သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆႏၵျပပြဲေတြ ျပင္းထန္ေနတဲ့ အေမရိကန္ Minneapolis ၿမိဳ႕က ျမန္မာေတြရဲ႕ အေတြ႔အႀကံဳ


လူမည္းအမ်ဳိးသား George Floyd ေသဆုံးမႈအတြက္ ဆႏၵျပေနသူတဦး။ (ေမ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စု Minnesota ျပည္နယ္မွာ ရဲက ဖမ္းဆီးစဥ္ အာဖရိကန္- အေမရိကန္ လူမည္းအမ်ိဳးသားတဦး ေသဆုံးသြားတဲ့ ျဖစ္ရပ္ေၾကာင့္ ႏိုင္ငံတဝန္း ဆႏၵျပပြဲေတြ ေပၚေပါက္ေနခ်ိန္မွာ အခင္းစတင္ျဖစ္ပြားတဲ့ Minneapolis ၿမဳိ႕က ျမန္မာ-အေမရိကန္ အသိုင္းအဝုိင္းၾကားမွာလည္း စုိးရိမ္မႈေတြနဲ႔ ေနထိုင္ေနၾကရပါတယ္။ အျပည့္အစုံကုိ ကုိဉာဏ္ဝင္းေအာင္က ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

Minneapolis ၿမဳိ႕မွာ ရဲေတြက ဖမ္းဆီးစဥ္ အာဖရိကန္-အေမရိကန္ George Floyd ေသဆုံးသြားတာေၾကာင့္ အဲဒီၿမဳိ႕မွာ မီး႐ႈိ႕ အၾကမ္းဖက္တဲ့အထိ ဆႏၵျပပြဲေတြ ေပၚလာတာျဖစ္တယ္လို႔ Minneapolis ၿမဳိ႕ အခင္းျဖစ္ပြားတဲ့အရပ္နဲ႔ သိပ္မေဝးတဲ့ ေနရာမွာေနတဲ့ ဦးေဇာ္ဝင္းေမာင္က ဗြီအုိေအကုိ ေျပာပါတယ္။

“Chauvin ကိုေတာ့ မေန႔ညက ဖမ္းလိုက္ၿပီ။ က်န္တဲ့ ရဲ ၃ ေယာက္ကို သူတို႔က မေက်နပ္ေသးဘူး။ အဲဒီ က်န္တဲ့ ၃ ေယာက္ကိုပါ ဖမ္းမွ၊ အမႈစြဲခ်က္တင္မွ သူတို႔က ေက်နပ္ခ်င္တာ။ အထူးသျဖင့္ အမည္းေတြနဲ႔ တခ်ဳိ႕ လူ႔အခြင့္အေရး အဖြဲ႔ေတြက သူတို႔ကို အမႈစြဲဖို႔ေပါ့။ အဲဒီေတာ့ ရဲက သူ႔တာဝန္ သူလုပ္တဲ့အခါမွာ မွားခ်င္လည္း မွားလိမ့္မယ္။ လက္လြန္သြားတာလည္း ပါခ်င္ပါလိမ့္မယ္။ သုိ႔ေသာ္ မွားတယ္ မွန္တယ္ဆိုတာ တရား႐ုံးကပဲ ဆုံးျဖတ္လိမ့္မယ္။ သူတို႔ ဆႏၵျပတာေတြက လူနည္းစုအေရးအတြက္ ဆိုၿပီးေတာ့ ေရွ႕ပိုင္းမွာ လိုက္ၾကတယ္။ ေနာက္ပိုင္းက်ေတာ့ ခိုးတာ လုတာ ၾကမ္းတာေတြ ေတြ႔ေတာ့ တခ်ဳိ႕က ျပန္ေရွာင္ေနလိုက္တယ္၊ မလုပ္ေတာ့ဘူး။”

George Floyd ေသဆုံးမႈအတြက္ သူ႔ကို ဖမ္းဆီးတဲ့အထဲမွာပါတဲ့ လူျဖဴရဲအရာရွိ Derek Chauvin ကုိေတာ့ ရာထူးကဖယ္ရွားၿပီး ဖမ္းဆီးထားလိုက္ၿပီ ျဖစ္ပါတယ္။

Minneapolis ၿမဳိ႕မွာ ကုန္စုံဆိုင္ အေတာ္မ်ားမ်ား ပိတ္ထားၿပီး ေသာၾကာေန႔ ညပိုင္းကတည္းက ညမထြက္ရ ကာဖ်ဴးအမိန္႔ ထုတ္ျပန္ထားတယ္လို႔ Minneapolis ၿမဳိ႕ခံ ေဒၚေမႊးသူဇာက ေျပာပါတယ္။

“ၿမဳိ႕ကေတာ့ ေလာေလာဆယ္မွာ ဒီတုိင္း သြားလာေနၾကတာေပါ့ေနာ္။ ဒါေပမယ့္ တခ်ဳိ႕ကုန္စုံဆုိင္ေတြ ဘာေတြဆုိ အားလုံး ညေန ၇ နာရီဆို ပိတ္ၿပီ။ မီး႐ႈိ႕ထားတဲ့ ေနရာေတြလည္း မနက္ကထိ ေလာင္တုန္းပဲ။ ေသာၾကာ မေန႔ကတည္းက ကာဖ်ဴးအမိန္႔ ထုတ္တယ္။ ဒါေပမယ့္ ဒီေန႔ည ၈ နာရီဆို လုံးဝ ထြက္လို႔မရေတာ့ဘူး။ ဒီမွာ ဓာတ္ဆီဆိုင္ေတြ ဘာေတြကို မီး႐ႈိ႕လိုက္ရင္ ဘယ္လိုမွ ေျပးလို႔ မလြယ္ဘူးေလ။ အဲလို မီး႐ႈိ႕တာတို႔ ဘာတို႔ ျဖစ္လာရင္ေပါ့။ အားလုံး ဒုကၡေရာက္မွာေပါ့။”

Minneapolis ၿမဳိ႕က ျမန္မာအသိုင္းအဝုိင္းကေတာ့ အခုလို ဆႏၵျပပြဲေတြမွာ ပါဝင္တာ မၾကားမိဘူးလို႔ ဦးေဇာ္ဝင္းေမာင္က ေျပာပါတယ္။

“ျမန္မာအသိုင္းအဝုိင္းကေတာ့ ျဖစ္ကတည္းကိုက အင္တာနက္က တင္သေလာက္၊ TV က ျပသေလာက္၊ ဖုန္းဆက္လို႔ ရသေလာက္ေတြ၊ အဲေလာက္ပဲေပါ့ေလ။ နဂုိကမွ ကိုယ္ေတြက ခိုကိုးရာမဲ့ ဒုကၡသည္ေတြဆိုေတာ့ အခုလို ျပႆနာျဖစ္လာလို႔ ရွိရင္လည္း ကိုယ္က လူနည္းစုထဲမွာမွ အနည္းဆုံးအစုထဲမွာ ကိုယ့္ကိုကာကြယ္မယ့္သူက သိပ္ရွိတာ မဟုတ္ဘူး။ အဲဒီေတာ့ လူေတြက သိပ္ၿပီးေတာ့ ဒီလို အ႐ႈပ္အရွင္းထဲမွာ က်ေနာ္သိသေလာက္ေတာ့ မပါၾကတာမ်ားတယ္။”

ဒီလို မၿငိမ္မသက္ျဖစ္ေနတဲ့ အေျခအေနကို ကိုင္တြယ္ေျဖရွင္းဖို႔ အမ်ဳိးသားလုံၿခဳံေရး ျပည္ေစာင့္တပ္ဖြဲ႔ဝင္ အင္အား ေထာင္ဂဏန္းကို Minnesota ျပည္နယ္မွာ ျဖန္႔ခ်ထားတဲ့အေပၚ သေဘာထား ကြဲလြဲမႈေတြလည္း ထြက္ေပၚေနတာပါ။ ဒါနဲ႔ပတ္သက္လို႔ ဦးေဇာ္ဝင္းေမာင္က အခုလိုေျပာပါတယ္။

“တခ်ဳိ႕ကလည္း စစ္တပ္ဆိုတာ ျပည္ပမွာပဲ လုပ္ရမယ္၊ ျပည္တြင္းမွာ မဆိုင္ဘူးလို႔ ေဝဖန္တဲ့လူေတြ ရွိတယ္။ ဒါေပမယ့္ အေျခအေနေပၚ မူတည္ၿပီးေတာ့ ျဖစ္လာရတဲ့ အတြက္ေၾကာင့္မိ႔ု National Guard ေတြကို သုံးကိုသုံးရမယ္ ဆုိတာမ်ဳိး၊ ဖက္ဒရယ္အဖြဲ႔ေတြလည္း သုံးခ်င္သုံးရမယ္ ဆုိတာမ်ဳိး ဆိုတဲ့ဟာကို လူေတြက လက္ခံလာၾကတယ္။ အဲလို လက္ခံလာတဲ့အခါမွာ ျပည္သူေတြဟာ ဒီညေတာ့ ဘယ္သူျဖစ္ျဖစ္ေပါ့ေလ ဘယ္သူမွ ထြက္မွာ မဟုတ္ေတာ့ဘူး။”

စေနေန႔မွာလည္း အေမရိကန္ရဲ႕ ၿမဳိဳ႕ႀကီး အေတာ္မ်ားမ်ားမွာ Floyd ေနာက္ဆုံး ေသဆုံးသြားတဲ့ပုံစံမ်ဳိး လမ္းမေတြေပၚ တုံးလုံးလွဲရင္း ဆႏၵျပခဲ့ၾကပါတယ္။ Minnesota ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Tim Walz ကေတာ့ အေျခအေနကို အျမန္ဆုံးထိန္းႏုိင္ဖို႔ ႀကဳိးပမ္းသြားမယ္လို႔ စေနေန႔ သတင္းစာရွင္းပြဲမွာ ေျပာဆိုသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

ဆန္ဒပြပွဲတွေ ပြင်းထန်နေတဲ့ အမေရိကန် Minneapolis မြို့က မြန်မာတွေရဲ့ အတွေ့အကြုံ

အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ်မှာ ရဲက ဖမ်းဆီးစဉ် အာဖရိကန်- အမေရိကန် လူမည်းအမျိုးသားတဦး သေဆုံးသွားတဲ့ ဖြစ်ရပ်ကြောင့် နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေချိန်မှာ အခင်းစတင်ဖြစ်ပွားတဲ့ Minneapolis မြို့က မြန်မာ-အမေရိကန် အသိုင်းအဝိုင်းကြားမှာလည်း စိုးရိမ်မှုတွေနဲ့ နေထိုင်နေကြရပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

Minneapolis မြို့မှာ ရဲတွေက ဖမ်းဆီးစဉ် အာဖရိကန်-အမေရိကန် George Floyd သေဆုံးသွားတာကြောင့် အဲဒီမြို့မှာ မီးရှို့ အကြမ်းဖက်တဲ့အထိ ဆန္ဒပြပွဲတွေ ပေါ်လာတာဖြစ်တယ်လို့ Minneapolis မြို့ အခင်းဖြစ်ပွားတဲ့အရပ်နဲ့ သိပ်မဝေးတဲ့ နေရာမှာနေတဲ့ ဦးဇော်ဝင်းမောင်က ဗွီအိုအေကို ပြောပါတယ်။

“Chauvin ကိုတော့ မနေ့ညက ဖမ်းလိုက်ပြီ။ ကျန်တဲ့ ရဲ ၃ ယောက်ကို သူတို့က မကျေနပ်သေးဘူး။ အဲဒီ ကျန်တဲ့ ၃ ယောက်ကိုပါ ဖမ်းမှ၊ အမှုစွဲချက်တင်မှ သူတို့က ကျေနပ်ချင်တာ။ အထူးသဖြင့် အမည်းတွေနဲ့ တချို့ လူ့အခွင့်အရေး အဖွဲ့တွေက သူတို့ကို အမှုစွဲဖို့ပေါ့။ အဲဒီတော့ ရဲက သူ့တာဝန် သူလုပ်တဲ့အခါမှာ မှားချင်လည်း မှားလိမ့်မယ်။ လက်လွန်သွားတာလည်း ပါချင်ပါလိမ့်မယ်။ သို့သော် မှားတယ် မှန်တယ်ဆိုတာ တရားရုံးကပဲ ဆုံးဖြတ်လိမ့်မယ်။ သူတို့ ဆန္ဒပြတာတွေက လူနည်းစုအရေးအတွက် ဆိုပြီးတော့ ရှေ့ပိုင်းမှာ လိုက်ကြတယ်။ နောက်ပိုင်းကျတော့ ခိုးတာ လုတာ ကြမ်းတာတွေ တွေ့တော့ တချို့က ပြန်ရှောင်နေလိုက်တယ်၊ မလုပ်တော့ဘူး။”

George Floyd သေဆုံးမှုအတွက် သူ့ကို ဖမ်းဆီးတဲ့အထဲမှာပါတဲ့ လူဖြူရဲအရာရှိDerek Chauvin ကိုတော့ ရာထူးကဖယ်ရှားပြီး ဖမ်းဆီးထားလိုက်ပြီ ဖြစ်ပါတယ်။

Minneapolis မြို့မှာ ကုန်စုံဆိုင် အတော်များများ ပိတ်ထားပြီးသောကြာနေ့ ညပိုင်းကတည်းက ညမထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်ထားတယ်လို့ Minneapolis မြို့ခံ ဒေါ်မွှေးသူဇာက ပြောပါတယ်။

“မြို့ကတော့ လောလောဆယ်မှာ ဒီတိုင်း သွားလာနေကြတာပေါ့နော်။ ဒါပေမယ့် တချို့ကုန်စုံဆိုင်တွေ ဘာတွေဆို အားလုံး ညနေ ၇ နာရီဆို ပိတ်ပြီ။ မီးရှို့ထားတဲ့ နေရာတွေလည်း မနက်ကထိ လောင်တုန်းပဲ။ သောကြာ မနေ့ကတည်းက ကာဖျူးအမိန့် ထုတ်တယ်။ ဒါပေမယ့် ဒီနေ့ည ၈ နာရီဆို လုံးဝ ထွက်လို့မရတော့ဘူး။ ဒီမှာ ဓာတ်ဆီဆိုင်တွေ ဘာတွေကို မီးရှို့လိုက်ရင် ဘယ်လိုမှ ပြေးလို့ မလွယ်ဘူးလေ။ အဲလို မီးရှို့တာတို့ ဘာတို့ ဖြစ်လာရင်ပေါ့။ အားလုံး ဒုက္ခရောက်မှာပေါ့။”

Minneapolis မြို့က မြန်မာအသိုင်းအဝိုင်းကတော့ အခုလို ဆန္ဒပြပွဲတွေမှာ ပါဝင်တာ မကြားမိဘူးလို့ ဦးဇော်ဝင်းမောင်က ပြောပါတယ်။

“မြန်မာအသိုင်းအဝိုင်းကတော့ ဖြစ်ကတည်းကိုက အင်တာနက်က တင်သလောက်၊ TV က ပြသလောက်၊ ဖုန်းဆက်လို့ ရသလောက်တွေ၊ အဲလောက်ပဲပေါ့လေ။ နဂိုကမှ ကိုယ်တွေက ခိုကိုးရာမဲ့ ဒုက္ခသည်တွေဆိုတော့ အခုလို ပြဿနာဖြစ်လာလို့ ရှိရင်လည်း ကိုယ်က လူနည်းစုထဲမှာမှ အနည်းဆုံးအစုထဲမှာ ကိုယ့်ကိုကာကွယ်မယ့်သူက သိပ်ရှိတာ မဟုတ်ဘူး။ အဲဒီတော့ လူတွေက သိပ်ပြီးတော့ ဒီလို အရှုပ်အရှင်းထဲမှာ ကျနော်သိသလောက်တော့ မပါကြတာများတယ်။”

ဒီလို မငြိမ်မသက်ဖြစ်နေတဲ့ အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ အမျိုးသားလုံခြုံရေး ပြည်စောင့်တပ်ဖွဲ့ဝင် အင်အား ထောင်ဂဏန်းကို Minnesota ပြည်နယ်မှာ ဖြန့်ချထားတဲ့အပေါ် သဘောထား ကွဲလွဲမှုတွေလည်း ထွက်ပေါ်နေတာပါ။ ဒါနဲ့ပတ်သက်လို့ ဦးဇော်ဝင်းမောင်က အခုလိုပြောပါတယ်။

“တချို့ကလည်း စစ်တပ်ဆိုတာ ပြည်ပမှာပဲ လုပ်ရမယ်၊ ပြည်တွင်းမှာ မဆိုင်ဘူးလို့ ဝေဖန်တဲ့လူတွေ ရှိတယ်။ ဒါပေမယ့် အခြေအနေပေါ် မူတည်ပြီးတော့ ဖြစ်လာရတဲ့ အတွက်ကြောင့်မိ့ု National Guard တွေကို သုံးကိုသုံးရမယ် ဆိုတာမျိုး၊ ဖက်ဒရယ်အဖွဲ့တွေလည်း သုံးချင်သုံးရမယ် ဆိုတာမျိုး ဆိုတဲ့ဟာကို လူတွေက လက်ခံလာကြတယ်။ အဲလို လက်ခံလာတဲ့အခါမှာ ပြည်သူတွေဟာ ဒီညတော့ ဘယ်သူဖြစ်ဖြစ်ပေါ့လေ ဘယ်သူမှ ထွက်မှာ မဟုတ်တော့ဘူး။”

စနေနေ့မှာလည်း အမေရိကန်ရဲ့ မြို့ကြီး အတော်များများမှာ Floyd နောက်ဆုံး သေဆုံးသွားတဲ့ပုံစံမျိုး လမ်းမတွေပေါ် တုံးလုံးလှဲရင်း ဆန္ဒပြခဲ့ကြပါတယ်။Minnesota ပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz ကတော့ အခြေအနေကို အမြန်ဆုံးထိန်းနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ စနေနေ့ သတင်းစာရှင်းပွဲမှာ ပြောဆိုသွားပါတယ်။

XS
SM
MD
LG