သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ UEFA ပြဲေတြ ေရႊ႕ဆိုင္းဖြယ္ရွိ


ျပင္သစ္ႏိုင္ငံ Paris ၿမိဳ႕က ေဘာလံုးကြင္း တခု (မတ္ ၁၁၊ ၂၀၂၀)

(Zawgyi/Unicode)

ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ကူးစက္ေနတာေၾကာင့္ ဥေရာပ ေဘာလံုးပြဲေတြအေပၚ ႐ိုက္ခတ္မႈနဲ႔ပတ္သက္ၿပီး ဥေရာပေဘာလံုးအဖြဲ႔ခ်ဳပ္ UEFA တာဝန္ရွိသူေတြ ဒီကေန႔ ဗီဒီယိိုကြန္ဖရန္႔ေခၚၿပီး ေဆြးေႏြးၾကဖို႔ရွိပါတယ္။ ေဆြးေႏြးၾကမယ့္ကိစၥေတြထဲမွာ ဇြန္လက်ရင္ စတင္က်င္းပဖို႔ စီစဥ္ထားတဲ့ Euro 2020 ၿပိဳင္ပြဲေတြကို ေရႊ႕မလားဆိုတာလည္း ပါဝင္ပါတယ္။

ဥေရာပ ေဘာလံုးကလပ္အသင္းေတြနဲ႔ ၿပိဳင္ပြဲက်င္းပတဲ့အဖြဲ႔ေတြက ကိုယ္စားလွယ္ေတြ ပါဝင္ေဆြးေႏြးၾကမွာျဖစ္ပါတယ္။

Euro 2020 ၿပိဳင္ပြဲကို တႏွစ္ၾကာ ေရႊ႕ဆိုင္းထားဖို႔ UEFA က ဆံုးျဖတ္ဖြယ္ရွိတယ္လုိ႔ ခန္႔မွန္းထားပါတယ္။ Euro 2020 ေဘာလံုးပြဲ ဖြင့္ပြဲကို ဇြန္လ ၁၂ ရက္ေန႔ အီတလီႏုိင္ငံ၊ ေရာမၿမိဳ႕မွာလုပ္ဖို႔ စီစဥ္ထားတာျဖစ္ၿပီး ဥေရာပၿမိဳ႕ႀကီး ၁၂ ၿမိဳ႕မွာ က်င္းပ မွာျဖစ္ၿပီးေတာ့ ေနာက္ဆံုးဗိုလ္လုပြဲက ၿဗိတိန္၊ Wembley ေဘာလံုးကြင္းမွာ လုပ္ဖို႔ စီစဥ္ထားတာပါ။

ဒါ့အျပင္ ၁၆ သင္းအဆင့္မွာ ရပ္ေနတဲ့ ခ်န္ပီယံလိဂ္ပြဲေတြနဲ႔ ပတ္သက္ၿပီး ဘာဆက္လုပ္ၾကမယ္ဆုိတာကိုလည္း UEFA က ေဆြးေႏြးမွာျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ကူးစက္ေနတဲ့ အေျခအေနက လာမယ့္ဇြန္လမွာ ေလ်ာ့ပါးသက္သာသြားၿပီး အားကစားၿပိဳင္ပြဲေတြကို ပံုမွန္ အတိုင္း ျပန္က်င္းပႏုိင္မယ္ဆုိရင္ေတာ့ အဂၤလန္ ပရီးမီးယားလိဂ္ပြဲေတြ အပါအဝင္ စပိန္၊ အီတလီ၊ ဂ်ာမနီ၊ ျပင္သစ္နဲ႔ တျခားႏုိ္င္ငံ ေတြက ကလပ္အသင္းၿပိဳင္ပြဲေတြအေနနဲ႔ ပြဲစဥ္ေတြကို အၿပီးသတ္ကစားဖို႔ အခ်ိန္တခုရလာမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ကိုရိုနာဗိုင်းရပ်စ်ကြောင့် UEFA ပွဲတွေ ရွှေ့ဆိုင်းဖွယ်ရှိ

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်နေတာကြောင့် ဥရောပ ဘောလုံးပွဲတွေအပေါ် ရိုက်ခတ်မှုနဲ့ပတ်သက်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ် UEFA တာဝန်ရှိသူတွေ ဒီကနေ့ ဗီဒီယိုကွန်ဖရန့်ခေါ်ပြီး ဆွေးနွေးကြဖို့ရှိပါတယ်။ ဆွေးနွေးကြမယ့်ကိစ္စတွေထဲမှာ ဇွန်လကျရင် စတင်ကျင်းပဖို့ စီစဉ်ထားတဲ့ Euro 2020 ပြိုင်ပွဲတွေကို ရွှေ့မလားဆိုတာလည်း ပါဝင်ပါတယ်။

ဥရောပ ဘောလုံးကလပ်အသင်းတွေနဲ့ ပြိုင်ပွဲကျင်းပတဲ့အဖွဲ့တွေက ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးကြမှာဖြစ်ပါတယ်။

Euro 2020 ပြိုင်ပွဲကို တနှစ်ကြာ ရွှေ့ဆိုင်းထားဖို့ UEFA က ဆုံးဖြတ်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ Euro 2020 ဘောလုံးပွဲ ဖွင့်ပွဲကို ဇွန်လ ၁၂ ရက်နေ့ အီတလီနိုင်ငံ၊ ရောမမြို့မှာလုပ်ဖို့ စီစဉ်ထားတာဖြစ်ပြီး ဥရောပမြို့ကြီး ၁၂ မြို့မှာ ကျင်းပ မှာဖြစ်ပြီးတော့ နောက်ဆုံးဗိုလ်လုပွဲက ဗြိတိန်၊ Wembley ဘောလုံးကွင်းမှာ လုပ်ဖို့ စီစဉ်ထားတာပါ။

ဒါ့အပြင် ၁၆ သင်းအဆင့်မှာ ရပ်နေတဲ့ ချန်ပီယံလိဂ်ပွဲတွေနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်ကြမယ်ဆိုတာကိုလည်း UEFA က ဆွေးနွေးမှာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်နေတဲ့ အခြေအနေက လာမယ့်ဇွန်လမှာ လျော့ပါးသက်သာသွားပြီး အားကစားပြိုင်ပွဲတွေကို ပုံမှန် အတိုင်း ပြန်ကျင်းပနိုင်မယ်ဆိုရင်တော့ အင်္ဂလန် ပရီးမီးယားလိဂ်ပွဲတွေ အပါအဝင် စပိန်၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်နဲ့ တခြားနိုင်ငံ တွေက ကလပ်အသင်းပြိုင်ပွဲတွေအနေနဲ့ ပွဲစဉ်တွေကို အပြီးသတ်ကစားဖို့ အချိန်တခုရလာမှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG