Zawgyi/Unicode
အေမရိကန္နိုင္ငံ၊ မီနီဆိုတာ ျပည္နယ္မွာ ရဲက ဖမ္းဆီးစဥ္ ေသဆုံးသြားတဲ့ အာဖရိကန္ အေမရိကန္ လူမည္း အမ်ိဳးသား GEORGE FLOYD နဲ႔ BLACK LIVES MATTER လႈပ္ရွားမႈတို႔ကို ေထာက္ခံေၾကာင္း ေဘာလုံးကြင္းထဲေန ျပသတဲ့ ေဘာလုံးသမားေတြကို အျပစ္ေပးရာမွာ စဥ္းစဥ္းစားစား ရွိဖို႔နဲ႔ အေရးမယူပဲေနဖို႔ စဥ္းစားသင့္ေၾကာင္း ကမၻာ့ေဘာလုံး အဖြဲ႕ခ်ဳပ္ FIFA က ေဘာလုံးပြဲက်င္းပတဲ့အဖြဲ႕အစည္းေတြကို တိုက္တြန္းလိုက္ပါတယ္။
ေအပီ သတင္းဌာနကို ေပးပို႔ FIFA ရဲ့ ေၾကညာခ်က္မွာ GEORGE FLOYD အမႈေၾကာင့္ ေပၚေပါက္ခဲ့တဲ့ လူေတြရဲ့ ခံစားခ်က္နဲ႔ စိုးရိမ္ပူပန္မႈ အတိမ္အနက္ကို FIFA အေနနဲ႔ အျပည့္အဝ နားလည္တယ္လို႔ လည္း ပါရွိပါတယ္။
ဒီ သီတင္းပတ္ကုန္က ဂ်ာမနီက ေဘာလုံးပြဲေတြမွာ ကစားသမားေတြက FLOYD ကို ေထာက္ခံေၾကာင္း ျပသခဲ့ၿပီးတဲ့ေနာက္မွာ အခုလို FIFA ရဲ့ေၾကညာခ်က္ ထြက္ေပၚလာတာပါ။ Borussia Dortmundအသင္းက အဂၤလန္ကစားသမား JADON SANCHOက သူ႔ရဲ့ ေအာက္ခံ အကၤ်ီကို ခၽြတ္ၿပီး GEORGE FLOYD အတြက္ တရားမၽွတမႈ ဆိုတဲ့ စာတမ္းကို ျပသလို႔ အဝါကဒ္ ျပခံခဲ့ရပါတယ္။
ရဲအဖမ္းခံရၿပီး ေသဆုံးသြားတဲ့ GEORGE FLOYD ရဲ့ ဗီဒီယို လူမႈမီဒီယာေတြမွာ ထြက္ေပၚလာၿပီးေနာက္ အေမရိကန္ တစ္ဝွမ္း ဆႏၵျပပြဲ ေတြ လတ္တေလာ ျဖစ္ေပၚေနပါတယ္။
ဂ်ာမန္ ေဘာလုံး အဖြဲ႕ခ်ဳပ္ကလည္းနိုင္ငံေရး၊ ဘာသာေရးနဲ႔ ပုဂၢိဳလ္ေရး ေႂကြးေၾကာ္သံေတြ၊ ေၾကညာခ်က္ေတြနဲ႔ ႐ုပ္ပုံစာသားေတြကို ေဖာ္ျပရင္ ကစားသမားေတြကို အေရးယူတဲ့ ကစားကြင္း ဥပေဒကို ျပန္လွန္ သုံးသပ္ေနတယ္လို႔ ေျပာပါတယ္။
FLOYD ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး လူေတြရဲ့ ခံစားခ်က္ အတိမ္အနက္ကို နားလည္တယ္လို႔ဆိုၿပီး ဥပေဒကို ေလၽွာ့ေပါ့ၿပီး အေရးမယူဖို႔ တိုက္တြန္းတဲ့ FIFA ရဲ့ အခု ေၾကညာခ်က္မ်ိဳးဟာ ရွားရွားပါးပါး ေတြ႕ရခဲတဲ့ ေၾကညာခ်က္ ျဖစ္ပါတယ္။
[Unicode]
အမေရိကန်နိုင်ငံ၊ မီနီဆိုတာ ပြည်နယ်မှာ ရဲက ဖမ်းဆီးစဉ် သေဆုံးသွားတဲ့ အာဖရိကန် အမေရိကန် လူမည်း အမျိုးသား GEORGE FLOYD နဲ့ BLACK LIVES MATTER လှုပ်ရှားမှုတို့ကို ထောက်ခံကြောင်း ဘောလုံးကွင်းထဲနေ ပြသတဲ့ ဘောလုံးသမားတွေကို အပြစ်ပေးရာမှာ စဉ်းစဉ်းစားစား ရှိဖို့နဲ့ အရေးမယူပဲနေဖို့ စဉ်းစားသင့်ကြောင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် FIFA က ဘောလုံးပွဲကျင်းပတဲ့အဖွဲ့အစည်းတွေကို တိုက်တွန်းလိုက်ပါတယ်။
အေပီ သတင်းဌာနကို ပေးပို့ FIFA ရဲ့ ကြေညာချက်မှာ GEORGE FLOYD အမှုကြောင့် ပေါ်ပေါက်ခဲ့တဲ့ လူတွေရဲ့ ခံစားချက်နဲ့ စိုးရိမ်ပူပန်မှု အတိမ်အနက်ကို FIFA အနေနဲ့ အပြည့်အဝ နားလည်တယ်လို့ လည်း ပါရှိပါတယ်။
ဒီ သီတင်းပတ်ကုန်က ဂျာမနီက ဘောလုံးပွဲတွေမှာ ကစားသမားတွေက FLOYD ကို ထောက်ခံကြောင်း ပြသခဲ့ပြီးတဲ့နောက်မှာ အခုလို FIFA ရဲ့ကြေညာချက် ထွက်ပေါ်လာတာပါ။ Borussia Dortmundအသင်းက အင်္ဂလန်ကစားသမား JADON SANCHOက သူ့ရဲ့ အောက်ခံ အင်္ကျီကို ချွတ်ပြီး GEORGE FLOYD အတွက် တရားမျှတမှု ဆိုတဲ့ စာတမ်းကို ပြသလို့ အဝါကဒ် ပြခံခဲ့ရပါတယ်။
ရဲအဖမ်းခံရပြီး သေဆုံးသွားတဲ့ GEORGE FLOYD ရဲ့ ဗီဒီယို လူမှုမီဒီယာတွေမှာ ထွက်ပေါ်လာပြီးနောက် အမေရိကန် တစ်ဝှမ်း ဆန္ဒပြပွဲ တွေ လတ်တလော ဖြစ်ပေါ်နေပါတယ်။
ဂျာမန် ဘောလုံး အဖွဲ့ချုပ်ကလည်းနိုင်ငံရေး၊ ဘာသာရေးနဲ့ ပုဂ္ဂိုလ်ရေး ကြွေးကြော်သံတွေ၊ ကြေညာချက်တွေနဲ့ ရုပ်ပုံစာသားတွေကို ဖော်ပြရင် ကစားသမားတွေကို အရေးယူတဲ့ ကစားကွင်း ဥပဒေကို ပြန်လှန် သုံးသပ်နေတယ်လို့ ပြောပါတယ်။
FLOYD သေဆုံးမှုနဲ့ ပတ်သက်ပြီး လူတွေရဲ့ ခံစားချက် အတိမ်အနက်ကို နားလည်တယ်လို့ဆိုပြီး ဥပဒေကို လျှော့ပေါ့ပြီး အရေးမယူဖို့ တိုက်တွန်းတဲ့ FIFA ရဲ့ အခု ကြေညာချက်မျိုးဟာ ရှားရှားပါးပါး တွေ့ရခဲတဲ့ ကြေညာချက် ဖြစ်ပါတယ်။