သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Minneapolis မြို့မှာ ညမထွက်ရအမိန့် အန်တုပြီး ၄ ညဆက်တိုက် ဆန္ဒပြ

ရဲတပ်ဖွဲ့ဝင်များရှေ့တွင် ဒူးထောက်နေသည့် ဆန္ဒပြသူများ။ (Minneapolis) (မေ ၃၀၊  ၂၀၂၀)
ရဲတပ်ဖွဲ့ဝင်များရှေ့တွင် ဒူးထောက်နေသည့် ဆန္ဒပြသူများ။ (Minneapolis) (မေ ၃၀၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စုမှာ ဆန္ဒပြပွဲတွေ တမြို့နဲ့တမြို့ ပျံ့နှံ့ဖြစ်ပွားနေပြီး အခင်းစတင်တဲ့ Minneapolis မြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေ ချထားရသလို အစိုးရရဲ့ ညမထွက်ရအမိန့်ကို ဆန့်ကျင်ပြီး လူပေါင်းထောင်နဲ့ချီ ၄ ညမြောက်အဖြစ် ညဘက်တွေပါ ဆန္ဒပြနေကြပါတယ်။

အာဖရိကန်-အမေရိကန် အမျိုးသားတဦးကို ရဲက ဖမ်းဆီးတာမှာ အင်အားအလွန်အကျွံသုံးလို့ အဲဒီအမျိုးသား လူအများရှေ့မှာ သေဆုံးသွားရတဲ့ ဖြစ်ရပ်ကို ကန့်ကွက်ပြီး ဆန္ဒပြပွဲတွေ စတင်ပေါ်ပေါက်လာတာပါ။

ဂျော်ဂျီယာပြည်နယ်မှာတော့ လုံခြုံရေးတပ်ဖွဲ့တွေကို ဖြန့်ချထားနိုင်ဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက စနေနေ့ မနက်အစောမှာပဲ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။

George Floyd သေဆုံးသွားသည့်အပေါ် မကျေနပ်သည့် ဆန္ဒပြပွဲများမှ မြင်ကွင်းတချို့

Minneapolis မြို့ ဆန္ဒပြပွဲတခုအတွင်းတွေ့ရသည့် stun grenade ထိမှန်သွားသည့် ဆန္ဒပြသူတဦး။ (မေ ၂၉၊ ၂၀၂၀)
1/7 Minneapolis မြို့ ဆန္ဒပြပွဲတခုအတွင်းတွေ့ရသည့် stun grenade ထိမှန်သွားသည့် ဆန္ဒပြသူတဦး။ (မေ ၂၉၊ ၂၀၂၀)
မီးလောင်နေသည့် ဓာတ်ဆီဆိုင်တခုကို မီးငြိမ်းသတ်နေသည့် မီးသတ်ကားများအနီး အစောင့်ချထားသည့် လုံခြုံရေးတပ်ဖွဲ့များ။ (Minneapolis) (မေ ၂၉၊ ၂၀၂၀)
2/7 မီးလောင်နေသည့် ဓာတ်ဆီဆိုင်တခုကို မီးငြိမ်းသတ်နေသည့် မီးသတ်ကားများအနီး အစောင့်ချထားသည့် လုံခြုံရေးတပ်ဖွဲ့များ။ (Minneapolis) (မေ ၂၉၊ ၂၀၂၀)
Minneapolis မြို့ ဆန္ဒပြပွဲတခုအတွင်း တွေ့ရသည့် ဆန္ဒပြသူများ။ (မေ ၂၉၊ ၂၀၂၀)
3/7 Minneapolis မြို့ ဆန္ဒပြပွဲတခုအတွင်း တွေ့ရသည့် ဆန္ဒပြသူများ။ (မေ ၂၉၊ ၂၀၂၀)
ဆန္ဒပြပွဲအတွင်း မီးရှို့ဖျက်ဆီးခံရသည့် ဘဏ်တခုမြင်ကွင်း။ (Minneapolis) (မေ ၂၉၊ ၂၀၂၀)
4/7 ဆန္ဒပြပွဲအတွင်း မီးရှို့ဖျက်ဆီးခံရသည့် ဘဏ်တခုမြင်ကွင်း။ (Minneapolis) (မေ ၂၉၊ ၂၀၂၀)
အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ။ (ဂျော်ဂျီယာ၊ အတ္တလန်တာပြည်နယ်) (မေ ၂၉၊ ၂၀၂၀) (MARIETTA DAILY OUT; GWINNETT DAILY POST OUT; WXIA-TV OUT; WGCL-TV OUT C=METRO)
5/7 အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ။ (ဂျော်ဂျီယာ၊ အတ္တလန်တာပြည်နယ်) (မေ ၂၉၊ ၂၀၂၀) (MARIETTA DAILY OUT; GWINNETT DAILY POST OUT; WXIA-TV OUT; WGCL-TV OUT C=METRO)
ွGeorge Floyd အတွက် ဆုတောင်းပွဲတခုမြင်ကွင်း။ (Peninsula Park, North Portland) (မေ ၂၉၊ ၂၀၂၀) (ဓာတ်ပုံ - THE MERCURY OUT; WILLAMETTE WEEK OUT; PAMPLIN MEDIA GROUP OUT; KGW.COM OUT; KOIN.COM OUT; KATU.COM OUT; KPTV.COM OUT)
6/7 ွGeorge Floyd အတွက် ဆုတောင်းပွဲတခုမြင်ကွင်း။ (Peninsula Park, North Portland) (မေ ၂၉၊ ၂၀၂၀) (ဓာတ်ပုံ - THE MERCURY OUT; WILLAMETTE WEEK OUT; PAMPLIN MEDIA GROUP OUT; KGW.COM OUT; KOIN.COM OUT; KATU.COM OUT; KPTV.COM OUT)
Minneapolis မြို့ ဆန္ဒပြပွဲတခုအတွင်း စီးပွားရေးလုပ်ငန်းတခု မီးလောင်နေသည့်မြင်ကွင်း။ (မေ ၂၉၊ ၂၀၂၀)
7/7 Minneapolis မြို့ ဆန္ဒပြပွဲတခုအတွင်း စီးပွားရေးလုပ်ငန်းတခု မီးလောင်နေသည့်မြင်ကွင်း။ (မေ ၂၉၊ ၂၀၂၀)
Previous slide
Next slide

အခင်းစတင်တဲ့ Minnesota ပြည်နယ်မှာလည်း အမျိုးသား အစောင့်တပ်ဖွဲ့ဝင် ၁,၀၀၀ ကို ထပ်ပြီး ဖြန့်ချမယ်၊ ပြည်ထောင်စုအစိုးရဆီကလည်း အကူအညီယူဖို့ စဉ်းစားနေတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Tim Waltz က ပြောပါတယ်။

သမ္မတ Donald Trump ဆီက အမိန့် ချက်ချင်းထွက်လာနိုင်တာကြောင့်လည်း Minnesota ကို တပ်ဖွဲ့တွေ ပို့ပေးနိုင်အောင် အသင့်ပြင်ထားဖို့ စစ်ရဲတပ်ဖွဲ့ကို Pantagon စစ်ဌာနချုပ်က အမိန့်ပေးထားပါတယ်။

ဆန္ဒပြပွဲတွေရဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေ အနေနဲ့တော့ သေနတ်သမားတဦး ဆန္ဒပြလူအုပ်ထဲ ပစ်ခတ်မှုကြောင့် Detroit မြို့မှာ လူတဦး သေဆုံးခဲ့ရသလို Atlanta မြို့မှာ ရဲကား မီးရှို့ခံရတာ၊ နယူးယောက်မှာတော့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ထိပ်တိုက်တွေ့တာတွေ ဖြစ်ခဲ့ပါတယ်။

လက်ထိပ်ခတ် ဖမ်းဆီးပြီးသူကို လမ်းပေါ်မှာ ဖိချထားပြီး လည်ပင်းကို ဒူးနဲ့ထောက်ထားခဲ့လို့ အဖမ်းခံရသူ သေသွားတာဖြစ်ပြီး အဲဒီရဲအရာရှိကိုတော့ ဖမ်းထားပြီး အမြင့်ဆုံး ထောင်ဒဏ် ၁၂ နှစ်ခွဲထိ ချမှတ်နိုင်တဲ့ လူသတ်မှု၊ ထောင်ဒဏ် ၄ နှစ်ထိ ချမှတ်နိုင်တဲ့ ကြိုတင်ကြံစည်မှုမပါတဲ့ လူသတ်မှုတို့နဲ့ တရားစွဲထားပါတယ်။

သမ္မတ Trump ကတော့ ထကြွသောင်းကျန်းသူတွေဟာ လူဆိုးသူခိုးတွေဖြစ်တယ်၊ သေဆုံးသွားသူ George Floyd ကို မလေးမစား လုပ်နေကြတာ ဖြစ်တယ်လို့ တွစ်တာ လူမှုကွန်ရက်မှာ သောကြာနေ့ကပဲ ရေးခဲ့တာပါ။ Minneapolis မြို့ကို ရအောင်ပြန်ထိန်းမယ်၊ လုယက်မှုတွေ စလုပ်တာနဲ့ ပစ်မယ်လို့လည်း ရေးခဲ့ပါတယ်။

Minneapolis မြို့မှာ ညမထွက်ရအမိန့် အန်တုပြီး ၄ ညဆက်တိုက် ဆန္ဒပြ
please wait

No media source currently available

0:00 0:01:44 0:00
တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)

Minneapolis မွို့မှာ ညမထှကျရအမိန့ျ အနျတုပွီး ၄ ညဆကျတိုကျ ဆန်ဒပွ






ဆန်ဒပွပှဲတှရေဲ့ နောကျဆကျတှဲဖွဈရပျတှေ အနနေဲ့တော့ သနေတျသမားတဦး ဆန်ဒပွလူအုပျထဲ ပဈခတျမှုကွောင့ျ Detroit မွို့မှာ လူတဦး သဆေုံးခဲ့ရသလို Atlanta မွို့မှာ ရဲကား မီးရှို့ခံရတာ၊ နယူးယောကျမှာတော့ ဆန်ဒပွသူတှနေဲ့ ရဲတပျဖှဲ့အကွား ထိပျတိုကျတှေ့တာတှေ ဖွဈခဲ့ပါတယျ။



XS
SM
MD
LG