သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ပြည်နယ် ၁၁ ခုမှာ အရန်တပ်တွေ ဆင့်ခေါ်


Minneapolis မှာ ကာဖျူးထုတ်ပြီးနောက် နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ။ (မေ ၃၀၊ ၂၀၂၀)
Minneapolis မှာ ကာဖျူးထုတ်ပြီးနောက် နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ။ (မေ ၃၀၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်မှာ လူမည်းအမျိုးသားတဦး ရဲကဖမ်းဆီးထားစဉ် သေဆုံးသွားရာကနေ နိုင်ငံတဝန်းမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ရင်ဆိုင်ဖို့အတွက် Minnesota ပြည်နယ် အပါအဝင် တခြားပြည်နယ် ၁၁ ခုက ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဟာ ပြည်တွင်းလုံခြုံရေး အရန်တပ်ဖွဲ့တွေကို ဆင့်ခေါ်လိုက်ပါတယ်။

Minnesota ပြည်နယ် Minneapolis နဲ့ အနားက St. Paul မြို့တွေ အပါအဝင် နိုင်ငံတဝန်းက တခြားမြို့တွေမှာ အစောပိုင်းတုန်းက ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတာတွေဟာ နောက်ပိုင်းမှာတော့ လုယက်တာတွေ၊ မီးရှို့ဖျက်ဆီးတာတွေနဲ့ တခြားအကြမ်းဖက်မှုတွေအထိ ဖြစ်လာခဲ့ရာက လုံခြုံရေး အခြေအနေကို ထိန်းသိမ်းဖို့ ပြည်နယ်အစိုးရတွေက စီစဉ်ခဲ့ကြတာပါ။

ပြည်တွင်းလုံခြုံရေး အရန်တပ်တွေကို အပြည့်အ၀ တာဝန်ပေးထားပြီး လိုအပ်တဲ့ လုပ်ငန်းတွေကို စတင်နေပြီဖြစ်ကြောင်း Minnesota ပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz က မနေ့တုန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

အမေရိကန်တဝန်းက Georgia, Kentucky, Ohio, Wisconsin, Colorado, Utah, Washington, California, Tennessee, Missouri နဲ့ Texas ပြည်နယ်တွေမှာလည်း ဆန္ဒပြပွဲတွေကနေ အကြမ်းဖက်မှုတွေ ဖြစ်လာတဲ့အတွက် နှိမ်နင်းဖို့ အရန်တပ်ဖွဲ့တွေကို ဆင့်ခေါ်ထားပါတယ်။

California ပြည်နယ် Los Angeles မြို့မှာတော့ မနေ့ညက ဆန္ဒပြတဲ့သူတွေ လမ်းပေါ်ထွက် မီးရှို့ခဲ့တာကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

Indiana ပြည်နယ် Indianapolis မြို့မှာတော့ ဆန္ဒပြပွဲတွေ ဒုတိယနေ့ ဖြစ်ခဲ့တဲ့ မနေ့က ပစ်ခတ်မှုတွေ ဖြစ်ပွားရာမှာ ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။ နယူးယောက်မြို့မှာလည်း ၃ ရက်ဆက်တိုက် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။

နိုင်ငံတဝန်း ဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက်မှုတွေကြောင့် လူ ၁,၄၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်းလည်း AP သတင်းက ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)









XS
SM
MD
LG