သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ ဆႏၵျပပဲြေနာက္ဆုံးအေျခအေနနဲ႔ သုံးသပ္ခ်က္


နယူးေယာက္ျပည္နယ္ Brooklyn Bridge တံတားမွာ George Floyd ေသဆံုးခဲ့မႈနဲ႔ ပတ္သက္ၿပီး မေက်နပ္တာေၾကာင့္ ဆႏၵျပေနတဲ့ လူတခ်ိဳ႕။ (ဇြန္ ၀၁၊ ၂၀၂၀)

[Zawgyi/Unicode]

အခုဆိုရင္ အေမရိကန္ ျပည္ေထာင္စုမွာ ရဲကဖမ္းဆီးခ်ိန္မွာ လူမည္းအမ်ဳိးသားတဦး ေသဆုံးခဲ့တဲ့အေပၚမွာ မေက်နပ္လုိ႔ ၀ါရွင္တန္ဒီစီနဲ႔ ျပည္နယ္ေတာ္ေတာ္မ်ားမ်ားမွာ ဆႏၵျပေနၾကတာ ၇ ရက္ ရွိသြားပါၿပီ။ ဒါေတြနဲ႔ ပတ္သက္လုိ႔ ေနာက္ဆုံးအေျခအေနေတြနဲ႔ သုံးသပ္ခ်က္ေတြ သိရေအာင္ အနီးကပ္ေစာင့္ၾကည့္ေနတဲ့ ဗြီအုိေအအယ္ဒီတာ ဦးေက်ာ္ဇံသာကုိ က်မ ဆုမြန္က ဆက္သြယ္ေမးျမန္းထားပါတယ္။

မဆုမြန္။ ။ ဆရာဦးေက်ာ္ဇံသာရွင့္ အခုဆိုရင္ အေမရိကန္ျပည္ေထာင္စုမွာ ဆႏၵျပပဲြေတြ ျဖစ္ေနတာ ၇ ရက္ ေလာက္ ရွိသြားပါၿပီေပါ့ေနာ္။ အခုလက္ရွိ ေနာက္ဆုံးအေျခအေန ဘယ္ေလာက္အထိ ျဖစ္ေနၿပီလဲရွင့္။

ဦးေက်ာ္ဇံသာ။ ။ ေနာက္ဆံုးအေျခအေနကေတာ့ ဆိုးဆိုးဝါးဝါးျဖစ္ေနဆဲ-လို႔ ေျပာရမွာပါ ဆုမြန္ေရ။ ၿပီးခဲ့တဲ့ညကဆိုလို႔ရွိရင္ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ အၾကမ္းဖက္မႈေတြျဖစ္ခဲ့ပါတယ္။ အၾကမ္းဖက္တယ္ဆိုတဲ့ေနရာမွာ ရဲက အၾကမ္းဖက္ႏွိမ္ႏွင္းသလို ဆႏၵျပတဲ့သူေတြဘက္ကလည္း အၾကမ္းဖက္တုံ႔ျပန္တာ ေကာ့ေတးပုလင္းခြံေတြနဲ႔ ပစ္တာ ေသနတ္နဲ႔ ပစ္တာေတြလည္း ေတြ႔ရပါတယ္။ ဒါေၾကာင့္လည္းပဲ Missouri ျပည္နယ္က စိန္႔လူးဝစ္မွာဆိုရင္ ရဲေလးေယာက္ ဒဏ္ရာရတယ္။ ပိုၿပီး ေၾကာက္ခမန္းလိလိျမင္ကြင္းတခု ကေတာ့ နယူးေယာက္ၿမိဳ႕လည္ေခါင္မွာ ဆႏၵျပေနတဲ့ လူအုပ္ေရွ႕ လမ္းခြဆံုမွာ မတ္တပ္ရပ္ေနတဲ့ ရဲအရာရွိတေယာက္ကို ကားနဲ႔ဝင္တုိက္တယ္။ ကားက ရပ္မေပးဘူး။ ထြက္ေျပးသြားပါတယ္။ ရဲက ျပင္းျပင္းထန္ထန္ကို ဒဏ္ရာေတြရၿပီး ေဆး႐ံုမွာ ေရာက္ေနတယ္လို႔ ဆိုပါတယ္။ ဒီလိုျဖစ္ရပ္ေတြက အမ်ားၾကီးပါ။

ဒါ့အျပင္ ကုန္တိုက္ေတြ ေစ်းဆုိင္ေတြကို ဝင္လုတာ ဝင္ေဖာက္တာ ေတြ႔ရပါတယ္။ နယူးေယာက္မွာဆိုရင္ ကမာၻေက်ာ္ Macy ဆိုတဲ့ စတိုးလ္ဆိုင္ၾကီးကို ဝင္လုတယ္။ Nike စတိုးလ္ စသျဖင့္ က်န္တာေတြလည္း အမ်ားၾကီးပါပဲ။ လုယက္ဖ်က္ဆီးတာေတြ အမ်ားၾကီးခံေနရပါတယ္။ ဆုိေတာ့ အေျခအေနက ဆိုးသထက္ဆိုးလာပါတယ္။ က်န္တဲ့ၿမိဳ႕ေတြေတာ္ေတာ္မ်ားမ်ားလည္း ဆႏၵေတြျပေနတယ္။ ဝါရွင္တန္ဒီစီမွာဆို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပၾကပါတယ္။ သို႔ေသာ္ သူတို႔က ကာဖ်ဴးထုတ္ထားတဲ့ အခ်ိန္ကိုေက်ာ္လြန္ၿပီး ဆႏၵျပေနတဲ့အတြက္ေၾကာင့္ ညဘက္မွာ ရဟတ္ယာဥ္ေတြက ေကာင္းကင္ယံက ဝဲၿပီး ေစာင့္ၾကည့္ေနတာကိုလည္း ေတြ႔ရပါတယ္။ အိမ္ျဖဴေတာ္ေရွ႕မွာလည္း ၿငိမ္းခ်မ္းစြာ ဆႏၵျပေသာ္လည္းပဲ ရဲေတြဘက္က နည္းနည္းအၾကမ္းဖက္ၿပီးေတာ့ ၿဖိဳခြဲတာကို ေတြ႔ရပါတယ္။ အဲ့ဒီ့အခ်ိန္မွာ အေမရိကန္သမၼတေဒါနယ္လ္ထရမ့္က သူ႔ရဲ႕ Bible သမၼာက်မ္းစာအုပ္ကိုင္ၿပီး အိမ္ျဖဴေတာ္ေရွ႕နားက St John’s Church ဘုရားရွိခိုးေက်ာင္းေရွ႕သြားၿပီး ဓာတ္ပံုအရိုက္ခံပါတယ္။ အဲ့တာကိုလည္း ဘုရားရွိခိုးေက်ာင္းက တာဝန္ရွိတဲ့သူ Bishop ကို ခြင့္မေတာင္းဘဲနဲ႔ အဲ့သလို လုပ္ျပရေကာင္းလားဆိုၿပီး Bishop ကိုယ္တုိင္ထြက္ၿပီးေတာ့ ေျပာဆိုတာေတြ႔ရပါတယ္ မဆုမြန္။

မဆုမြန္။ ။ ဟုတ္ကဲ့ ဆရာဦးေက်ာ္ဇံသာ။ မေန႔တုန္းက အေမရိကန္သမၼတ မိန္႔ခြန္းထဲမွာေျပာေတာ့ သူက အၾကမ္းပတမ္း အေျခအေနအထိ ျဖစ္ေနတာေတြကုိ အင္အားသံုး ႏွိမ္နင္းမယ္ဆုိၿပီး ေျပာသြားခဲ့ေတာ့- အခုအေျခအေနက မထိန္းႏုိင္ဘဲ ျဖစ္ေနတဲ့ သေဘာလားရွင့္။

ဦးေက်ာ္ဇံသာ။ ။ မွန္ပါတယ္။ သမၼတေျပာလိုက္တဲ့ မိန္႔ခြန္းကလည္းပဲ ႏွိမ္ႏွင္းဖို႔ဆိုတဲ့ကိစၥကို ေျပာလိုက္တာဟာ ဒီဆႏၵျပဆူပူမႈေတြကို ၿငိမ္သက္သြားဖို႔ထက္ပိုၿပီးေတာ့မွ ဆိုးရြားသြားေစေအာင္ "ေလာင္စာ" ထိုးေပးလိုက္တယ္လို႔မ်ား ေျပာရေလမလားပဲ။ သူေျပာသြားတဲ့ အထဲမွာ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေတြ မင္းတို႔ မလုပ္ႏိုင္ဘူးဆိုရင္ Military ကို သံုးမယ္ ... စစ္တပ္ကို သံုးမယ္လို႔ေျပာပါတယ္။ သူကိုယ္တုိင္ကလည္း ကာခ်ဳပ္လည္းျဖစ္တာကိုး စစ္တပ္ရဲ႕ကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္ေနတာကိုး။ အဲ့လိုသူကေျပာလိုက္ေတာ့ အတုိက္အခံေတြကေရာ ႏုိင္ငံေရးအသိုင္းအဝိုင္းကေရာ ေဝဖန္ၾကတယ္။ ေနာက္ၿပီးေတာ့ သူက ကာကြယ္ေရးဦးစီးခ်ဳပ္လုပ္ေနၿပီးေတာ့ "သူ႔ရဲ႕တပ္ကို ျပည္သူနဲ႔ ရန္တုိက္ေပးရေကာင္းလား"ဆိုၿပီးေတာ့ ေဝဖန္တာေတြ႔လုိက္ရပါတယ္။ ဒီမိုကရက္ေခါင္းေဆာင္ တဦးကေဝဖန္တာ။ ဆိုေတာ့ သူ႔ရဲ႕မိန္႔ခြန္းမွာ အဓိက လူေတြက ၾကားခ်င္တာက- ဆိုေတာ့ သူကေတာ့ေျပာတယ္ George Floyd ေသဆံုးသြားတဲ့အမႈကို စိတ္မေကာင္းဘူး ျဖစ္တယ္။ ဒါဟာ မမွန္ကန္ဘူး။ ဒါကို တရားဥပေဒအရ စစ္ေဆးမယ္။ တရားဥပေဒအရ စီရင္မယ္ ဆိုတာကိုေတာ့ သူက ေျပာပါတယ္။ သို႔ေသာ္လည္းပဲ လူမည္းေတြရဲ႕ဘဝ ခြဲျခားဆက္ဆံခံေနရတာ လံုးဝ Touch မလုပ္သြားဘူး။ အေျခခံအေၾကာင္းရင္းျဖစ္တဲ့ဟာကို မေျပာသြားဘူး။ အဲ့ဒီ့ကိစၥကိုပဲ လူေတြက ၾကားခ်င္ေနၾကတာ။ ဒီလိုလူေတြအတြက္ ငါဘယ္လိုလုပ္မယ္ဆိုတာကို လိုခ်င္တာ သို႔ေသာ္လည္းပဲ ဒီစကားေတြကို လံုးဝမေျပာသြားတဲ့အတြက္ သူ႔ရဲ႕မိန္႔ခြန္းကို ပိုၿပီးေတာ့ ခံျပင္းေဒါသျဖစ္စရာလို႔ လူေတြကယူဆေနၾကပါတယ္။

မဆုမြန္။ ။ ဟုတ္ကဲ့ရွင့္ - ဒီလူထုဆႏၵျပပြဲေတြရဲ႕ ေရွ႕ဘာေတြ ဆက္ျဖစ္ႏုိင္တဲ့ အလားအလာေတြ ရွိမလဲ ေတာင္းဆိုမႈေတြက ဘယ္လိုနည္းနဲ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အဆံုးသတ္သြားႏိုင္မယ္လုိ႔ေရာ သုံးသပ္မိလဲ။

ဦးေက်ာ္ဇံသာ ။ ။ ဒီဆႏၵျပပြဲေတြကေတာ့ ေတာ္ေတာ္ၾကာၾကာ ဆက္လက္ျဖစ္ေနဦးမွာပါ။ အခုကေတာ့ အဲ့ဒီ့ George Floyd ေသဆံုးေစခဲ့တဲ့ေနရာမွာ ကုိယ္ထိလက္ေရာက္ သူ႔ရဲ႕လည္ပင္းကို တက္နင္းထားတဲ့ ဒူးနဲ႔ေထာက္ထားခဲ့တဲ့ ရဲကို ဖမ္းဆီးထားတယ္။ သူ႔ကို တတိယအဆင့္လူသတ္မႈနဲ႔စြဲခ်က္ တင္ထားပါတယ္။ ဆိုေတာ့ တတိယအဆင့္လို႔ အဲ့ဒီ့လို လူသတ္မႈကို အဆင့္ခြဲတာက ဘာနဲ႔ခြဲသလဲဆိုေတာ့ ေသသြားတဲ့ အဲ့ဒီ့လူကို ေသေစလိုတဲ့ စိတ္ဆႏၵ ဘယ္ေလာက္ျပင္းျပခဲ့သလဲ၊ ဘယ္လုိလုပ္ခဲ့သလဲ၊ ဘယ္လိုေဆာင္ရြက္ခဲ့သလဲ၊ အဲ့ဒီ့အျပဳအမႈေတြနဲ႔ ဆိုတဲ့ သူ႔ရဲ႕စိတ္ဆႏၵကို တုိင္းတာၿပီး အဆင့္သတ္မွတ္တာပါ။ အခုေတာ့ တတိယအဆင့္ သတ္မွတ္ထားတယ္။ သို႔ေသာ္ ဒီအမႈကို တရား႐ံုးက တရားစီရင္လာတဲ့အခါမွာ တကယ္ပဲ သူ႔ကိုျပစ္မႈထင္ရွားလို႔ စီရင္ေလမလား။ ဒါကို ပရိတ္သတ္ေတြက ေစာင့္ၾကည့္ၾကပါလိမ့္မယ္။ ျပည္သူေတြက။ ေနာက္တခါ သူနဲ႔အတူ တာဝန္က်ေနခဲ့တဲ့ အဲ့ဒီ့ေနရာက ေနာက္ထပ္ ရဲသံုးေယာက္ကိုေတာ့ ဖမ္းဆီးျခင္း မရွိပါဘူး။ အဲ့ဒီ့သူေတြကိုလည္း ဖမ္းဆီးၿပီးေတာ့ တရားဥပေဒေၾကာင္းအရ ႐ံုးတင္စစ္ေဆးၿပီးေတာ့ အျပစ္ေပးတယ္ဆုိတာျမင္ရင္ေတာ့ ျပည္သူေတြရဲ႕စိတ္ထဲမွာ ေလာေလာဆယ္ ေက်နပ္ႏွစ္သိမ့္မႈ ရရွိလိမ့္မယ္ျဖစ္ပါတယ္။ သို႔ေသာ္လည္းပဲ ဒီအသားအေရာင္ခြဲျခားမႈ ခြဲျခားဆက္ဆံေရး ေတြရွိေနတာေတြက မၾကာခဏဆိုသလိုပဲ ျဖစ္ၿပီးေတာ့ တအံု႔ေႏြးေႏြး ဆက္ျဖစ္ေနဦးမယ္လို႔ ထင္ရပါတယ္ မဆုမြန္။

မဆုမြန္။ ။ ေက်းဇူးပါ ဆရာဦးေက်ာ္ဇံသာရွင့္။ ဒါကေတာ့ က်မဆုမြန္က ဆႏၵျပပြဲေတြကို အနီးကပ္ေစာင့္ၾကည့္ေလ့လာေနတဲ့ ဦးေက်ာ္ဇံသာကို ေမးျမန္းတင္ဆက္ေပးခဲ့တာပါရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန် ဆန္ဒပြပွဲနောက်ဆုံးအခြေအနေနဲ့ သုံးသပ်ချက်

အခုဆိုရင် အမေရိကန် ပြည်ထောင်စုမှာ ရဲကဖမ်းဆီးချိန်မှာ လူမည်းအမျိုးသားတဦး သေဆုံးခဲ့တဲ့အပေါ်မှာ မကျေနပ်လို့ ဝါရှင်တန်ဒီစီနဲ့ ပြည်နယ်တော်တော်များများမှာ ဆန္ဒပြနေကြတာ ၇ ရက် ရှိသွားပါပြီ။ ဒါတွေနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေတွေနဲ့ သုံးသပ်ချက်တွေ သိရအောင် အနီးကပ်စောင့်ကြည့်နေတဲ့ ဗွီအိုအေအယ်ဒီတာ ဦးကျော်ဇံသာကို ကျမ ဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

မဆုမွန်။ ။ ဆရာဦးကျော်ဇံသာရှင့် အခုဆိုရင် အမေရိကန်ပြည်ထောင်စုမှာ ဆန္ဒပြပွဲတွေ ဖြစ်နေတာ ၇ ရက် လောက် ရှိသွားပါပြီပေါ့နော်။ အခုလက်ရှိ နောက်ဆုံးအခြေအနေ ဘယ်လောက်အထိ ဖြစ်နေပြီလဲရှင့်။

ဦးကျော်ဇံသာ။ ။ နောက်ဆုံးအခြေအနေကတော့ ဆိုးဆိုးဝါးဝါးဖြစ်နေဆဲ-လို့ ပြောရမှာပါ ဆုမွန်ရေ။ ပြီးခဲ့တဲ့ညကဆိုလို့ရှိရင် မြို့တော်တော်များများမှာ အကြမ်းဖက်မှုတွေဖြစ်ခဲ့ပါတယ်။ အကြမ်းဖက်တယ်ဆိုတဲ့နေရာမှာ ရဲက အကြမ်းဖက်နှိမ်နှင်းသလို ဆန္ဒပြတဲ့သူတွေဘက်ကလည်း အကြမ်းဖက်တုံ့ပြန်တာ ကော့တေးပုလင်းခွံတွေနဲ့ ပစ်တာ သေနတ်နဲ့ ပစ်တာတွေလည်း တွေ့ရပါတယ်။ ဒါကြောင့်လည်းပဲ Missouri ပြည်နယ်က စိန့်လူးဝစ်မှာဆိုရင် ရဲလေးယောက် ဒဏ်ရာရတယ်။ ပိုပြီး ကြောက်ခမန်းလိလိမြင်ကွင်းတခု ကတော့ နယူးယောက်မြို့လည်ခေါင်မှာ ဆန္ဒပြနေတဲ့ လူအုပ်ရှေ့ လမ်းခွဆုံမှာ မတ်တပ်ရပ်နေတဲ့ ရဲအရာရှိတယောက်ကို ကားနဲ့ဝင်တိုက်တယ်။ ကားက ရပ်မပေးဘူး။ ထွက်ပြေးသွားပါတယ်။ ရဲက ပြင်းပြင်းထန်ထန်ကို ဒဏ်ရာတွေရပြီး ဆေးရုံမှာ ရောက်နေတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်ရပ်တွေက အများကြီးပါ။

ဒါ့အပြင် ကုန်တိုက်တွေ ဈေးဆိုင်တွေကို ဝင်လုတာ ဝင်ဖောက်တာ တွေ့ရပါတယ်။ နယူးယောက်မှာဆိုရင် ကမ္ဘာကျော် Macy ဆိုတဲ့ စတိုးလ်ဆိုင်ကြီးကို ဝင်လုတယ်။ Nike စတိုးလ် စသဖြင့် ကျန်တာတွေလည်း အများကြီးပါပဲ။ လုယက်ဖျက်ဆီးတာတွေ အများကြီးခံနေရပါတယ်။ ဆိုတော့ အခြေအနေက ဆိုးသထက်ဆိုးလာပါတယ်။ ကျန်တဲ့မြို့တွေတော်တော်များများလည်း ဆန္ဒတွေပြနေတယ်။ ဝါရှင်တန်ဒီစီမှာဆို ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြပါတယ်။ သို့သော် သူတို့က ကာဖျူးထုတ်ထားတဲ့ အချိန်ကိုကျော်လွန်ပြီး ဆန္ဒပြနေတဲ့အတွက်ကြောင့် ညဘက်မှာ ရဟတ်ယာဉ်တွေက ကောင်းကင်ယံက ဝဲပြီး စောင့်ကြည့်နေတာကိုလည်း တွေ့ရပါတယ်။ အိမ်ဖြူတော်ရှေ့မှာလည်း ငြိမ်းချမ်းစွာ ဆန္ဒပြသော်လည်းပဲ ရဲတွေဘက်က နည်းနည်းအကြမ်းဖက်ပြီးတော့ ဖြိုခွဲတာကို တွေ့ရပါတယ်။ အဲ့ဒီ့အချိန်မှာ အမေရိကန်သမ္မတဒေါနယ်လ်ထရမ့်က သူ့ရဲ့ Bible သမ္မာကျမ်းစာအုပ်ကိုင်ပြီး အိမ်ဖြူတော်ရှေ့နားက St John’s Church ဘုရားရှိခိုးကျောင်းရှေ့သွားပြီး ဓာတ်ပုံအရိုက်ခံပါတယ်။ အဲ့တာကိုလည်း ဘုရားရှိခိုးကျောင်းက တာဝန်ရှိတဲ့သူ Bishop ကို ခွင့်မတောင်းဘဲနဲ့ အဲ့သလို လုပ်ပြရကောင်းလားဆိုပြီး Bishop ကိုယ်တိုင်ထွက်ပြီးတော့ ပြောဆိုတာတွေ့ရပါတယ် မဆုမွန်။

မဆုမွန်။ ။ ဟုတ်ကဲ့ ဆရာဦးကျော်ဇံသာ။ မနေ့တုန်းက အမေရိကန်သမ္မတ မိန့်ခွန်းထဲမှာပြောတော့ သူက အကြမ်းပတမ်း အခြေအနေအထိ ဖြစ်နေတာတွေကို အင်အားသုံး နှိမ်နင်းမယ်ဆိုပြီး ပြောသွားခဲ့တော့- အခုအခြေအနေက မထိန်းနိုင်ဘဲ ဖြစ်နေတဲ့ သဘောလားရှင့်။

ဦးကျော်ဇံသာ။ ။ မှန်ပါတယ်။ သမ္မတပြောလိုက်တဲ့ မိန့်ခွန်းကလည်းပဲ နှိမ်နှင်းဖို့ဆိုတဲ့ကိစ္စကို ပြောလိုက်တာဟာ ဒီဆန္ဒပြဆူပူမှုတွေကို ငြိမ်သက်သွားဖို့ထက်ပိုပြီးတော့မှ ဆိုးရွားသွားစေအောင် "လောင်စာ" ထိုးပေးလိုက်တယ်လို့များ ပြောရလေမလားပဲ။ သူပြောသွားတဲ့ အထဲမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ မင်းတို့ မလုပ်နိုင်ဘူးဆိုရင် Military ကို သုံးမယ် ... စစ်တပ်ကို သုံးမယ်လို့ပြောပါတယ်။ သူကိုယ်တိုင်ကလည်း ကာချုပ်လည်းဖြစ်တာကိုး စစ်တပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်ဖြစ်နေတာကိုး။ အဲ့လိုသူကပြောလိုက်တော့ အတိုက်အခံတွေကရော နိုင်ငံရေးအသိုင်းအဝိုင်းကရော ဝေဖန်ကြတယ်။ နောက်ပြီးတော့ သူက ကာကွယ်ရေးဦးစီးချုပ်လုပ်နေပြီးတော့ "သူ့ရဲ့တပ်ကို ပြည်သူနဲ့ ရန်တိုက်ပေးရကောင်းလား"ဆိုပြီးတော့ ဝေဖန်တာတွေ့လိုက်ရပါတယ်။ ဒီမိုကရက်ခေါင်းဆောင် တဦးကဝေဖန်တာ။ ဆိုတော့ သူ့ရဲ့မိန့်ခွန်းမှာ အဓိက လူတွေက ကြားချင်တာက- ဆိုတော့ သူကတော့ပြောတယ် George Floyd သေဆုံးသွားတဲ့အမှုကို စိတ်မကောင်းဘူး ဖြစ်တယ်။ ဒါဟာ မမှန်ကန်ဘူး။ ဒါကို တရားဥပဒေအရ စစ်ဆေးမယ်။ တရားဥပဒေအရ စီရင်မယ် ဆိုတာကိုတော့ သူက ပြောပါတယ်။ သို့သော်လည်းပဲ လူမည်းတွေရဲ့ဘဝ ခွဲခြားဆက်ဆံခံနေရတာ လုံးဝ Touch မလုပ်သွားဘူး။ အခြေခံအကြောင်းရင်းဖြစ်တဲ့ဟာကို မပြောသွားဘူး။ အဲ့ဒီ့ကိစ္စကိုပဲ လူတွေက ကြားချင်နေကြတာ။ ဒီလိုလူတွေအတွက် ငါဘယ်လိုလုပ်မယ်ဆိုတာကို လိုချင်တာ သို့သော်လည်းပဲ ဒီစကားတွေကို လုံးဝမပြောသွားတဲ့အတွက် သူ့ရဲ့မိန့်ခွန်းကို ပိုပြီးတော့ ခံပြင်းဒေါသဖြစ်စရာလို့ လူတွေကယူဆနေကြပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ရှင့် - ဒီလူထုဆန္ဒပြပွဲတွေရဲ့ ရှေ့ဘာတွေ ဆက်ဖြစ်နိုင်တဲ့ အလားအလာတွေ ရှိမလဲ တောင်းဆိုမှုတွေက ဘယ်လိုနည်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်သွားနိုင်မယ်လို့ရော သုံးသပ်မိလဲ။

ဦးကျော်ဇံသာ ။ ။ ဒီဆန္ဒပြပွဲတွေကတော့ တော်တော်ကြာကြာ ဆက်လက်ဖြစ်နေဦးမှာပါ။ အခုကတော့ အဲ့ဒီ့ George Floyd သေဆုံးစေခဲ့တဲ့နေရာမှာ ကိုယ်ထိလက်ရောက် သူ့ရဲ့လည်ပင်းကို တက်နင်းထားတဲ့ ဒူးနဲ့ထောက်ထားခဲ့တဲ့ ရဲကို ဖမ်းဆီးထားတယ်။ သူ့ကို တတိယအဆင့်လူသတ်မှုနဲ့စွဲချက် တင်ထားပါတယ်။ ဆိုတော့ တတိယအဆင့်လို့ အဲ့ဒီ့လို လူသတ်မှုကို အဆင့်ခွဲတာက ဘာနဲ့ခွဲသလဲဆိုတော့ သေသွားတဲ့ အဲ့ဒီ့လူကို သေစေလိုတဲ့ စိတ်ဆန္ဒ ဘယ်လောက်ပြင်းပြခဲ့သလဲ၊ ဘယ်လိုလုပ်ခဲ့သလဲ၊ ဘယ်လိုဆောင်ရွက်ခဲ့သလဲ၊ အဲ့ဒီ့အပြုအမှုတွေနဲ့ ဆိုတဲ့ သူ့ရဲ့စိတ်ဆန္ဒကို တိုင်းတာပြီး အဆင့်သတ်မှတ်တာပါ။ အခုတော့ တတိယအဆင့် သတ်မှတ်ထားတယ်။ သို့သော် ဒီအမှုကို တရားရုံးက တရားစီရင်လာတဲ့အခါမှာ တကယ်ပဲ သူ့ကိုပြစ်မှုထင်ရှားလို့ စီရင်လေမလား။ ဒါကို ပရိတ်သတ်တွေက စောင့်ကြည့်ကြပါလိမ့်မယ်။ ပြည်သူတွေက။ နောက်တခါ သူနဲ့အတူ တာဝန်ကျနေခဲ့တဲ့ အဲ့ဒီ့နေရာက နောက်ထပ် ရဲသုံးယောက်ကိုတော့ ဖမ်းဆီးခြင်း မရှိပါဘူး။ အဲ့ဒီ့သူတွေကိုလည်း ဖမ်းဆီးပြီးတော့ တရားဥပဒေကြောင်းအရ ရုံးတင်စစ်ဆေးပြီးတော့ အပြစ်ပေးတယ်ဆိုတာမြင်ရင်တော့ ပြည်သူတွေရဲ့စိတ်ထဲမှာ လောလောဆယ် ကျေနပ်နှစ်သိမ့်မှု ရရှိလိမ့်မယ်ဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီအသားအရောင်ခွဲခြားမှု ခွဲခြားဆက်ဆံရေး တွေရှိနေတာတွေက မကြာခဏဆိုသလိုပဲ ဖြစ်ပြီးတော့ တအုံ့နွေးနွေး ဆက်ဖြစ်နေဦးမယ်လို့ ထင်ရပါတယ် မဆုမွန်။

မဆုမွန်။ ။ ကျေးဇူးပါ ဆရာဦးကျော်ဇံသာရှင့်။ ဒါကတော့ ကျမဆုမွန်က ဆန္ဒပြပွဲတွေကို အနီးကပ်စောင့်ကြည့်လေ့လာနေတဲ့ ဦးကျော်ဇံသာကို မေးမြန်းတင်ဆက်ပေးခဲ့တာပါရှင်။

XS
SM
MD
LG