ရမွာ ျဖစ္သလို ၊ တရားဥပေဒ စိုးမိုးေရး ဒါမွမဟုတ္လည္း လံုၿခံဳေရးနဲ႔ ပတ္သက္ၿပီး မလုပ္ဖို႔၊ ေနာက္ ျပည္နယ္ကေန ထြက္မသြားပါဘူးလို႔ သေဘာတူရမွာ ျဖစ္သလို Floyd ရဲ႕ မိသားစုနဲ႔လည္း မဆက္သြယ္ဖို႔ သေဘာတူရမွာ ျဖစ္ပါတယ္။ ဇြန္လ ၂၉ ရက္ေန႔မွာ ေနာက္တႀကိမ္ ရံုးထုတ္ဖို႔လည္း တရားသူႀကီးက သတ္မွတ္ခဲ႔ပါတယ္။

မင္နီဆိုးတား ျပည္နယ္ အက်ဥ္းေထာင္က ဗီြဒီယိုမွာ Derek Chauvin ကိုေတြ႔ရၿပီး သူ႔ကိုေတာ့ Second degree murder -ႀကိဳတင္ရည္ရြက္ခ်က္ မပါတဲ႔ လူသတ္မႈစြဲခ်က္၊ ေနာက္ Third degree murder - မေတာ္တဆ ျဖစ္ခဲ႔တဲ႔ လူသတ္မႈ စြဲခ်က္၊ ေနာက္ လူေသမႈ စြဲခ်က္ စုစုေပါင္း စြဲခ်က္ သံုးခုတင္ထားပါတယ္။

အျပစ္ရွိ မရွိ ေျပာစရာ မလိုတဲ႔ တရားရံုး လုပ္ထံုး လုပ္နည္းဆိုင္ရာ ၾကားနာမႈမွာေတာ့လိေမၼာ္ေရာင္ ေထာင္၀တ္စံု ၀တ္ထားတဲ႔ ရဲတပ္ဖြဲ႔၀င္ေဟာင္း အသက္ ၄၄ ႏွစ္ အရြယ္ Chauvin က စိတ္လႈပ္ရွားမႈ တစံုတရာ မျပဘဲ ေမးခြန္းေတြကို ေျဖၾကားသြားပါတယ္။

George Floyd ေသဆံုးမႈေၾကာင့္ ႏိုင္ငံ တ၀န္း ဆႏၵျပပြဲေတြ ေပၚေပါက္ေနတာပါ။ လက္ထိပ္ခတ္ထားတဲ႔ Floyd ရဲ႕ လည္ပင္းေပၚမွာ Derek Chauvin က ဒူးနဲ႔ ေထာက္ထားတာကို ေမလ ၂၅ ရက္က ရိုက္ယူထားတဲ႔ ဗီြဒီယိုထဲမွာ ေတြ႔ရပါတယ္။

တိုက္႐ိုက္ လင့္ခ္


........

George Floyd သေဆုံးမှုမှာ အဓိကတာဝန်ရှိတဲ့ရဲကို ပထမဆုံးအကြိမ် ရုံးထုတ်

(Unicode)

အာဖရိကန် အမေရိကန် လူမည်း အမျိုးသား အသက် ၄၆ နှစ် အရွယ် George Floyd ကို သတ်ဖြတ်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်း Derek Chauvin ကို တနလာၤနေ့က ပထမဆုံး အကြိမ် ရုံးထုတ်ခဲ့ပြီး Minneapolisတရားသူကြီးက အာမခံကြေး ဒေါ်လာ ၁ သန်း သတ်မှတ်ခဲ့ပါတယ်။

မင်နီဆိုးတား ပြည်နယ် တရားသူကြီး တဦး ဖြစ်တဲ့ Jeannice Reding ကရဲတပ်ဖွဲ့ဝင်ဟောင်း Chauvin အတွက် ကန့်သတ်ချက်တွေ ပါဝင်တဲ့ အာမခံကြေး ဒေါ်လာ ၁ သန်း၊ ကန့်သတ်ချက် မပါတဲ့ အာမခံကြေး အဖြစ် ဒေါ်လာ ၁ သန်း ၂သိန်းခွဲ သတ်မှတ်ခဲ့ပါတယ်။ ကန့်သတ်ချက်တွေကတော့ Chauvin အနေနဲ့ လက်နက်တွေ အပ်ရမှာ ဖြစ်သလို ၊ တရားဥပဒေ စိုးမိုးရေး ဒါမှမဟုတ်လည်း လုံခြုံရေးနဲ့ ပတ်သက်ပြီး မလုပ်ဖို့၊ နောက် ပြည်နယ်ကနေ ထွက်မသွားပါဘူးလို့ သဘောတူရမှာ ဖြစ်သလို Floyd ရဲ့ မိသားစုနဲ့လည်း မဆက်သွယ်ဖို့ သဘောတူရမှာ ဖြစ်ပါတယ်။ ဇွန်လ ၂၉ ရက်နေ့မှာ နောက်တကြိမ် ရုံးထုတ်ဖို့လည်း တရားသူကြီးက သတ်မှတ်ခဲ့ပါတယ်။

မင်နီဆိုးတား ပြည်နယ် အကျဉ်းထောင်က ဗွီဒီယိုမှာ Derek Chauvin ကိုတွေ့ရပြီး သူ့ကိုတော့ Second degree murder -ကြိုတင်ရည်ရွက်ချက် မပါတဲ့ လူသတ်မှုစွဲချက်၊ နောက် Third degree murder - မတော်တဆ ဖြစ်ခဲ့တဲ့ လူသတ်မှု စွဲချက်၊ နောက် လူသေမှု စွဲချက် စုစုပေါင်း စွဲချက် သုံးခုတင်ထားပါတယ်။

အပြစ်ရှိ မရှိ ပြောစရာ မလိုတဲ့ တရားရုံး လုပ်ထုံး လုပ်နည်းဆိုင်ရာ ကြားနာမှုမှာတော့လိမ္မော်ရောင် ထောင်ဝတ်စုံ ဝတ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်း အသက် ၄၄ နှစ် အရွယ် Chauvin က စိတ်လှုပ်ရှားမှု တစုံတရာ မပြဘဲ မေးခွန်းတွေကို ဖြေကြားသွားပါတယ်။

George Floyd သေဆုံးမှုကြောင့် နိုင်ငံ တဝန်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာပါ။ လက်ထိပ်ခတ်ထားတဲ့ Floyd ရဲ့ လည်ပင်းပေါ်မှာ Derek Chauvin က ဒူးနဲ့ ထောက်ထားတာကို မေလ ၂၅ ရက်က ရိုက်ယူထားတဲ့ ဗွီဒီယိုထဲမှာ တွေ့ရပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG