သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တဝန်း ဒါဇင်နဲ့ချီတဲ့ မြို့တွေက ဆန္ဒပြပွဲတွေမှာ ရုန်းရင်းဆန်ခတ်ဖြစ်


နယူးယောက်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့နေတဲ့မြင်ကွင်း။ (မေ ၃၀၊ ၂၀၂၀)
နယူးယောက်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့နေတဲ့မြင်ကွင်း။ (မေ ၃၀၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ် Minneapolis မြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်က လူမည်းအမျိုးသားတဦး ရဲလက်ချက်နဲ့ သေဆုံးသွားခဲ့တာနဲ့ ပတ်သက်ပြီး ကန့်ကွက် ဆန္ဒပြပွဲတွေ အမေရိကန် မြို့ကြီးအတော်များများမှာ ဒီရက်ပိုင်း ဖြစ်ပွားရာမှာ စနေနေ့ညပိုင်းက အကြမ်းဖက်တာတွေ၊ လုယက်တာတွေနဲ့ မီးရှို့ဖျက်ဆီးတာတွေအထိ ဖြစ်ခဲ့ပါတယ်။

ရဲကားတွေနဲ့ အစိုးရ အဆောက်အဦတွေကို ဆန္ဒပြသူတချို့က မီးရှို့ ဖျက်ဆီးခဲ့ကြပါတယ်။

ဈေးဆိုင် ပြတင်းပေါက်တွေ ရိုက်ခွဲ ဖျက်ဆီးပြီး လုယက်သူတွေက တန်ဖိုးကြီး ကုန်ပစ္စည်းတွေကို ယူသွားခဲ့ကြသလို ပန်းခြံတွေထဲက ရုပ်တုတွေကိုလည်း ဆေးတွေနဲ့ပက်ပြီး ဖျက်ဆီးခဲ့ကြပါတယ်။

အစောပိုင်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေကြတဲ့ သူတွေဟာ စနေနေ့ညပိုင်းမှာ အင်အားပိုများလာခဲ့ပြီး ညဘက်ရောက်လာချိန်မှာတော့ ဆန္ဒပြသူတွေထဲက တချို့က အကြမ်းဖက်တာတွေ လုပ်လာခဲ့တာပါ။

ဒါကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ငရုတ်ကောင်းရည်တွေနဲ့ ရာဘာကျည်တွေ သုံးပြီး နှိမ်နင်းခဲ့ပါတယ်။

မြို့အတော်များများမှာ ညမထွက်ရ ကာဖျူးအမိန့် ချမှတ်ထားတာကို ဖီဆန်ပြီး ဆန္ဒပြသူတွေက လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြသလို ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်တာတွေ ဖြစ်ခဲ့ပါတယ်။

မြို့တချို့မှာကေတော့ ဆန္ဒပြသူတွေ ကိုယ်တိုင်ကပဲ ညမထွက်ရအမိန့် ချိုးဖောက်မှုနဲ့ ငြိမ်းငြိမ်းချမ်းချမ်း အဖမ်းခံခဲ့တာတွေလည်း ရှိပါတယ်။

နိုင်ငံတဝန်း ဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက်မှုတွေကြောင့် လူ ၁,၄၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။

ဝါရှင်တန်မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ် ဖြိုခွဲနေတဲ့မြင်ကွင်း။ (မေ ၃၀၊ ၂၀၂၀)
ဝါရှင်တန်မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ် ဖြိုခွဲနေတဲ့မြင်ကွင်း။ (မေ ၃၀၊ ၂၀၂၀)

ပြီးခဲ့တဲ့ တနင်္လာနေ့က Minneapolis မြို့က လမ်းမတခုပေါ်မှာ အသက် ၄၆ နှစ်အရွယ် လူမည်းအမျိုးသား George Floyd ကို ရဲက ဖမ်းဆီးချိန် လက်ထိပ်နောက်ပြန်ခတ်၊ လမ်းမပေါ်မှာ ဖိချထားပြီး လည်ပင်းကို ဒူးနဲ့ထောက်ထားခဲ့တာမှာ Floyd က အသက်ရှူမရတော့ဘူးလို့ အကြိမ်ကြိမ် တောင်းပန်ပြောရင်း သေဆုံးသွားခဲ့ရာကနေ ခုလို အမေရိကန်မြို့ကြီးတွေ အများအပြားမှာ ဆန္ဒပြပွဲတွေ ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။

နယူးယောက်မြို့ ရဲကော်မရှင်နာမင်းကြီးကတော့ စနေနေ့ည ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၃၅၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။ ရဲအရာရှိ ၃၀ ကျော်လောက်လည်း အသေးစားဒဏ်ရာတွေ ရရှိခဲ့သလို ရဲကားတွေလည်း မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ နယူးယောက်မြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ဖို့ မရှိသေးဘူးလို့ မြို့တော်ဝန် Bill de Blasio က ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့မှာတော့ အရေးပေါ်အခြေအနေအဖြစ် ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------------

(Unicode)



ရဲကားတှနေဲ့ အစိုးရ အဆောကျအဦတှကေို ဆန်ဒပွသူတခြို့က မီးရှို့ ဖကြျဆီးခဲ့ကွပါတယျ။








St. Paul မွို့မှာ ထိပျတိုကျတှေ့နတေဲ့ ဆန်ဒပွသူတှနေဲ့ ရဲတပျဖှဲ့ဝငျမြား။ (မေ ၂၉၊ ၂၀၂၀)
St. Paul မွို့မှာ ထိပျတိုကျတှေ့နတေဲ့ ဆန်ဒပွသူတှနေဲ့ ရဲတပျဖှဲ့ဝငျမြား။ (မေ ၂၉၊ ၂၀၂၀)




XS
SM
MD
LG