သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ က ဆႏၵျပပြဲေတြ အရွိန္ေလ်ာ့မသြားေသးတာေၾကာင့္ ညမထြက္ရ အမိန႔္ေတြ ပိုက်ယ္ျပန႔္လာ


(Zawgyi/Unicode)

အေမရိကန္ ျပည္ေထာင္စု မင္နီဆိုးတား ျပည္နယ္ မင္နီးယား ပုလိစ္႔ၿမိဳ႕မွာ လူမည္း အမ်ိဳးသား George Floyd ရဲက ဖမ္းစဥ္မွာဘဲ ေဆးရံုေရာက္ၿပီး ကြယ္လြန္သြားပါတယ္။ ဒီေသဆံုးမႈနဲ႔ ပတ္သက္ၿပီးေတာ့ အေမရိကန္ ျပည္ေထာင္စု တ၀န္း ၿမိဳ႕ အေတာ္မ်ားမ်ားမွာ ဆႏၵျပမႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္ေနပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ဒီ ဆႏၵျပမႈ အေျခအေနေတြကို အနီးကပ္ ေစာင့္ၾကည့္ေနတဲ႔ ဗီြအိုေအ ျမန္မာပိုင္း ဌာန အယ္ဒီတာ ဦးေက်ာ္ဇံသာကို မသိဂၤ ီထုိက္ က ဆက္သြယ္ ေမးျမန္းထားပါတယ္။

သိဂၤ ီထုိက္။ ။ ဦးေက်ာ္ဇံသာရွင့္ ဒီကေန႔ အဂၤါေန႔ ေန႔ခင္းပိုင္း ဘာေတြမ်ား တိုးတက္ ျဖစ္ထြန္းမႈ ရွိပါလဲ။

ဦးေက်ာ္ဇံသာ ။ ။ ဆႏၵျပပြဲေတြ ဆက္လက္ ျဖစ္ပြားေနပါတယ္။ ရာသီဥတုကလည္း အင္မတန္ ေကာင္းတယ္။ သာယာေနတယ္ ဆိုေတာ့ လူေတြကလည္း လမ္းေပၚမွာ အမ်ားႀကီး ထြက္ေနတာ ေတြ႔႔ရပါတယ္။ ၀ါရွင္တန္ ဒီစီ ျမင္ကြင္းကို ၾကည့္မယ္ဆိုရင္ လူေတြက သိပ္ မစိပ္ဘူး ခပ္က်ဲက်ဲ လမ္းေပၚမွာ အျပည့္ ခ်ီတက္ၿပီးေတာ့ ဆႏၵျပေနတာကို ေတြ႔ရပါတယ္။

အလားတူပါဘဲ ေလာစ္႔အိန္းဂ်လိစ္႔တို႔ နယူးေယာက္တို႔မွာလည္း ဆႏၵျပပြဲေတြ ဆက္လက္ ျဖစ္ေနပါတယ္။ ဒါေပမယ့္ ပံုမွန္ အားျဖင့္ ေန႔လည္ ေန႔ခင္းဆိုေတာ့ အၾကမ္းဖက္မႈေတြ သိပ္မေတြ႔ရပါဘူး။

သိဂၤ ီထုိက္။ ။ ႏုိင္ငံတ၀န္း Curfew ေတြ အေျခအေန ေျပာပါအံုးရွင့္။ ညမထြက္ရ အမိန္႔ေတြ ဘယ္ေလာက္ က်ယ္ျပန္႔လာပါၿပီလဲ။

ဦးေက်ာ္ဇံသာ ။ ။ ဟုတ္ကဲ႔ ညမထြက္ရ အမိန္႔ေတြ ပိုၿပီး က်ယ္က်ုယ္ျပန္႔ျပန္႔ ခ်မွတ္လာၾကတာ ေတြ႔ရပါတယ္။ နယူးေယာက္မွာ ညေန ၈ နာရီကေန မနက္ ၅ နာရီ အထိ သတ္မွတ္လုိက္သလို ေလာ႔စ္အိန္ဂ်လိစ္မွာ ဆိုရင္ ညေန ၆ နာရီကစလို႔ သတ္မွတ္ပါတယ္။ ဒါေၾကာင့္ သိပ္မေမွာင္ခင္ ကတည္းက ဆူပူမႈေတြ လုယက္မႈေတြ ျဖစ္လာႏုိင္တာကို သူတို႔ ႀကိဳတြက္ထားဟန္ တူပါတယ္။ ေနာက္တခါ ဒီ ၀ါရွင္တန္ ဒီစီမွာ ဆိုရင္လည္း ညေန ၇ နာရီက စၿပီး သတ္မွတ္တယ္ ထင္ပါတယ္။ Curfew အမိန္႔ေတြ အခု အခ်ိန္တိုးၿပီး သတ္မွတ္တာ ေတြ႔ရပါတယ္။

သိဂၤ ီထုိက္။ ။ သမၼတက တိုက္တြန္းေနသလိုဘဲ အရန္တပ္ဖြဲ႔ေတြကို လံုၿခံဳေရး အင္အားျဖည့္ၿပီး အသံုးျပဳေနတဲ႔ ျပည္နယ္က ၂၉ ျပည္နယ္ ရွိပါတယ္။ နယူးေယာက္ ျပည္နယ္ အာဏာပိုင္ေတြကေတာ့ သူတို႔ ရဲဌာနနဲ႔ဘဲ သူတို႔ လံုေအာင္ လုပ္မယ္။ သမၼတ ေျပာေနတဲ႔ အရန္တပ္ဖြဲ႔ေတြ မသံုးေသးဘူး မလိုေသးဘူးလို႔ ေျပာေနတာ ရွိပါတယ္။ ဆိုေတာ့ ျပည္ေထာင္စု အစိုးရဘက္က ႏုိင္ငံတ၀န္း ဆႏၵျပမႈေတြနဲ႔ ပတ္သက္ၿပီး လုပ္ေဆာင္ခ်က္ အန္ကယ္ ဘာေတြ႔ပါသလဲ။

ဦးေက်ာ္ဇံသာ ။ ။ ခုန ေျပာတဲ႔ အရန္တပ္ဖြဲ႔ေတြကို သံုးတယ္။ အရန္တပ္ဖြဲ႔ေတြဟာ ျပည္နယ္ အာဏာပိုင္ရဲ႕ လက္ေအာက္မွာ ရွိပါတယ္။ သမၼတက အဲဒါကို သံုးခ်င္တယ္ဆိုရင္ ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးဆီက သေဘာတူညီခ်က္ ယူၿပီးမွ သံုးရပါတယ္။ တနည္းအားျဖင့္ အဲဒါဟာဆိုရင္ သမၼတ အေနနဲ႔ လက္နက္ အင္အားကို တဖက္သတ္ ထင္တိုင္း လုိသလို မသံုးႏုိင္ေအာင္ ဆိုၿပီးေတာ့ ဖြဲ႔စည္းပံု အရ ထိန္းညွိထားတဲ႔ လုပ္ထားတဲ႔ သေဘာ ျဖစ္ပါတယ္။ ဒါေၾကာင့္ တခ်ိဳ႕ ျပည္နယ္ေတြမွာ သမၼတကို သေဘာမတူတဲ႔လူေတြ ၊ သမၼတ ေျပာတိုင္း လုိက္မလုပ္ၾကတဲ႔ အတြက္ေၾကာင့္ တခ်ိဳ႕ ျပည္နယ္ေတြက အရန္တပ္ဖြဲ႔ အင္အားကို မသံုးဘူး ဆိုတာလည္း ေတြ႔ရပါတယ္။

သိဂၤ ီထုိက္။ ။ လူမ်ိဳးေရး အသြင္ေဆာင္တဲ႔ ပဋိပကၡမ်ိဳးမ်ား ျဖစ္လာႏုိင္ပါသလားရွင့္။ အခု ဆႏၵျပပြဲေတြကေန။

ဦးေက်ာ္ဇံသာ ။ ။ က်ေနာ္႔ အျမင္ေျပာရရင္ လံုး၀ ျဖစ္လာႏုိင္စရာ မရွိပါဘူး။ အခု ဆႏၵျပတဲ႔ လူေတြ လိုခ်င္ေနတာက တရားမွ်တမႈ (Justice) သာျဖစ္ပါတယ္။ အခု ဆႏၵျပတဲ႔ လူေတြထဲမွာ လူမည္းေတြခ်ည္းဘဲ မဟုတ္ပါဘူး။ တျခား အေသြးအေရာင္ ရွိတဲ႔သူေတြေရာ လူျဖဴေတြေရာ အမ်ားအျပား ပါ၀င္ေနၾကပါတယ္။ အထူးသျဖင့္ လူငယ္ ေတာ္ေတာ္မ်ားမ်ား လူျဖဴေတြ ပါ၀င္ ၾကပါတယ္။ သူတို႔ဟာ လည္းဘဲ သူတို႔ အခ်င္းခ်င္း ၾကားမွာ ဘာမွ ခြဲျခားျခင္း မရွိပါဘူး။ ဆိုေတာ့ တရားမွ်တမႈကိုသာ လိုခ်င္တာ ျဖစ္ပါတယ္။

ဆိုေတာ့ အလားတူစြာဘဲ သူတို႔ေတြကို ႏွိမ္နင္းရတဲ႔ ရဲတပ္ဖြဲ႔၀င္ေတြကို ၾကည့္လိုက္မယ္ ဆိုရင္လည္းဘဲ လူမည္း ရဲတပ္ဖြဲ႔၀င္ေတြ လူမည္း အရာရွိေတြ အမ်ားႀကီး ေတြ႔ရပါတယ္။ ဒါေၾကာင့္ ဒီဟာဟာ လူတခ်ိဳ႕က ထင္ေနၾကသလို လူမ်ိဳးေရး ပဋိပကၡ လူမ်ိဳးေရး အသြင္ေဆာင္တဲ႔ အဓိကရုဏ္းေတာ့ လံုး၀ ျဖစ္လာႏုိင္စရာ အေၾကာင္း မရွိပါဘူး။ တရားမွ်တမႈနဲ႔ ဥပေဒ စိုးမိုးေရးပါ။

အဓိက ေလာေလာဆယ္မွာ ျဖစ္ေနတဲ႔ ကိစၥကေတာ့ အၾကမ္းဖက္ၿပီးေတာ့ ဒါကို အခြင့္ေကာင္းယူၿပီးေတာ့ လုယက္တဲ႔ လူေတြ။ အဲဒီ ကိစၥကို ဘယ္လို ၿငိမ္၀ပ္ေအာင္ လုပ္၇မလဲ ၊ ေနာက္တခါ အဲဒီ လူေတြကို ႏွိမ္နင္းဖို႔ အေၾကာင္းျပၿပီးေတာ့ အစိုးရဘက္က အင္အား သံုးလာေလေလ ဆႏၵျပမႈက ပိုၿပီး ႀကီးထြားလာေလေလ ျဖစ္ေနတဲ႔ ကိစၥပါ။ ဆိုေတာ့ ဒီကိစၥမွာ ေျပရာ ေျပေၾကာင္း ေျပာၿပီး ညွိႏိႈင္းႏုိင္ဖို႔၊ သမၼတ ကိုယ္တိုင္ကလည္းဘဲ ဒီလူေတြ ေက်နပ္ေအာင္ တရားမွ်တေရး ကိစၥကို လုပ္ဖို႔ အတြက္ကို လံုး၀ တာ၀န္ယူၿပီး လုပ္ဖို႔ လိုအပ္လိမ့္မယ္ ထင္ပါတယ္။

သိဂၤ ီထိုက္။ ဟုတ္ကဲ႔ပါရွင္။

ဒါကေတာ့ အေမရိကန္ ျပည္ေထာင္စုမွာ အေမရိကန္ စံေတာ္ခ်ိန္ အဂၤါေန႔ ေန႔ခင္းပိုင္း ျဖစ္ပ်က္ေနတဲ႔ ေနာက္ဆံုး အေျခအေနေတြကို ဗီြအိုေအ ျမန္မာပိုင္း ဌာန အယ္ဒီတာ ဦးေက်ာ္ဇံသာနဲ႔ မသိဂၤ ီထုိက္ ေဆြးေႏြး တင္ျပခဲ႔တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

ကန် က ဆန္ဒပြပွဲတွေ အရှိန်လျော့မသွားသေးတာကြောင့် ညမထွက်ရအမိန့်တွေ ပိုကျယ်ပြန့်လာ

(Unicode)

အမေရိကန် ပြည်ထောင်စု မင်နီဆိုးတား ပြည်နယ် မင်နီးယား ပုလိစ့်မြို့မှာ လူမည်း အမျိုးသား George Floyd ရဲက ဖမ်းစဉ်မှာဘဲ ဆေးရုံရောက်ပြီး ကွယ်လွန်သွားပါတယ်။ ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ အမေရိကန် ပြည်ထောင်စု တဝန်း မြို့ အတော်များများမှာ ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီ ဆန္ဒပြမှု အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေတဲ့ ဗွီအိုအေ မြန်မာပိုင်း ဌာန အယ်ဒီတာ ဦးကျော်ဇံသာကို မသိင်္ဂ ီထိုက် က ဆက်သွယ် မေးမြန်းထားပါတယ်။

သိင်္ဂ ီထိုက်။ ။ ဦးကျော်ဇံသာရှင့် ဒီကနေ့ အင်္ဂါနေ့ နေ့ခင်းပိုင်း ဘာတွေများ တိုးတက် ဖြစ်ထွန်းမှု ရှိပါလဲ။

ဦးကျော်ဇံသာ ။ ။ ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ ရာသီဥတုကလည်း အင်မတန် ကောင်းတယ်။ သာယာနေတယ် ဆိုတော့ လူတွေကလည်း လမ်းပေါ်မှာ အများကြီး ထွက်နေတာ တွေ့ရပါတယ်။ ဝါရှင်တန် ဒီစီ မြင်ကွင်းကို ကြည့်မယ်ဆိုရင် လူတွေက သိပ် မစိပ်ဘူး ခပ်ကျဲကျဲ လမ်းပေါ်မှာ အပြည့် ချီတက်ပြီးတော့ ဆန္ဒပြနေတာကို တွေ့ရပါတယ်။

အလားတူပါဘဲ လောစ့်အိန်းဂျလိစ့်တို့ နယူးယောက်တို့မှာလည်း ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်နေပါတယ်။ ဒါပေမယ့် ပုံမှန် အားဖြင့် နေ့လည် နေ့ခင်းဆိုတော့ အကြမ်းဖက်မှုတွေ သိပ်မတွေ့ရပါဘူး။

သိင်္ဂ ီထိုက်။ ။ နိုင်ငံတဝန်း Curfew တွေ အခြေအနေ ပြောပါအုံးရှင့်။ ညမထွက်ရ အမိန့်တွေ ဘယ်လောက် ကျယ်ပြန့်လာပါပြီလဲ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ညမထွက်ရ အမိန့်တွေ ပိုပြီး ကျယ်ကျုယ်ပြန့်ပြန့် ချမှတ်လာကြတာ တွေ့ရပါတယ်။ နယူးယောက်မှာ ညနေ ၈ နာရီကနေ မနက် ၅ နာရီ အထိ သတ်မှတ်လိုက်သလို လော့စ်အိန်ဂျလိစ်မှာ ဆိုရင် ညနေ ၆ နာရီကစလို့ သတ်မှတ်ပါတယ်။ ဒါကြောင့် သိပ်မမှောင်ခင် ကတည်းက ဆူပူမှုတွေ လုယက်မှုတွေ ဖြစ်လာနိုင်တာကို သူတို့ ကြိုတွက်ထားဟန် တူပါတယ်။ နောက်တခါ ဒီ ဝါရှင်တန် ဒီစီမှာ ဆိုရင်လည်း ညနေ ၇ နာရီက စပြီး သတ်မှတ်တယ် ထင်ပါတယ်။ Curfew အမိန့်တွေ အခု အချိန်တိုးပြီး သတ်မှတ်တာ တွေ့ရပါတယ်။

သိင်္ဂ ီထိုက်။ ။ သမ္မတက တိုက်တွန်းနေသလိုဘဲ အရန်တပ်ဖွဲ့တွေကို လုံခြုံရေး အင်အားဖြည့်ပြီး အသုံးပြုနေတဲ့ ပြည်နယ်က ၂၉ ပြည်နယ် ရှိပါတယ်။ နယူးယောက် ပြည်နယ် အာဏာပိုင်တွေကတော့ သူတို့ ရဲဌာနနဲ့ဘဲ သူတို့ လုံအောင် လုပ်မယ်။ သမ္မတ ပြောနေတဲ့ အရန်တပ်ဖွဲ့တွေ မသုံးသေးဘူး မလိုသေးဘူးလို့ ပြောနေတာ ရှိပါတယ်။ ဆိုတော့ ပြည်ထောင်စု အစိုးရဘက်က နိုင်ငံတဝန်း ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်ချက် အန်ကယ် ဘာတွေ့ပါသလဲ။

ဦးကျော်ဇံသာ ။ ။ ခုန ပြောတဲ့ အရန်တပ်ဖွဲ့တွေကို သုံးတယ်။ အရန်တပ်ဖွဲ့တွေဟာ ပြည်နယ် အာဏာပိုင်ရဲ့ လက်အောက်မှာ ရှိပါတယ်။ သမ္မတက အဲဒါကို သုံးချင်တယ်ဆိုရင် ပြည်နယ် အုပ်ချုပ်ရေးမှူးဆီက သဘောတူညီချက် ယူပြီးမှ သုံးရပါတယ်။ တနည်းအားဖြင့် အဲဒါဟာဆိုရင် သမ္မတ အနေနဲ့ လက်နက် အင်အားကို တဖက်သတ် ထင်တိုင်း လိုသလို မသုံးနိုင်အောင် ဆိုပြီးတော့ ဖွဲ့စည်းပုံ အရ ထိန်းညှိထားတဲ့ လုပ်ထားတဲ့ သဘော ဖြစ်ပါတယ်။ ဒါကြောင့် တချို့ ပြည်နယ်တွေမှာ သမ္မတကို သဘောမတူတဲ့လူတွေ ၊ သမ္မတ ပြောတိုင်း လိုက်မလုပ်ကြတဲ့ အတွက်ကြောင့် တချို့ ပြည်နယ်တွေက အရန်တပ်ဖွဲ့ အင်အားကို မသုံးဘူး ဆိုတာလည်း တွေ့ရပါတယ်။

သိင်္ဂ ီထိုက်။ ။ လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခမျိုးများ ဖြစ်လာနိုင်ပါသလားရှင့်။ အခု ဆန္ဒပြပွဲတွေကနေ။

ဦးကျော်ဇံသာ ။ ။ ကျနော့် အမြင်ပြောရရင် လုံး၀ ဖြစ်လာနိုင်စရာ မရှိပါဘူး။ အခု ဆန္ဒပြတဲ့ လူတွေ လိုချင်နေတာက တရားမျှတမှု (Justice) သာဖြစ်ပါတယ်။ အခု ဆန္ဒပြတဲ့ လူတွေထဲမှာ လူမည်းတွေချည်းဘဲ မဟုတ်ပါဘူး။ တခြား အသွေးအရောင် ရှိတဲ့သူတွေရော လူဖြူတွေရော အများအပြား ပါဝင်နေကြပါတယ်။ အထူးသဖြင့် လူငယ် တော်တော်များများ လူဖြူတွေ ပါဝင် ကြပါတယ်။ သူတို့ဟာ လည်းဘဲ သူတို့ အချင်းချင်း ကြားမှာ ဘာမှ ခွဲခြားခြင်း မရှိပါဘူး။ ဆိုတော့ တရားမျှတမှုကိုသာ လိုချင်တာ ဖြစ်ပါတယ်။

ဆိုတော့ အလားတူစွာဘဲ သူတို့တွေကို နှိမ်နင်းရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကြည့်လိုက်မယ် ဆိုရင်လည်းဘဲ လူမည်း ရဲတပ်ဖွဲ့ဝင်တွေ လူမည်း အရာရှိတွေ အများကြီး တွေ့ရပါတယ်။ ဒါကြောင့် ဒီဟာဟာ လူတချို့က ထင်နေကြသလို လူမျိုးရေး ပဋိပက္ခ လူမျိုးရေး အသွင်ဆောင်တဲ့ အဓိကရုဏ်းတော့ လုံး၀ ဖြစ်လာနိုင်စရာ အကြောင်း မရှိပါဘူး။ တရားမျှတမှုနဲ့ ဥပဒေ စိုးမိုးရေးပါ။

အဓိက လောလောဆယ်မှာ ဖြစ်နေတဲ့ ကိစ္စကတော့ အကြမ်းဖက်ပြီးတော့ ဒါကို အခွင့်ကောင်းယူပြီးတော့ လုယက်တဲ့ လူတွေ။ အဲဒီ ကိစ္စကို ဘယ်လို ငြိမ်ဝပ်အောင် လုပ်၇မလဲ ၊ နောက်တခါ အဲဒီ လူတွေကို နှိမ်နင်းဖို့ အကြောင်းပြပြီးတော့ အစိုးရဘက်က အင်အား သုံးလာလေလေ ဆန္ဒပြမှုက ပိုပြီး ကြီးထွားလာလေလေ ဖြစ်နေတဲ့ ကိစ္စပါ။ ဆိုတော့ ဒီကိစ္စမှာ ပြေရာ ပြေကြောင်း ပြောပြီး ညှိနှိုင်းနိုင်ဖို့၊ သမ္မတ ကိုယ်တိုင်ကလည်းဘဲ ဒီလူတွေ ကျေနပ်အောင် တရားမျှတရေး ကိစ္စကို လုပ်ဖို့ အတွက်ကို လုံး၀ တာဝန်ယူပြီး လုပ်ဖို့ လိုအပ်လိမ့်မယ် ထင်ပါတယ်။

သိင်္ဂ ီထိုက်။ ဟုတ်ကဲ့ပါရှင်။

ဒါကတော့ အမေရိကန် ပြည်ထောင်စုမှာ အမေရိကန် စံတော်ချိန် အင်္ဂါနေ့ နေ့ခင်းပိုင်း ဖြစ်ပျက်နေတဲ့ နောက်ဆုံး အခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်း ဌာန အယ်ဒီတာ ဦးကျော်ဇံသာနဲ့ မသိင်္ဂ ီထိုက် ဆွေးနွေး တင်ပြခဲ့တာ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG