သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ ဆႏၵျပပဲြေတြက မီဒီယာအခန္းက႑အေပၚ ျမန္မာသတင္းသမားေတြ အျမင္


George Floyd ေသဆုံးမႈအတြက္ နယူးေယာက္ၿမိဳ႕မွာ ဆႏၵျပေနၾကသူမ်ား။ (ဇြန္ ၆၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုက လူထုဆႏၵျပပဲြေတြမွာ မီဒီယာေတြရဲ႕ အခန္းက႑နဲ႔ သတင္းသမားေတြ ရင္ဆုိင္ရတဲ့ အခက္အခဲေတြအေပၚ ျမန္မာသတင္းသမားေတြရဲ႕ အျမင္ေတြကုိ မဆုမြန္ စုစည္းတင္ျပထားပါတယ္။

ရဲတပ္ဖဲြ႔က ဖမ္းဆီးရာက အာဖရိကန္-အေမရိကန္ လူမည္းအမ်ဳိးသား George Floyd ေသဆုံးခဲ့ရတဲ့အေပၚ မေက်နပ္မႈေတြေၾကာင့္ ဆႏၵျပပဲြေတြ ေပၚေပါက္ေနတာ အခုဆုိရင္ သီတင္း ၂ ပတ္နီးပါး ရွိလာေနပါၿပီ။ အေမရိကန္ ၿမိဳ႕ႀကီးေတာ္ေတာ္မ်ားမ်ားမွာ လူေပါင္းေထာင္ေသာင္းခ်ီ ဆႏၵျပေနတဲ့အတြက္လည္း အေမရိကန္မွာသာမက ႏုိင္ငံတကာမွာပါ ထိပ္တန္းသတင္း ျဖစ္ေနတဲ့ အျဖစ္အပ်က္အေပၚ ျမန္မာသတင္းသမားေတြလည္း စိတ္၀င္တစား ေစာင့္ၾကည့္ေနၾကတာပါ။

အခုလုိ တုိင္းျပည္တခုမွာ အေရးႀကီးတဲ့ ျဖစ္စဥ္တခုကုိ တင္ျပရာမွာ မီဒီယာေတြရဲ႕ အခန္းက႑ဟာ အေရးႀကီးသလုိ ဘက္လုိက္မႈကင္းဖုိ႔ လုိတယ္လုိ႔လည္း ျမန္မာသတင္းမီဒီယာေကာင္စီ တြဲဘက္အတြင္းေရးမွဴး-၁ ကိုျမင့္ေက်ာ္က သံုးသပ္ပါတယ္။

“မီဒီယာေတြ အေရးႀကီးတယ္ဆိုတာက ဘာေတြျဖစ္ေနတယ္ဆိုတာ ေန႔စဥ္ ေျမျပင္မွာ ျဖစ္ပ်က္ေနတာေတြကို တာဝန္ရွိသူေတြ သိဖို႔ အေရးႀကီးတယ္။ ဥပမာ ရဲတပ္ဖြဲ႔ေတြ ဘယ္လိုကိုင္တြယ္သလဲ၊ အာဏာပိုင္ေတြရဲ႕ တာဝန္ခံမႈအတြက္ မွတ္တမ္းတင္ေပးတာပဲ၊ အဲဒီအပိုင္းေတြက တကယ္အေရးႀကီးတယ္လို႔ ျမင္ပါတယ္။ ေနာက္ က်ေနာ္တခုျမင္တာက တခ်ိဳ႕သတင္းမီဒီယာေတြက ပါတီေတြနဲ႔ နီးစပ္တယ္။ ဥပမာ FOX လိုမ်ိဳးဆို အယူအဆအားျဖင့္ ေထာက္ခံတာမ်ိဳး ေတြ႔ရတယ္။ အဲဒီသဘာဝက အနည္းနဲ႔အမ်ား ရွိႏုိင္ၾကတယ္။ သို႔ေသာ္ Media Pluralism ဗဟုဝါဒ ေခၚမွာေပါ့ေနာ္ အဲဒီဟာကလည္း ဒီလိုအေျခအေနမ်ိဳးမွာ အေရးႀကီးတယ္လို႔ ထင္တယ္။ လူထုကို အဲဒီမီဒီယာက ျမင္ေစခ်င္ ေျပာေစခ်င္တဲ့ ယူဆေစခ်င္တဲ့ လမ္းေၾကာင္းကိုပဲ သူတို႔ ပံုသြင္းၾကတာမ်ိဳးေတြလည္း ျဖစ္ႏုိင္တယ္။

“ဒါေပမယ့္ မီဒီယာဘက္ကေတာ့ လူထုအတြက္ အျမင္အမ်ိဳးမ်ိဳး သတင္းအခ်က္အလက္ ေထာင့္စံု အင္ေဖာ္ေမးရွင္း အမ်ိဳးမ်ိဳးကို ရေစႏုိင္တဲ့ ဒီလိုအေျခအေနမ်ိဳးမွာ Media Pluralism တကယ္အေရးႀကီးတယ္ ဆုိတာကို သက္ေသျပသလိုလို႔ က်ေနာ္ျမင္ပါတယ္။ တခ်ိဳ႕ေကာ္မန္႔ေတြ ဖတ္ၾကည့္ေတာ့ သတင္းမီဒီယာေတြက အျဖစ္အပ်က္ကို ေသြးဆူေအာင္ျပလို႔ အျဖစ္အပ်က္က ပိုၿပီးေတာ့ အရွိန္ျမင့္တယ္ဆိုတဲ့ သေဘာမ်ိဳး အယူအဆမ်ိဳးလည္း ရွိတာေပါ့ေနာ္။ က်ေနာ္ကေတာ့ အဲဒီအယူအဆကို သေဘာမတူဘူး။ သို႔ေသာ္ မီဒီယာကလည္း အျဖစ္အပ်က္တင္မဟုတ္ဘူး၊ သူနဲ႔ အေၾကာင္းအက်ိဳးပါ ဆက္စပ္ျပႏိုင္တဲ့ မီဒီယာ Professional ျဖစ္ဖို႔ လိုတယ္ေပါ့ေနာ္။”

အေမရိကန္ျပည္ေထာင္စုက ဆႏၵျပပဲြေတြအတြင္း သတင္းမီဒီယာသမားေတြကုိ လုံၿခံဳေရးအာဏာပုိင္ေတြ၊ ဆႏၵျပသူေတြက ဖမ္းဆီးတာ တုိက္ခုိက္တာမ်ဳိးေတြလည္း ရွိပါတယ္။ ဒီလုိလုပ္ရပ္မ်ဳိးေတြကေတာ့ စုိးရိမ္စရာ ေကာင္းတယ္လုိ႔လည္း ႏိုင္ငံျခားသတင္းေထာက္တဦးျဖစ္တဲ့ ဦးသီဟေသြးက ျမင္ပါတယ္။

“အေမရိကားမွာ ဆႏၵျပပြဲေတြျဖစ္တာ ေတြ႔ဖူးတယ္ေပါ့ေနာ္။ ဒီေလာက္ႀကီး ဒီလို ျပႆနာကို ေျဖရွင္းတဲ့ကိစၥေတြမွာ မီဒီယာကို ရည္ရြယ္ခ်က္ရွိွရွိေပါ့ေနာ္၊ ဒီဘက္ အာဏာရွင္ႏုိင္ငံေတြ မလြတ္လပ္တဲ့ ႏုိင္ငံေတြမွာ ျဖစ္သလိုမ်ိဳး အာဏာပိုင္ေတြ အေနနဲ႔ မီဒီယာအေပၚမွာ မသိမသာေရာ သိသိသာသာေရာ မရွိေစခ်င္တဲ့ သေဘာမ်ိဳးေပါ့ေနာ္။ အဲ့လိုမ်ိဳး သတင္းယူမႈကို ေႏွာင့္ယွက္တာ အေမရိကားမွာ က်ေနာ့္အတြက္ေတာ့ ဒါ ပထမဆံုး ေတြ႔ရတာပဲ။ ေတာ္ေတာ္ေလး ထိတ္လန္႔မိတယ္ေပါ့ဗ်ာ။

“ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ကို က်ေနာ္တို႔က စံအျဖစ္ သေဘာထားၿပီး ဒီလိုလြတ္လပ္မႈမ်ိဳး ရေအာင္ က်ေနာ္တို႔ ဒီတိုင္းျပည္ေတြမွာလည္း ရေအာင္ ႀကိဳးစားေနၾကတာေပါ့ေနာ္။ အုပ္ခ်ဳပ္သူေတြ အာဏာပိုင္ေတြဘက္က မီဒီယာေတြပါလာရင္ ပို႐ႈပ္မယ္၊ ျပႆနာပိုႀကီးမယ္ဆိုတဲ့ အျမင္မ်ိဳး ရွိပံုရတယ္။ ဆိုေတာ့ မီဒီယာေတြ ဒီေနရာကေန ထြက္သြားေအာင္၊ မလာရဲေအာင္ အဲ့လိုမ်ိဳး Discourage လုပ္တဲ့သေဘာ ေတြ႔ရတယ္၊ ေတာ္ေတာ္ေလး အံ့ၾသမိတယ္။ ေတာ္ေတာ္လည္း တုန္လႈပ္မိတယ္။ ဒါက ေကာင္းတဲ့လကၡဏာ မဟုတ္ဘူး။ အထူးသျဖင့္ တကမၻာလံုးက စံထားတဲ့ အေမရိကန္လို ႏုိင္ငံမ်ိဳးမွာ ဒီလိုကိုင္တြယ္ေျဖရွင္းမႈက က်န္တဲ့ ဒီမိုကေရစီထူေထာင္ဖို႔ ႀကိဳးစားေနတဲ့ တုိင္းျပည္ေတြကိုပါ သက္ေရာက္မႈ ရွိေစတယ္ဗ်။”

သတင္းမီဒီယာသမားေတြ ရင္ဆုိင္ေနရတဲ့ အခက္အခဲေတြဟာလည္း အေမရိကန္ ျပည္ေထာင္စုမွာ လတ္တေလာ ျဖစ္ပြားေနတဲ့ ဆႏၵျပပဲြေတြအတြင္း ပုိၿပီး ထင္ထင္ရွားရွား ေတြ႔လာေနရတာပါ။ ၀ါရင့္သတင္းသမားတဦးျဖစ္တဲ့ ဦးသီဟေသြးကေတာ့ အစုိးရေတြအေနနဲ႔ သတင္းမီဒီယာေတြရဲ႕ တန္ဖုိးကုိ ပုိၿပီးလက္ခံဖုိ႔ လုိအပ္ေနတာကုိ အခုအျဖစ္အပ်က္ေတြက မီးေမာင္းထုိးျပေနတယ္လုိ႔ ျမင္ပါတယ္။

“အစိုးရအဖြဲ႔အစည္းေတြ အုပ္ခ်ဳပ္ေရးသမားေတြက ပဋိပကၡေတြကို ကိုင္တြယ္တဲ့အခါမွာ မီဒီယာသမားေတြကို ႏွိပ္ကြပ္မယ္ဆိုတာက အၿမဲတမ္း စဥ္းစားတ့ဲ စဥ္းစားခ်က္တခု ျဖစ္တယ္ဗ်။ ပံုမွန္ဆိုရင္ေတာ့ မီဒီယာသမားေတြ ရွိေနတာက ႏွစ္ဖက္စလံုးက တိုင္တည္တာေပါ့ဗ်ာ။ ပဋိပကၡ ျဖစ္စဥ္တခုမွာ မီဒီယာကို ႏွစ္ဖက္စလံုးက အသံုးျပဳရတဲ့ အားကိုးရတဲ့ စတုတၳမ႑ိဳင္တခုေပါ့။ အဲ့လုိမေတြးဘဲ ဒီမီဒီယာဟာ ဒီလိုမ်ိဳး ပဋိပကၡေတြ ဆႏၵျပမႈေတြကို အားေပးတယ္၊ ေထာက္ခံတယ္၊ ဒီကေနတဆင့္ မီဒီယာကေန က်ယ္ျပန္႔လာေအာင္ လုပ္ေနပါတယ္လို႔ ေတြးၿပီးလုပ္တာက ဖိႏွိပ္တဲ့ လြတ္လပ္ခြင့္ေတြအေပၚကို ကန္႔သတ္လိုတဲ့၊ ျပႆနာကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း မရွင္းလိုတဲ့ အစိုးရအဖြဲ႔ေတြရဲ႕ လုပ္ထံုးလုပ္နည္းပဲ။

“အခုလို လုပ္လိုက္တဲ့အခါမွာ Ground မွာ လုပ္ေနတဲ့ မီဒီယာသမားေတြကို ထိခုိက္ေအာင္ လုပ္လိုက္တာဟာ တနည္းတဖံုနဲ႔ က်န္တဲ့ မီဒီယာသမားေတြကို ေၾကာက္လန္႔သြားေအာင္၊ ထိတ္လန္႔သြားေအာင္၊ သတင္းမယူရဲေအာင္ လုပ္တာပဲဆိုေတာ့ သူတို႔ဘက္က ေတာင္းပန္ေကာင္း ေတာင္းပန္လိုက္မယ္။ အေရးယူတာေတြ Follow up လိုက္ေကာင္းလုိက္ႏုိင္မယ္။ ဒါေပမယ့္ ဒါဟာ က်ေနာ္ကေတာ့ ရည္ရြယ္ခ်က္ရွိရွိ လုပ္ျပတယ္လို႔ ထင္တယ္။ အနည္းနဲ႔အမ်ားေတာ့ ေတာ္ေတာ္မ်ားမ်ားကို အဟန္႔အတား ျဖစ္သြားေစတယ္။ စစ္ပြဲေတြထဲမွာလိုပဲ အေမရိကန္ရဲ႕ ဆႏၵျပမႈေတြဟာ သတင္းသမားေတြအတြက္ လံုၿခံဳမႈမရွိတာကို ျပေနတာ။ သတင္းသမားေတြ ထိခုိက္မႈရွိတာဟာ အသက္အႏၱရာယ္ရွိတာဟာ အင္မတန္ စိုးရိမ္ဖြယ္ေကာင္းတယ္လို႔ ျမင္ပါတယ္။”

လူမည္းေတြအေပၚ ခဲြျခားဆက္ဆံမႈေတြနဲ႔ ရဲတပ္ဖဲြ႔ရဲ႕ အင္အားအလြန္အကၽြံသုံးတဲ့ လုပ္ရပ္ေတြ အဆုံးသတ္ဖုိ႔ ေတာင္းဆုိ ဆႏၵျပမႈေတြဟာ အခုအခါ အေမရိကန္ျပည္ေထာင္စုမွာသာမက ေတာင္အေမရိက၊ ဥေရာပနဲ႔ အာရွတုိက္ ႏုိင္ငံတခ်ဳိ႕အထိပါ ပ်ံ႕ႏွံ႔လာေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

အမေရိကန် ဆန္ဒပြပွဲတွေက မီဒီယာအခန်းကဏ္ဍအပေါ် မြန်မာသတင်းသမားတွေ အမြင်

အမေရိကန်ပြည်ထောင်စုက လူထုဆန္ဒပြပွဲတွေမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍနဲ့သတင်းသမားတွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေအပေါ် မြန်မာသတင်းသမားတွေရဲ့ အမြင်တွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

ရဲတပ်ဖွဲ့က ဖမ်းဆီးရာက အာဖရိကန်-အမေရိကန် လူမည်းအမျိုးသား George Floyd သေဆုံးခဲ့ရတဲ့အပေါ် မကျေနပ်မှုတွေကြောင့် ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ အခုဆိုရင် သီတင်း ၂ ပတ်နီးပါး ရှိလာနေပါပြီ။ အမေရိကန် မြို့ကြီးတော်တော်များများမှာ လူပေါင်းထောင်သောင်းချီ ဆန္ဒပြနေတဲ့အတွက်လည်း အမေရိကန်မှာသာမက နိုင်ငံတကာမှာပါ ထိပ်တန်းသတင်း ဖြစ်နေတဲ့ အဖြစ်အပျက်အပေါ် မြန်မာသတင်းသမားတွေလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။

အခုလို တိုင်းပြည်တခုမှာ အရေးကြီးတဲ့ ဖြစ်စဉ်တခုကို တင်ပြရာမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးသလို ဘက်လိုက်မှုကင်းဖို့ လိုတယ်လို့လည်း မြန်မာသတင်းမီဒီယာကောင်စီ တွဲဘက်အတွင်းရေးမှူး-၁ ကိုမြင့်ကျော်က သုံးသပ်ပါတယ်။

“မီဒီယာတွေ အရေးကြီးတယ်ဆိုတာက ဘာတွေဖြစ်နေတယ်ဆိုတာ နေ့စဉ် မြေပြင်မှာ ဖြစ်ပျက်နေတာတွေကို တာဝန်ရှိသူတွေ သိဖို့ အရေးကြီးတယ်။ ဥပမာ ရဲတပ်ဖွဲ့တွေ ဘယ်လိုကိုင်တွယ်သလဲ၊ အာဏာပိုင်တွေရဲ့ တာဝန်ခံမှုအတွက် မှတ်တမ်းတင်ပေးတာပဲ၊ အဲဒီအပိုင်းတွေက တကယ်အရေးကြီးတယ်လို့ မြင်ပါတယ်။ နောက် ကျနော်တခုမြင်တာက တချို့သတင်းမီဒီယာတွေက ပါတီတွေနဲ့ နီးစပ်တယ်။ ဥပမာ FOX လိုမျိုးဆို အယူအဆအားဖြင့် ထောက်ခံတာမျိုး တွေ့ရတယ်။ အဲဒီသဘာဝက အနည်းနဲ့အများ ရှိနိုင်ကြတယ်။ သို့သော် Media Pluralism ဗဟုဝါဒ ခေါ်မှာပေါ့နော် အဲဒီဟာကလည်း ဒီလိုအခြေအနေမျိုးမှာ အရေးကြီးတယ်လို့ ထင်တယ်။ လူထုကို အဲဒီမီဒီယာက မြင်စေချင် ပြောစေချင်တဲ့ ယူဆစေချင်တဲ့ လမ်းကြောင်းကိုပဲ သူတို့ ပုံသွင်းကြတာမျိုးတွေလည်း ဖြစ်နိုင်တယ်။

“ဒါပေမယ့် မီဒီယာဘက်ကတော့ လူထုအတွက် အမြင်အမျိုးမျိုး သတင်းအချက်အလက် ထောင့်စုံ အင်ဖော်မေးရှင်း အမျိုးမျိုးကို ရစေနိုင်တဲ့ ဒီလိုအခြေအနေမျိုးမှာ Media Pluralism တကယ်အရေးကြီးတယ် ဆိုတာကို သက်သေပြသလိုလို့ ကျနော်မြင်ပါတယ်။ တချို့ကော်မန့်တွေ ဖတ်ကြည့်တော့ သတင်းမီဒီယာတွေက အဖြစ်အပျက်ကို သွေးဆူအောင်ပြလို့ အဖြစ်အပျက်က ပိုပြီးတော့ အရှိန်မြင့်တယ်ဆိုတဲ့ သဘောမျိုး အယူအဆမျိုးလည်း ရှိတာပေါ့နော်။ ကျနော်ကတော့ အဲဒီအယူအဆကို သဘောမတူဘူး။ သို့သော် မီဒီယာကလည်း အဖြစ်အပျက်တင်မဟုတ်ဘူး၊ သူနဲ့ အကြောင်းအကျိုးပါ ဆက်စပ်ပြနိုင်တဲ့ မီဒီယာ Professional ဖြစ်ဖို့ လိုတယ်ပေါ့နော်။”

အမေရိကန်ပြည်ထောင်စုက ဆန္ဒပြပွဲတွေအတွင်း သတင်းမီဒီယာသမားတွေကို လုံခြုံရေးအာဏာပိုင်တွေ၊ ဆန္ဒပြသူတွေက ဖမ်းဆီးတာ တိုက်ခိုက်တာမျိုးတွေလည်း ရှိပါတယ်။ ဒီလိုလုပ်ရပ်မျိုးတွေကတော့ စိုးရိမ်စရာ ကောင်းတယ်လို့လည်း နိုင်ငံခြားသတင်းထောက်တဦးဖြစ်တဲ့ ဦးသီဟသွေးက မြင်ပါတယ်။

“အမေရိကားမှာ ဆန္ဒပြပွဲတွေဖြစ်တာ တွေ့ဖူးတယ်ပေါ့နော်။ ဒီလောက်ကြီး ဒီလို ပြဿနာကို ဖြေရှင်းတဲ့ကိစ္စတွေမှာ မီဒီယာကို ရည်ရွယ်ချက်ရှှိရှိပေါ့နော်၊ ဒီဘက် အာဏာရှင်နိုင်ငံတွေ မလွတ်လပ်တဲ့ နိုင်ငံတွေမှာ ဖြစ်သလိုမျိုး အာဏာပိုင်တွေ အနေနဲ့ မီဒီယာအပေါ်မှာ မသိမသာရော သိသိသာသာရော မရှိစေချင်တဲ့ သဘောမျိုးပေါ့နော်။ အဲ့လိုမျိုး သတင်းယူမှုကို နှောင့်ယှက်တာ အမေရိကားမှာ ကျနော့်အတွက်တော့ ဒါ ပထမဆုံး တွေ့ရတာပဲ။ တော်တော်လေး ထိတ်လန့်မိတယ်ပေါ့ဗျာ။

“ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ကျနော်တို့က စံအဖြစ် သဘောထားပြီး ဒီလိုလွတ်လပ်မှုမျိုး ရအောင် ကျနော်တို့ ဒီတိုင်းပြည်တွေမှာလည်း ရအောင် ကြိုးစားနေကြတာပေါ့နော်။ အုပ်ချုပ်သူတွေ အာဏာပိုင်တွေဘက်က မီဒီယာတွေပါလာရင် ပိုရှုပ်မယ်၊ ပြဿနာပိုကြီးမယ်ဆိုတဲ့ အမြင်မျိုး ရှိပုံရတယ်။ ဆိုတော့ မီဒီယာတွေ ဒီနေရာကနေ ထွက်သွားအောင်၊ မလာရဲအောင် အဲ့လိုမျိုး Discourage လုပ်တဲ့သဘော တွေ့ရတယ်၊ တော်တော်လေး အံ့သြမိတယ်။ တော်တော်လည်း တုန်လှုပ်မိတယ်။ ဒါက ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ အထူးသဖြင့် တကမ္ဘာလုံးက စံထားတဲ့ အမေရိကန်လို နိုင်ငံမျိုးမှာ ဒီလိုကိုင်တွယ်ဖြေရှင်းမှုက ကျန်တဲ့ ဒီမိုကရေစီထူထောင်ဖို့ ကြိုးစားနေတဲ့ တိုင်းပြည်တွေကိုပါ သက်ရောက်မှု ရှိစေတယ်ဗျ။”

သတင်းမီဒီယာသမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေဟာလည်း အမေရိကန် ပြည်ထောင်စုမှာ လတ်တလော ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေအတွင်း ပိုပြီး ထင်ထင်ရှားရှား တွေ့လာနေရတာပါ။ ဝါရင့်သတင်းသမားတဦးဖြစ်တဲ့ ဦးသီဟသွေးကတော့ အစိုးရတွေအနေနဲ့ သတင်းမီဒီယာတွေရဲ့ တန်ဖိုးကို ပိုပြီးလက်ခံဖို့ လိုအပ်နေတာကို အခုအဖြစ်အပျက်တွေက မီးမောင်းထိုးပြနေတယ်လို့ မြင်ပါတယ်။

“အစိုးရအဖွဲ့အစည်းတွေ အုပ်ချုပ်ရေးသမားတွေက ပဋိပက္ခတွေကို ကိုင်တွယ်တဲ့အခါမှာ မီဒီယာသမားတွေကို နှိပ်ကွပ်မယ်ဆိုတာက အမြဲတမ်း စဉ်းစားတဲ့ စဉ်းစားချက်တခု ဖြစ်တယ်ဗျ။ ပုံမှန်ဆိုရင်တော့ မီဒီယာသမားတွေ ရှိနေတာက နှစ်ဖက်စလုံးက တိုင်တည်တာပေါ့ဗျာ။ ပဋိပက္ခ ဖြစ်စဉ်တခုမှာ မီဒီယာကို နှစ်ဖက်စလုံးက အသုံးပြုရတဲ့ အားကိုးရတဲ့ စတုတ္ထမဏ္ဍိုင်တခုပေါ့။ အဲ့လိုမတွေးဘဲ ဒီမီဒီယာဟာ ဒီလိုမျိုး ပဋိပက္ခတွေ ဆန္ဒပြမှုတွေကို အားပေးတယ်၊ ထောက်ခံတယ်၊ ဒီကနေတဆင့် မီဒီယာကနေ ကျယ်ပြန့်လာအောင် လုပ်နေပါတယ်လို့ တွေးပြီးလုပ်တာက ဖိနှိပ်တဲ့ လွတ်လပ်ခွင့်တွေအပေါ်ကို ကန့်သတ်လိုတဲ့၊ ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း မရှင်းလိုတဲ့ အစိုးရအဖွဲ့တွေရဲ့ လုပ်ထုံးလုပ်နည်းပဲ။

“အခုလို လုပ်လိုက်တဲ့အခါမှာ Ground မှာ လုပ်နေတဲ့ မီဒီယာသမားတွေကို ထိခိုက်အောင် လုပ်လိုက်တာဟာ တနည်းတဖုံနဲ့ ကျန်တဲ့ မီဒီယာသမားတွေကို ကြောက်လန့်သွားအောင်၊ ထိတ်လန့်သွားအောင်၊ သတင်းမယူရဲအောင် လုပ်တာပဲဆိုတော့ သူတို့ဘက်က တောင်းပန်ကောင်း တောင်းပန်လိုက်မယ်။ အရေးယူတာတွေFollow up လိုက်ကောင်းလိုက်နိုင်မယ်။ ဒါပေမယ့် ဒါဟာ ကျနော်ကတော့ ရည်ရွယ်ချက်ရှိရှိ လုပ်ပြတယ်လို့ ထင်တယ်။ အနည်းနဲ့အများတော့ တော်တော်များများကို အဟန့်အတား ဖြစ်သွားစေတယ်။ စစ်ပွဲတွေထဲမှာလိုပဲ အမေရိကန်ရဲ့ ဆန္ဒပြမှုတွေဟာ သတင်းသမားတွေအတွက် လုံခြုံမှုမရှိတာကို ပြနေတာ။ သတင်းသမားတွေ ထိခိုက်မှုရှိတာဟာ အသက်အန္တရာယ်ရှိတာဟာ အင်မတန် စိုးရိမ်ဖွယ်ကောင်းတယ်လို့ မြင်ပါတယ်။”

လူမည်းတွေအပေါ် ခွဲခြားဆက်ဆံမှုတွေနဲ့ ရဲတပ်ဖွဲ့ရဲ့ အင်အားအလွန်အကျွံသုံးတဲ့ လုပ်ရပ်တွေ အဆုံးသတ်ဖို့ တောင်းဆို ဆန္ဒပြမှုတွေဟာ အခုအခါ အမေရိကန်ပြည်ထောင်စုမှာသာမက တောင်အမေရိက၊ ဥရောပနဲ့ အာရှတိုက် နိုင်ငံတချို့အထိပါ ပျံ့နှံ့လာနေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG