သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ-အေမရိကန္ National Guard ဖခင္ေျပာျပတဲ့ Minnesota လုံၿခံဳေရးအေျခအေန


Minnesota ျပည္နယ္ St. Paul ၿမိဳ႕မွာ လံုၿခံဳေရးရဲက ဆႏၵျပသူေတြကို ႏႈတ္ဆက္ေန (ဇြန္လ ၁ ရက္ေန႔ ၂၀၂၀ )

(Zawgyi/Unicode)
အေမရိကန္ျပည္ေထာင္စုတဝွမ္း ဆႏၵျပပြဲေတြစတင္ခဲ့ရတဲ့ လူမည္းအမ်ိဳးသားတဦး ရဲကဖမ္းစဥ္အသက္ဆံုးခဲ့ရတဲ့ အျဖစ္အပ်က္စခဲ့တဲ့ Minnesota ျပည္နယ္ထဲက St. Paul ၿမိဳ႕က လံုျခံဳေရးလက္ရွိအေျခအေနကိုNational Guard ျပည္တြင္းအရံတပ္ဖြဲ႔ဝင္ရဲ႕ ဖခင္လည္းျဖစ္တဲ့ ၿမိဳ႕ခံျမန္မာ ရွမ္းတိုင္းရင္းသားတဦးကို မဆုမြန္ ဆက္သြယ္ေမးျမန္းထားပါတယ္။

မဆုမြန္။ ။ အခုလက္ရွိ Minnesota ရဲ႕ လံုျခံဳေရးအေျခအေန သိခ်င္လို႔ပါ အေနအထား အခုဘယ္လိုရွိပါသလဲရွင့္။

ကိုေနဝင္း။ ။ အခုေတာ့ အခင္းျဖစ္သြားတဲ့အေျခအေနမွာ ဒီ National Guards ေတြ ဝင္လာၿပီးေနာက္ပိုင္း အခုအားလံုး ၿငိမ္းခ်မ္းသြားၿပီလို႔ထင္ပါတယ္။ အမိန္႔ေပးထားတဲ့ အခု ကာဖ်ဴးအမိန္႔ေပး ထားတာေတြကိုလည္း ေလွ်ာ့ေပါ့ေပးလာတာကိုေတြ႔ရတယ္။ ၿပီးေတာ့ အခု အိမ္ကသမီးျဖစ္သူ National Guard က ဝင္ထားတယ္ဆိုေတာ့ အခုလည္း ဟုိးအခင္းျဖစ္ကတည္းက သြားတာ အခုထက္ထိျပန္ေတာ့ မေရာက္ေသးဘူးေပါ့ေနာ္။

မဆုမြန္။ ။အခုကိုေနဝင္းတို႔ေနတဲ့ၿမိဳ႕ကေရာ ဘယ္လိုမ်ားအေနအထားရွိပါသလဲရွင့္။ ျဖစ္တုန္းကေရာ ဘယ္ေလာက္အထိ ဆိုးဆိုးဝါးဝါးျဖစ္သြားလဲ။

ကိုေနဝင္း။ ။ က်ေနာ္ေနတာက Minnesota ျပည္နယ္ထဲ-က St. Paul ၿမိဳ႕မွာပါခင္ဗ်။ အခုလက္ရွိအေျခအေနမွာ-စျဖစ္တုန္းကေတာ့ ဟိုး Minnesota ျပည္နယ္ထဲက Minneapolis ျဖစ္တာေပါ့ ေနာက္ တဆက္တည္းပါပဲ ေနာက္ပိုင္း St. Paul ၿမိဳ႕ထဲ ဆက္လာၿပီးေတာ့ လုယက္ခိုးေဖာက္မႈေတြနဲ႔ ၾကမ္းတမ္းလာတာေတြကို ေတြ႔ရတယ္ အခုေတာ့ ေကာင္းသြားၿပီလို႔ ထင္ပါတယ္။

မဆုမြန္။ ။ အဲ့ေတာ့ အခုကေတာ့ ကိုေနဝင္းက ပံုမွန္အလုပ္ဆင္းေနတာပဲေပါ့ေနာ္။ အဲ့ဒီ့လို အလုပ္သြားေနရတဲ့ အခ်ိန္တုန္းကေရာ လံုျခံဳေရးက စိုးရိမ္စရာအေနအထားရွိလားရွင္။

ကိုေနဝင္း။ ။အလုပ္ကေတာ့ ပံုမွန္ပဲ က်ေနာ္သြားရပါတယ္ သို႔ေသာ္ အဲ့သလို ဒီ အေရးအခင္းျဖစ္တဲ့ အခ်ိန္တုန္းကေတာ့ ေကြ႔ပတ္ ေရွာင္ကြင္းၿပီး သြားရပါတယ္။ လံုျခံဳေရးကေတာ့ စိုးရိမ္ရတယ္ အိမ္ျပန္တဲ့အခါက်ေတာ့ေလ။ အလုပ္ရံုကလည္းေျပာတယ္။ အိမ္ျပန္တဲ့အခါက်ရင္ သတိဝီရိယနဲ႔ ျပန္ဖို႔ အေရးၾကီးတယ္ဆိုတဲ့အေၾကာင္းလည္း ေျပာလိုက္တယ္။

မဆုမြန္။ ။ အခု ေရာ St. Paul ၿမိဳ႕မွာရွိတဲ့ ျမန္မာႏုိင္ငံသားေတြထဲမွာေရာ လတ္တေလာ လံုျခံဳေရးစိုးရိမ္ရတဲ့အေျခအေနရွိလား။ ေနာက္ သူတို႔ေရာ စိုးရိမ္ေနၾကတဲ့အေနအထားရွိလားရွင့္။

ကိုေနဝင္း။ ။ ဟုတ္ကဲ့ အဲ့ဒီ့အခ်ိန္တုန္းက အားလံုးပဲ အရမ္းစိုးရိမ္ေနၾကတာ။ ၿပီးေတာ့ ဘယ္သူမွ အျပင္မထြက္ရဲဘူး။ ၿပီးေတာ့လည္း ဒီCOVID-19 ေၾကာင့္ အေၾကာက္တရားေတြလည္ း ရွိေနၾကတဲ့အခ်ိန္ အခုလိုအေရးအခင္းျဖစ္ေတာ့ ပိုၿပီးေတာ့ အေၾကာက္တရား ဝင္လာတာ။ အဲ့လိုမ်ိဳး ေပါင္းလုိက္ေတာ့ လူေတြက ဘယ္သူမွ အျပင္မထြက္ရဲၾကေတာ ့ေလာက္ေအာင္ ျဖစ္သြားၾကတယ္။ အခုကေတာ့ ကာဖ်ဴးအမိန္႔ေပးတာ အခုေနာက္ပိုင္း တေျဖးေျဖး ေလွ်ာ့ေပါ့လာတယ္။

မဆုမြန္ ။ ။အခုက သမီးကလည္း National Guard မွာ တာဝန္ထမ္းေဆာင္ေနတယ္။ အခုလို ဆႏၵျပမႈေတြ အၾကမ္းဖက္မႈေတြလည္း ရွိေနေတာ့ ဖခင္တဦးအေနနဲ႔ေရာ -ဘယ္လိုစိုးရိမ္မႈရွိပါလဲ။ သမီးကေရာ မိသားစုကို ဘာေတြမ်ားသတိေပးပါလဲ သူ့အေနနဲ႔ လံုျခံဳေရးသြားရေတာ့မယ္အခ်ိန္။

ကိုေနဝင္း။ ။အိမ္ကမိသားစုအားလံုးကို အျပင္လံုးဝမထြက္ဖို႔ သူ သတိေပးသြားတယ္။သူတို႔ဆီက ဘာInformation သတင္းမွ မရေတာ့ အျမဲတမ္းလို သူ႔ကိုစုိးရိမ္တယ္။ တာဝန္ခ်ိန္မွာ သူ႔ကို ဘယ္လိုမွဆက္သြယ္လို႔မရဘူးျဖစ္ေနတယ္ ဒါေပမဲ့သူတို႔ေျပာျပခ်က္ အရေတာ့-သူက ဆိုင္ေတြ စတိုးလ္ဆိုင္ေတြ ကုန္တိုက္ေတြ အေဆာက္အဦးၾကီးေတြမွာလံုျခံဳေရးတာဝန္ေပးထားတယ္ ျပည္သူလူထုအတြက္ ကာကြယ္ဖို႔ဆိုၿပီး သူ တာဝန္ယူေနရတာေပါ့ေနာ္။ အဲ့ေလာက္ပဲသိရတယ္။

မဆုမြန္။ ။ အခု အဲ့ေတာ့ သမီးျဖစ္သူကိုယ္တုိင္ကလည္း National Guard ျဖစ္တယ္။ အခုကလည္း ဒီ St. Paul ၿမိဳ႕မွာ ဒီလိုမ်ိဳး National Guard ေတြဘက္က လံုျခံဳေရးတာဝန္ယူထားတယ္ဆိုေတာ့ St. Paul ၿမိဳ႕မွာေနတဲ့ ၿမိဳ႕ခံတေယာက္အေနနဲ႔ဒီလံုျခံဳေရးအေျခအေနက စိတ္ခ်ရၿပီလို႔ထင္လား။ ထပ္ၿပီးဘယ္လို လံုျခံဳေရးအစီအမံေတြ တိုးျမွင့္ေပးဖို႔လိုလည္း။ အခုလက္ရွိ အေနအထားကေရာ ဘယ္လိုရွိပါလဲရွင့္။

ကိုေနဝင္း။။ က်ေနာ္ကေတာ့ ပံုမွန္အလုပ္သြားရတဲ့အခ်ိန္ ကားကအျမဲရွင္းတယ္ ဒါေပမဲ့ အခု St. Paul ၿမိဳ႕မွာ National Guard ေတြ ဝင္လာၿပီးတဲ့ေနာက္ပိုင္း လူေတြက လမ္းေပၚမွာ ေတြ႔ျမင္လာရတယ္ ကားေတြလည္း မ်ားလာတယ္။ ကားေတြလည္း က်ပ္လာတယ္ အလုပ္ဆင္းတဲ့သူေတြလည္း မ်ားလာတာကို ေတြ႔ရတယ္။ ဆိုလိုတာက နယ္ေျမေအးခ်မ္း ေလာက္ၿပီလို႔ ထင္ပါတယ္။

မဆုမြန္။ ။ ေနာက္ဆံုးအေနနဲ႔ပါ အခုက ကိုဗစ္ကာလလည္းျဖစ္တယ္ အခုဆႏၵျပပြဲေတြလည္း ျဖစ္ေနတယ္ဆိုေတာ့ လတ္တေလာအေနအထားအေပၚမွာ လူေတြရဲ႕ လံုျခံဳေရး လုပ္ငန္းခြင္ေတြ ပံုမွန္သြားေနရတဲ့အခ်ိန္ အခ်င္းခ်င္း ဘာမ်ားသတိေပးခ်င္တာရွိပါလဲရွင္။

ကိုေနဝင္း။ ။ ဟုတ္ကဲ့ တခုေကာင္းတာက အခင္းျဖစ္ပြားခ်ိန္မွာ က်ေနာ္တို႔ အခ်င္းခ်င္း ျမန္မာျပည္သားေတြၾကားထဲမွာ တေယာက္နဲ႔တေယာက္ ဆက္သြယ္ၿပီးေတာ့ ေမးျမန္းၾကတယ္။ အခုလက္ရွိအေျခအေနမွာေတာ့ အကုန္လံုး အိမ္မွာေနဖို႔သင့္ပါတယ္ ဒီကိုဗစ္ေရာဂါေၾကာင့္ေရာ တခုေရာေပါ့ အတတ္ႏိုင္ဆံုးက အိမ္မွာပဲေနတာက ကိုယ့္အသက္အတြက္ လံုျခံဳတယ္လို႔ က်ေနာ္ျမင္တယ္။

မဆုမြန္။ ကိုေနဝင္း ေက်းဇူးတင္ပါတယ္ရွင္ ေျဖေပးတာ။

ဒါကေတာ့ Minnesota ျပည္နယ္ထဲ-က St. Paul ၿမိဳ႕ခံတဦးျဖစ္တဲ့ ကိုေနဝင္းကို မဆုမြန္ ဆက္သြယ္ေမးျမန္းခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မြန်မာ-အမေရိကန် National Guard ဖခင်ပြောပြတဲ့ Minnesota လုံခြုံရေးအခြေအနေ

(Unicode)
အမေရိကန်ပြည်ထောင်စုတဝှမ်း ဆန္ဒပြပွဲတွေစတင်ခဲ့ရတဲ့ လူမည်းအမျိုးသားတဦး ရဲကဖမ်းစဉ်အသက်ဆုံးခဲ့ရတဲ့ အဖြစ်အပျက်စခဲ့တဲ့ Minnesota ပြည်နယ်ထဲက St. Paul မြို့က လုံခြုံရေးလက်ရှိအခြေအနေကိုNational Guard ပြည်တွင်းအရံတပ်ဖွဲ့ဝင်ရဲ့ ဖခင်လည်းဖြစ်တဲ့ မြို့ခံမြန်မာ ရှမ်းတိုင်းရင်းသားတဦးကို မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

မဆုမွန်။ ။ အခုလက်ရှိ Minnesota ရဲ့ လုံခြုံရေးအခြေအနေ သိချင်လို့ပါ အနေအထား အခုဘယ်လိုရှိပါသလဲရှင့်။

ကိုနေဝင်း။ ။ အခုတော့ အခင်းဖြစ်သွားတဲ့အခြေအနေမှာ ဒီ National Guards တွေ ဝင်လာပြီးနောက်ပိုင်း အခုအားလုံး ငြိမ်းချမ်းသွားပြီလို့ထင်ပါတယ်။ အမိန့်ပေးထားတဲ့ အခု ကာဖျူးအမိန့်ပေး ထားတာတွေကိုလည်း လျှော့ပေါ့ပေးလာတာကိုတွေ့ရတယ်။ ပြီးတော့ အခု အိမ်ကသမီးဖြစ်သူ National Guard က ဝင်ထားတယ်ဆိုတော့ အခုလည်း ဟိုးအခင်းဖြစ်ကတည်းက သွားတာ အခုထက်ထိပြန်တော့ မရောက်သေးဘူးပေါ့နော်။

မဆုမွန်။ ။အခုကိုနေဝင်းတို့နေတဲ့မြို့ကရော ဘယ်လိုများအနေအထားရှိပါသလဲရှင့်။ ဖြစ်တုန်းကရော ဘယ်လောက်အထိ ဆိုးဆိုးဝါးဝါးဖြစ်သွားလဲ။

ကိုနေဝင်း။ ။ ကျနော်နေတာက Minnesota ပြည်နယ်ထဲ-က St. Paul မြို့မှာပါခင်ဗျ။ အခုလက်ရှိအခြေအနေမှာ-စဖြစ်တုန်းကတော့ ဟိုး Minnesota ပြည်နယ်ထဲက Minneapolis ဖြစ်တာပေါ့ နောက် တဆက်တည်းပါပဲ နောက်ပိုင်း St. Paul မြို့ထဲ ဆက်လာပြီးတော့ လုယက်ခိုးဖောက်မှုတွေနဲ့ ကြမ်းတမ်းလာတာတွေကို တွေ့ရတယ် အခုတော့ ကောင်းသွားပြီလို့ ထင်ပါတယ်။

မဆုမွန်။ ။ အဲ့တော့ အခုကတော့ ကိုနေဝင်းက ပုံမှန်အလုပ်ဆင်းနေတာပဲပေါ့နော်။ အဲ့ဒီ့လို အလုပ်သွားနေရတဲ့ အချိန်တုန်းကရော လုံခြုံရေးက စိုးရိမ်စရာအနေအထားရှိလားရှင်။

ကိုနေဝင်း။ ။အလုပ်ကတော့ ပုံမှန်ပဲ ကျနော်သွားရပါတယ် သို့သော် အဲ့သလို ဒီ အရေးအခင်းဖြစ်တဲ့ အချိန်တုန်းကတော့ ကွေ့ပတ် ရှောင်ကွင်းပြီး သွားရပါတယ်။ လုံခြုံရေးကတော့ စိုးရိမ်ရတယ် အိမ်ပြန်တဲ့အခါကျတော့လေ။ အလုပ်ရုံကလည်းပြောတယ်။ အိမ်ပြန်တဲ့အခါကျရင် သတိဝီရိယနဲ့ ပြန်ဖို့ အရေးကြီးတယ်ဆိုတဲ့အကြောင်းလည်း ပြောလိုက်တယ်။

မဆုမွန်။ ။ အခု ရော St. Paul မြို့မှာရှိတဲ့ မြန်မာနိုင်ငံသားတွေထဲမှာရော လတ်တလော လုံခြုံရေးစိုးရိမ်ရတဲ့အခြေအနေရှိလား။ နောက် သူတို့ရော စိုးရိမ်နေကြတဲ့အနေအထားရှိလားရှင့်။

ကိုနေဝင်း။ ။ ဟုတ်ကဲ့ အဲ့ဒီ့အချိန်တုန်းက အားလုံးပဲ အရမ်းစိုးရိမ်နေကြတာ။ ပြီးတော့ ဘယ်သူမှ အပြင်မထွက်ရဲဘူး။ ပြီးတော့လည်း ဒီCOVID-19 ကြောင့် အကြောက်တရားတွေလည် း ရှိနေကြတဲ့အချိန် အခုလိုအရေးအခင်းဖြစ်တော့ ပိုပြီးတော့ အကြောက်တရား ဝင်လာတာ။ အဲ့လိုမျိုး ပေါင်းလိုက်တော့ လူတွေက ဘယ်သူမှ အပြင်မထွက်ရဲကြတော့လောက်အောင် ဖြစ်သွားကြတယ်။ အခုကတော့ ကာဖျူးအမိန့်ပေးတာ အခုနောက်ပိုင်း တဖြေးဖြေး လျှော့ပေါ့လာတယ်။

မဆုမွန် ။ ။အခုက သမီးကလည်း National Guard မှာ တာဝန်ထမ်းဆောင်နေတယ်။ အခုလို ဆန္ဒပြမှုတွေ အကြမ်းဖက်မှုတွေလည်း ရှိနေတော့ ဖခင်တဦးအနေနဲ့ရော -ဘယ်လိုစိုးရိမ်မှုရှိပါလဲ။ သမီးကရော မိသားစုကို ဘာတွေများသတိပေးပါလဲ သူ့အနေနဲ့ လုံခြုံရေးသွားရတော့မယ်အချိန်။

ကိုနေဝင်း။ ။အိမ်ကမိသားစုအားလုံးကို အပြင်လုံးဝမထွက်ဖို့ သူ သတိပေးသွားတယ်။သူတို့ဆီက ဘာInformation သတင်းမှ မရတော့ အမြဲတမ်းလို သူ့ကိုစိုးရိမ်တယ်။ တာဝန်ချိန်မှာ သူ့ကို ဘယ်လိုမှဆက်သွယ်လို့မရဘူးဖြစ်နေတယ် ဒါပေမဲ့သူတို့ပြောပြချက် အရတော့-သူက ဆိုင်တွေ စတိုးလ်ဆိုင်တွေ ကုန်တိုက်တွေ အဆောက်အဦးကြီးတွေမှာလုံခြုံရေးတာဝန်ပေးထားတယ် ပြည်သူလူထုအတွက် ကာကွယ်ဖို့ဆိုပြီး သူ တာဝန်ယူနေရတာပေါ့နော်။ အဲ့လောက်ပဲသိရတယ်။

မဆုမွန်။ ။ အခု အဲ့တော့ သမီးဖြစ်သူကိုယ်တိုင်ကလည်း National Guard ဖြစ်တယ်။ အခုကလည်း ဒီ St. Paul မြို့မှာ ဒီလိုမျိုး National Guard တွေဘက်က လုံခြုံရေးတာဝန်ယူထားတယ်ဆိုတော့ St. Paul မြို့မှာနေတဲ့ မြို့ခံတယောက်အနေနဲ့ဒီလုံခြုံရေးအခြေအနေက စိတ်ချရပြီလို့ထင်လား။ ထပ်ပြီးဘယ်လို လုံခြုံရေးအစီအမံတွေ တိုးမြှင့်ပေးဖို့လိုလည်း။ အခုလက်ရှိ အနေအထားကရော ဘယ်လိုရှိပါလဲရှင့်။

ကိုနေဝင်း။။ ကျနော်ကတော့ ပုံမှန်အလုပ်သွားရတဲ့အချိန် ကားကအမြဲရှင်းတယ် ဒါပေမဲ့ အခု St. Paul မြို့မှာ National Guard တွေ ဝင်လာပြီးတဲ့နောက်ပိုင်း လူတွေက လမ်းပေါ်မှာ တွေ့မြင်လာရတယ် ကားတွေလည်း များလာတယ်။ ကားတွေလည်း ကျပ်လာတယ် အလုပ်ဆင်းတဲ့သူတွေလည်း များလာတာကို တွေ့ရတယ်။ ဆိုလိုတာက နယ်မြေအေးချမ်း လောက်ပြီလို့ ထင်ပါတယ်။

မဆုမွန်။ ။ နောက်ဆုံးအနေနဲ့ပါ အခုက ကိုဗစ်ကာလလည်းဖြစ်တယ် အခုဆန္ဒပြပွဲတွေလည်း ဖြစ်နေတယ်ဆိုတော့ လတ်တလောအနေအထားအပေါ်မှာ လူတွေရဲ့ လုံခြုံရေး လုပ်ငန်းခွင်တွေ ပုံမှန်သွားနေရတဲ့အချိန် အချင်းချင်း ဘာများသတိပေးချင်တာရှိပါလဲရှင်။

ကိုနေဝင်း။ ။ ဟုတ်ကဲ့ တခုကောင်းတာက အခင်းဖြစ်ပွားချိန်မှာ ကျနော်တို့ အချင်းချင်း မြန်မာပြည်သားတွေကြားထဲမှာ တယောက်နဲ့တယောက် ဆက်သွယ်ပြီးတော့ မေးမြန်းကြတယ်။ အခုလက်ရှိအခြေအနေမှာတော့ အကုန်လုံး အိမ်မှာနေဖို့သင့်ပါတယ် ဒီကိုဗစ်ရောဂါကြောင့်ရော တခုရောပေါ့ အတတ်နိုင်ဆုံးက အိမ်မှာပဲနေတာက ကိုယ့်အသက်အတွက် လုံခြုံတယ်လို့ ကျနော်မြင်တယ်။

မဆုမွန်။ ကိုနေဝင်း ကျေးဇူးတင်ပါတယ်ရှင် ဖြေပေးတာ။

ဒါကတော့ Minnesota ပြည်နယ်ထဲ-က St. Paul မြို့ခံတဦးဖြစ်တဲ့ ကိုနေဝင်းကို မဆုမွန် ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG