သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္မွာ လူမ်ိဳးေရး တရားမွ်တမႈနဲ႔ ရဲတပ္ဖြဲ႔ ျပဳျပင္ေျပာင္းလဲေရး အိမ္ျဖဴေတာ္အနီးမွာ ဆႏၵျပ


George Floyd ေသဆုံးမႈအတြက္ အေမရိကန္သမၼတ အိမ္ျဖဴေတာ္အနီး ဆႏၵျပေနသူမ်ား။ (ဇြန္ ၆၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စု ၀ါရွင္တန္ဒီစီက သမၼတအိမ္ျဖဴေတာ္နားမွာ တနဂၤေႏြေန႔က ရာနဲ႔ခ်ီတဲ့ ဆႏၵျပသူေတြ ၿငိမ္းခ်မ္းစြာ ဆက္လက္ ဆႏၵျပခဲ့ၾကပါတယ္။

ရဲေတြခ်ဳပ္ေႏွာင္ထားတဲ့ လူမည္းတဦး ေသဆံုးခဲ့မႈကေန စတင္ျဖစ္ပြားလာတဲ့ လူမ်ဳိးေရးခဲြျခားမႈနဲ႔ ရဲေတြရဲ႕ ညႇဥ္းပန္းမႈကို ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြဟာ ၁၀ ရက္ေျမာက္ ရွိလာပါၿပီ။

ဆႏၵျပသူ အမ်ားစုဟာ အိမ္ျဖဴေတာ္နဲ႔ သိပ္မေ၀းတဲ့ အမည္သစ္ေပးထားတဲ့ Black Lives Matter Plaza မွာ လမ္းေလ်ွာက္ ဆႏၵျပခဲ့ၾကပါတယ္။

စေနေန႔က ၀ါရွင္တန္ဒီစီမွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပမႈေတြရဲ႕ အက်ဳိးရလဒ္အျဖစ္ ျပည္တြင္းကာကြယ္ေရး အရန္တပ္ဖဲြ႔၀င္ ၅,၀၀၀ ကို ျပန္လည္႐ုပ္သိမ္းဖို႔ အမိန္႔ေပးခဲ့ေၾကာင္း သမၼတ Donald Trump က သူ႔ရဲ႕ တြစ္တာမွာ တနဂၤေႏြေန႔ အေစာပိုင္းက ေရးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္က အၾကမ္းဖက္ ဆႏၵျပပဲြေတြကို ႏွိမ္နင္းဖို႔ဆိုၿပီး ျပည္တြင္းကာကြယ္ေရး အရန္တပ္ဖဲြ႔ကို ၀ါရွင္တန္ကို ဆင့္ေခၚခဲ့တာ ျဖစ္ပါတယ္။

စေနေန႔က ၀ါရွင္တန္ဒီစီမွာ လူေပါင္း ၁၀,၀၀၀ ေက်ာ္ ၿငိမ္းခ်မ္းစြာ ဆႏၵျပခဲ့ၾကသလို တနဂၤေႏြေန႔က ဆႏၵျပပဲြေတြမွာလည္း ဆူပူမႈ၊ မၿငိမ္မသက္ လကၡဏာေတြ မေတြ႔ခဲ့ရပါဘူး။

ဆႏၵျပသူေတြထဲမွာ အျဖဴ၊ အမည္း အျပင္ အျခား လူမ်ဳိးေပါင္းစံု ပါ၀င္ၿပီး အမ်ားစုဟာ "Black Lives Matter” ဆိုတဲ့ လမ္းမေပၚမွာ ေရးထားတဲ့ အ၀ါေရာင္ စာလံုးႀကီးေတြရဲ႕ေရွ႕မွာ မွတ္တမ္းတင္ ဓာတ္ပံု႐ုိက္ခဲ့ၾကပါတယ္။

ဒါ့အျပင္ စေနေန႔က ဆႏၵျပပဲြမွာ တဦးတေယာက္မွ ဖမ္းဆီးခံရျခင္း မရွိခဲ့ဘူးလို႔ ၀ါရွင္တန္ၿမိဳ႕ေတာ္၀န္ Muriel Bowser က ေျပာပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္က အၾကမ္းဖက္ ဆႏၵျပမႈေတြကို ႏွိမ္နင္းဖို႔ဆိုၿပီး ၀ါရွင္တန္ဒီစီ တၿမိဳ႕လံုး ဖက္ဒရယ္ရဲတပ္ဖဲြ႔နဲ႔ ျပည္တြင္းကာကြယ္ေရး အရန္တပ္ဖဲြ႔ေတြ လႊမ္းမိုးခဲ့တဲ့ ကိစၥကိုေတာ့ Muriel Bowser က သမၼတ Trump နဲ႔ အစိုးရကို ေ၀ဖန္တိုက္ခိုက္ ေျပာဆိုခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စုတ၀န္း ၿမိဳ႕ေပါင္း ဒါဇင္နဲ႔ခ်ီၿပီး ဆႏၵျပပဲြေတြ ျဖစ္ေပၚေနတာ သီတင္းႏွစ္ပတ္နီးပါး ရွိေနၿပီျဖစ္ပါတယ္။

George Floyd ေသဆံုးမႈနဲ႔ ပတ္သက္လို႔ တာ၀န္ရွိတဲ့ ရဲအရာရွိေဟာင္း ေလးဦးကို စဲြခ်က္အသစ္ေတြ တင္ထားၿပီး အဓိက တာ၀န္ရွိတဲ့ ရဲအရာရွိေဟာင္း Derek Chauvin ကိုေတာ့ ဒုတိယအဆင့္ လူသတ္မႈ စဲြခ်က္နဲ႔ ဖမ္းဆီးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

အမေရိကန်မှာ လူမျိုးရေး တရားမျှတမှုနဲ့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအိမ်ဖြူတော်အနီးမှာ ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီက သမ္မတအိမ်ဖြူတော်နားမှာ တနင်္ဂနွေနေ့က ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ ငြိမ်းချမ်းစွာ ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။

ရဲတွေချုပ်နှောင်ထားတဲ့ လူမည်းတဦး သေဆုံးခဲ့မှုကနေ စတင်ဖြစ်ပွားလာတဲ့ လူမျိုးရေးခွဲခြားမှုနဲ့ ရဲတွေရဲ့ ညှဉ်းပန်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ ၁၀ ရက်မြောက် ရှိလာပါပြီ။

ဆန္ဒပြသူ အများစုဟာ အိမ်ဖြူတော်နဲ့ သိပ်မဝေးတဲ့ အမည်သစ်ပေးထားတဲ့ Black Lives Matter Plaza မှာ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

စနေနေ့က ဝါရှင်တန်ဒီစီမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြမှုတွေရဲ့ အကျိုးရလဒ်အဖြစ် ပြည်တွင်းကာကွယ်ရေး အရန်တပ်ဖွဲ့ဝင် ၅,၀၀၀ ကို ပြန်လည်ရုပ်သိမ်းဖို့ အမိန့်ပေးခဲ့ကြောင်း သမ္မတ Donald Trump က သူ့ရဲ့ တွစ်တာမှာ တနင်္ဂနွေနေ့ အစောပိုင်းက ရေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အကြမ်းဖက် ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ဆိုပြီး ပြည်တွင်းကာကွယ်ရေး အရန်တပ်ဖွဲ့ကို ဝါရှင်တန်ကို ဆင့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

စနေနေ့က ဝါရှင်တန်ဒီစီမှာ လူပေါင်း ၁၀,၀၀၀ ကျော် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသလို တနင်္ဂနွေနေ့က ဆန္ဒပြပွဲတွေမှာလည်း ဆူပူမှု၊ မငြိမ်မသက် လက္ခဏာတွေ မတွေ့ခဲ့ရပါဘူး။

ဆန္ဒပြသူတွေထဲမှာ အဖြူ၊ အမည်း အပြင် အခြား လူမျိုးပေါင်းစုံ ပါဝင်ပြီး အများစုဟာ"Black Lives Matter” ဆိုတဲ့ လမ်းမပေါ်မှာ ရေးထားတဲ့ အဝါရောင် စာလုံးကြီးတွေရဲ့ရှေ့မှာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

ဒါ့အပြင် စနေနေ့က ဆန္ဒပြပွဲမှာ တဦးတယောက်မှ ဖမ်းဆီးခံရခြင်း မရှိခဲ့ဘူးလို့ ဝါရှင်တန်မြို့တော်ဝန် Muriel Bowser က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အကြမ်းဖက် ဆန္ဒပြမှုတွေကို နှိမ်နင်းဖို့ဆိုပြီး ဝါရှင်တန်ဒီစီ တမြို့လုံး ဖက်ဒရယ်ရဲတပ်ဖွဲ့နဲ့ ပြည်တွင်းကာကွယ်ရေး အရန်တပ်ဖွဲ့တွေ လွှမ်းမိုးခဲ့တဲ့ ကိစ္စကိုတော့ Muriel Bowser က သမ္မတ Trump နဲ့ အစိုးရကို ဝေဖန်တိုက်ခိုက် ပြောဆိုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုတဝန်း မြို့ပေါင်း ဒါဇင်နဲ့ချီပြီး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာ သီတင်းနှစ်ပတ်နီးပါး ရှိနေပြီဖြစ်ပါတယ်။

George Floyd သေဆုံးမှုနဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့ ရဲအရာရှိဟောင်း လေးဦးကို စွဲချက်အသစ်တွေ တင်ထားပြီး အဓိက တာဝန်ရှိတဲ့ ရဲအရာရှိဟောင်း Derek Chauvin ကိုတော့ ဒုတိယအဆင့် လူသတ်မှု စွဲချက်နဲ့ ဖမ်းဆီးထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG