သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

UEFA ပြဲစဥ္ေတြ တႏွစ္ေရႊ႕ဆုိင္း


(Zawgyi/Unicode)

ကမၻာန႔ဲတ၀ွမ္း ကိုရုိနာဗုိင္းရပ္စ္ကူးစက္ေရာဂါ ပ်ံ႕ႏွံံ႔ ျဖစ္ပြားေနတာေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္ ဥေရာပ ခ်န္ပီယံ ေဘာလုံးျပိဳင္ပြဲကို တႏွစ္ ေရႊ႕ဆိုင္းလိုက္တယ္လို႔ ဥေရာပ ေဘာလုံးအဖြဲ႔ခ်ဳပ္ UEFA က အဂၤါေန႔က ေၾကညာလိုက္ပါတယ္။

UEFA ဥကၠ႒ Aleksander Ceferin က ကိုရုိနာဗုိင္းရပ္စ္ ကူးစက္ေနတာေၾကာင့္ ေဘာလုံးပြဲေတြ က်င္းပေရး မျဖစ္ႏုိင္ေတာ့ဘူးလို႔လည္း ေျပာပါတယ္။ အမ်ိဳးသားေဘာလုံး အဖြဲ႕ခ်ဳပ္ ၅၅ ဖြဲ႔နဲ႔ ဗီဒီယို ကြန္ဖရင့္ က်င္းပျပီးတဲ့ေနာက္မွာ UEFA အမႈေဆာင္ အဖြဲ႔၀င္ေတြက အခုလို ဆုံးျဖတ္ လိုက္တာလည္း ျဖစ္ပါတယ္။

ဥေရာပ ခ်န္ပီယံဗုိလ္လုပြဲေတြကို ဇြန္လ ၁၁ ရက္ေန႔ကေန ဇူလိုင္လ ၁၁ ရက္ေန႔အထိ က်င္းပဖို႔ စီစဥ္ထားတာပါ။ ဒီ ဥေရာပ ခ်န္ပီယံစဥ္ေတြကို ကမၻာနဲ႔တစ္၀ွမ္း အားေပးၾကည့္ရွဳသူ ပြဲၾကည့္ ပရိသတ္ သန္း ၃၀၀ ေလာက္ရွိျပီး UEFA အဖြဲ႕အေနနဲ႔လည္း ယူရုိေငြ သန္းေပါင္း ၈၃၀ (အေမရိကန္ ေဒၚလာ ၉၁၂ သန္း) အျမတ္ေငြ ရရွိေလ့ရွိပါတယ္။

ဒါေၾကာင့္ အခုလို ၂၀၂၀ ျပည့္ႏွစ္ ျပိဳင္ပြဲေတြကို ေရႊ႕ဆိုင္းလိုက္တာဟာ UEFA အတြက္ ဆုံးရွဳံးမွဳၾကီး တစ္ခုလို႔လည္း UEFA ဥကၠ႒ Ceferin က ေျပာပါတယ္။ ကိုရိုနာဗိုင္းရပ္စစ္ လူထု က်န္းမာေရး အက်ပ္အတည္းၾကီး ဘယ္အခ်ိန္ ျပီးဆုံးမလဲဆိုတာ မသိႏုိင္တာေၾကာင့္ ဥေရာပေဘာလုံးပြဲေတြ ဘယ္အခ်ိန္ ျပန္စႏုိင္မလဲဆိုတာကို မခန္႔မွန္းႏိုင္ေသးပါဘူူး။

ဥေရာပ ခ်န္ပီယံ ဗုိလ္လုပြဲစဥ္ေတြကို ဇြန္လ ၁၂ ေန႔မွာ အိုင္ယာလန္ကေန အဇာဘိုင္ဂ်န္၊ ရုရွားကေန အီတလီအထိ ႏုိင္ငံ ၁၂ ႏုိင္ငံမွာ စတင္ကစားဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္ ခင္ဗ်ာ။

UEFA ပြဲစဥ္ေတြ တႏွစ္ေရႊ႕ဆုိင္း
please wait

No media source currently available

0:00 0:00:54 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

UEFA ပွဲစဉ်တွေ တနှစ်ရွှေ့ဆိုင်း

ကမ္ဘာနဲ့တဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ပျံ့နှံံ့ ဖြစ်ပွားနေတာကြောင့် ၂၀၂၀ ပြည့်နှစ် ဥရောပ ချန်ပီယံ ဘောလုံးပြိုင်ပွဲကို တနှစ် ရွှေ့ဆိုင်းလိုက်တယ်လို့ ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA က အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။

UEFA ဥက္ကဋ္ဌ Aleksander Ceferin က ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာကြောင့် ဘောလုံးပွဲတွေ ကျင်းပရေး မဖြစ်နိုင်တော့ဘူးလို့လည်း ပြောပါတယ်။ အမျိုးသားဘောလုံး အဖွဲ့ချုပ် ၅၅ ဖွဲ့နဲ့ ဗီဒီယို ကွန်ဖရင့် ကျင်းပပြီးတဲ့နောက်မှာ UEFA အမှုဆောင် အဖွဲ့ဝင်တွေက အခုလို ဆုံးဖြတ် လိုက်တာလည်း ဖြစ်ပါတယ်။

ဥရောပ ချန်ပီယံဗိုလ်လုပွဲတွေကို ဇွန်လ ၁၁ ရက်နေ့ကနေ ဇူလိုင်လ ၁၁ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားတာပါ။ ဒီ ဥရောပ ချန်ပီယံစဉ်တွေကို ကမ္ဘာနဲ့တစ်ဝှမ်း အားပေးကြည့်ရှုသူ ပွဲကြည့် ပရိသတ် သန်း ၃၀၀ လောက်ရှိပြီး UEFA အဖွဲ့အနေနဲ့လည်း ယူရိုငွေ သန်းပေါင်း ၈၃၀ (အမေရိကန် ဒေါ်လာ ၉၁၂ သန်း) အမြတ်ငွေ ရရှိလေ့ရှိပါတယ်။

ဒါကြောင့် အခုလို ၂၀၂၀ ပြည့်နှစ် ပြိုင်ပွဲတွေကို ရွှေ့ဆိုင်းလိုက်တာဟာ UEFA အတွက် ဆုံးရှုံးမှုကြီး တစ်ခုလို့လည်း UEFA ဥက္ကဋ္ဌ Ceferin က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စစ် လူထု ကျန်းမာရေး အကျပ်အတည်းကြီး ဘယ်အချိန် ပြီးဆုံးမလဲဆိုတာ မသိနိုင်တာကြောင့် ဥရောပဘောလုံးပွဲတွေ ဘယ်အချိန် ပြန်စနိုင်မလဲဆိုတာကို မခန့်မှန်းနိုင်သေးပါဘူူး။

ဥရောပ ချန်ပီယံ ဗိုလ်လုပွဲစဉ်တွေကို ဇွန်လ ၁၂ နေ့မှာ အိုင်ယာလန်ကနေ အဇာဘိုင်ဂျန်၊ ရုရှားကနေ အီတလီအထိ နိုင်ငံ ၁၂ နိုင်ငံမှာ စတင်ကစားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ် ခင်ဗျာ။

XS
SM
MD
LG