(Zawgyi/Unicode)
ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတာကြောင့် ဥရောပ ချန်ပီယံ လိဂ် နဲ့ ယူရိုပါ လိဂ် ပွဲစဉ်အားလုံးကို နောက်ထပ် မကြေညာမချင်း ရပ်ဆိုင်းထားမယ်လို့ ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA က ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။
ဒ့ါအပြင် ခြေစစ်ပွဲတွေ အပါအဝင် ဇွန်လအတွင်း ကျင်းပဖို့ ရှိတဲ့ ဥရောပ ဖလား ဘောလုံး ဖိုင်နယ် ပွဲစဉ်တွေကို လည်း ရွှေ့ဆိုင်းထားမယ်လို့ ပြောပါတယ်။ဥရောပ ဖလား ဘောလုံး ဖိုင်နယ် ပွဲစဉ်တွေကို၂၀၂၁ ခုနှစ်ကို ရွှေ့ဆိုင်းကြောင်း ကြေညာထားတာပါ။
ဥရောပ ချန်ပီယံ လိဂ် နဲ့ ယူရိုပါ လိဂ်နဲ့ ဥရောပ ချန်ပီယံ လိဂ် ပွဲစဉ် အမျိုးသမီး ဖိုင်နယ် ပွဲတွေကို မေလတွင်းမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ပွဲစဉ် အားလုံးကို ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။
အသွားအလာ ပိတ်ပင်ထားတာတွေနဲ့ လူချင်းချဲနေဖို့ ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကို ရုပ်သိမ်းလိုက်တာနဲ့ တပြိုင်နက် ဥရောပ ပြည်တွင်း ပွဲစဉ်တွေ ပြန်လည် ကစားပြီး ဘောလုံးရာသီကို အဆုံးသတ်ဖို့ ရှိပေမယ့် ဇွန်လအတွင်း အဲဒီ ပွဲစဉ်တွေ ပြန်မစ နိုင်ရင်တော့ ဒီ နှစ် ဘောလုံးရာသီ ရှိမှာ မဟုတ်တော့ကြောင်းလည်း UEFA ဥက္ကဌ Aleksander Ceferin က ပြီးခဲ့တဲ့ အပတ်က ပြောကြားထားပါတယ်။
.....................
(Unicode)