သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

George Floyd ေသဆံုးမႈ ကန္႔ကြက္ဆႏၵျပပြဲေတြ ဆက္ျဖစ္ေနဆဲ


၀ါရွင္တန္ဒီစီၿမိဳ႕ရွိ Martin Luther King Jr. ရုပ္ထုနားမွာ စုေ၀း ဆႏၵျပေနသူတခ်ိဳ႕။ (ဇြန္ ၀၄၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စု Minneapolis ၿမိဳ႕မွာ ရဲဖမ္းခံထားရစဥ္ အာဖရိကန္ အေမရိကန္အမ်ဳိးသား George Floyd ေသဆံုးခဲ့ရမႈအေပၚ ဆန္႔က်င္ဆႏၵျပပြဲေတြ ၾကာသပေတးေန႔ညပိုင္းကလည္း အဓိကၿမိဳ႕ႀကီးေတြမွာ ႐ွိခဲ့ပါတယ္။

New York ၿမိဳ႕မွာ ၈ နာရီေက်ာ္ရင္ ညမထြက္ရအမိန္႔ ႐ွိေပမဲ့ ည ၈ နာရီေက်ာ္တဲ့အထိ ဆႏၵျပခဲ့ၾကပါတယ္။ ဆႏၵျပမႈအ႐ွိန္က အရင္ညေတြထက္ေတာ့ က်သြားခဲ့သလုိ အၾကမ္းဖက္ဆႏၵျပမႈေတြလည္း နည္းသြားပါတယ္။

ဝါ႐ွင္တန္ၿမိဳ႕ေတာ္မွာ ၾကာသပေတးေန႔က ညမထြက္ရ အမိန္႔မ႐ွိဘူးလို႔ ၿမိဳ႕ေတာ္ဝန္က ေၾကညာထားေပမဲ့ ညပိုင္း မိုးအႀကီးအက်ယ္႐ြာတာေၾကာင့္ ဆႏၵျပသူေတြ လူစုကြဲသြားခဲ့ပါတယ္။

တပ္ထိန္း စစ္ရဲေတြနဲ႔ တျခားၿငိမ္ဝပ္ပိျပားေရး တာဝန္႐ွိတဲ့အဖဲြ႔ေတြကေတာ့ ဝါ႐ွင္တန္ၿမိဳ႕ေတာ္ထဲမွာ ေစာင့္ၾကပ္ေနဆဲျဖစ္ပါတယ္။ ဝါ႐ွင္တန္ဒီစီဧရိယာထဲကေန စစ္တပ္ကို ထြက္သြားေစခ်င္တယ္လို႔ ၿမိဳ႕ေတာ္ဝန္က ေျပာၾကားထားပါတယ္။

ဆႏၵျပသူေတြကို ျပည္ေထာင္စုအစိုးရတပ္ဖဲြ႔ေတြ ႏွိမ္ႏွင္းတဲ့ေနရာမွာလည္း အိမ္ျဖဴေတာ္တဝိုက္နဲ႔ အိမ္ျဖဴေတာ္ေ႐ွ႕မွာ႐ွိတဲ့ Lafayette ရင္ျပင္ထက္ မေက်ာ္ပါနဲ႔လို႔ ၿမိဳ႕ေတာ္တာဝန္႐ွိသူေတြက ေတာင္းဆိုထားပါတယ္။

ဝါ႐ွင္တန္ၿမိဳ႕ေတာ္မွာ စေနေန႔က်ရင္ အႀကီးအက်ယ္ ဆႏၵျပၾကဖို႔ အစီအစဥ္႐ွိပါတယ္။ New York ျပည္နယ္ Buffalo ၿမိဳ႕မွာ ရဲဆီဦးတည္လာေနသူကို ရဲအရာ႐ွိတေယာက္က အတင္းတြန္းပစ္ခဲ့တာေၾကာင့္ အဲဒီလူဦးေခါင္းဒဏ္ရာရသြားတဲ့ Video ထြက္ေပၚလာခဲ့ၿပီးေနာက္ ရဲမင္းႀကီးက ရဲအရာ႐ွိ ၂ ေယာက္ကို ယာယီဖယ္႐ွားခဲ့ပါတယ္။

ၾကာသပေတးေန႔အေစာပိုင္းကေတာ့ George Floyd ရဲ႕ စ်ာပနအခမ္းအနားကို Minneapolis ၿမိဳ႕မွာ က်င္းပခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

George Floyd သေဆုံးမှု ကန့်ကွက်ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေဆဲ

အမေရိကန်ပြည်ထောင်စု Minneapolis မြို့မှာ ရဲဖမ်းခံထားရစဉ် အာဖရိကန် အမေရိကန်အမျိုးသား George Floyd သေဆုံးခဲ့ရမှုအပေါ် ဆန့်ကျင်ဆန္ဒပြပွဲတွေ ကြာသပတေးနေ့ညပိုင်းကလည်း အဓိကမြို့ကြီးတွေမှာ ရှိခဲ့ပါတယ်။

New York မြို့မှာ ၈ နာရီကျော်ရင် ညမထွက်ရအမိန့် ရှိပေမဲ့ ည ၈ နာရီကျော်တဲ့အထိ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြမှုအရှိန်က အရင်ညတွေထက်တော့ ကျသွားခဲ့သလို အကြမ်းဖက်ဆန္ဒပြမှုတွေလည်း နည်းသွားပါတယ်။

ဝါရှင်တန်မြို့တော်မှာ ကြာသပတေးနေ့က ညမထွက်ရ အမိန့်မရှိဘူးလို့ မြို့တော်ဝန်က ကြေညာထားပေမဲ့ ညပိုင်း မိုးအကြီးအကျယ်ရွာတာကြောင့် ဆန္ဒပြသူတွေ လူစုကွဲသွားခဲ့ပါတယ်။

တပ်ထိန်း စစ်ရဲတွေနဲ့ တခြားငြိမ်ဝပ်ပိပြားရေး တာဝန်ရှိတဲ့အဖွဲ့တွေကတော့ ဝါရှင်တန်မြို့တော်ထဲမှာ စောင့်ကြပ်နေဆဲဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီဧရိယာထဲကနေ စစ်တပ်ကို ထွက်သွားစေချင်တယ်လို့ မြို့တော်ဝန်က ပြောကြားထားပါတယ်။

ဆန္ဒပြသူတွေကို ပြည်ထောင်စုအစိုးရတပ်ဖွဲ့တွေ နှိမ်နှင်းတဲ့နေရာမှာလည်း အိမ်ဖြူတော်တဝိုက်နဲ့ အိမ်ဖြူတော်ရှေ့မှာရှိတဲ့ Lafayette ရင်ပြင်ထက် မကျော်ပါနဲ့လို့ မြို့တော်တာဝန်ရှိသူတွေက တောင်းဆိုထားပါတယ်။

ဝါရှင်တန်မြို့တော်မှာ စနေနေ့ကျရင် အကြီးအကျယ် ဆန္ဒပြကြဖို့ အစီအစဉ်ရှိပါတယ်။ New York ပြည်နယ် Buffalo မြို့မှာ ရဲဆီဦးတည်လာနေသူကို ရဲအရာရှိတယောက်က အတင်းတွန်းပစ်ခဲ့တာကြောင့် အဲဒီလူဦးခေါင်းဒဏ်ရာရသွားတဲ့ Video ထွက်ပေါ်လာခဲ့ပြီးနောက် ရဲမင်းကြီးက ရဲအရာရှိ ၂ ယောက်ကို ယာယီဖယ်ရှားခဲ့ပါတယ်။

ကြာသပတေးနေ့အစောပိုင်းကတော့ George Floyd ရဲ့ ဈာပနအခမ်းအနားကို Minneapolis မြို့မှာ ကျင်းပခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG