သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူမည္းအမ်ိဳးသား George Floyd ေသဆံုးရမႈအေပၚ အေမရိကန္တ၀န္း ဆႏၵျပ


လူမည္းအမ်ဳိးသား George Floyd ေသဆုံးခဲ့မႈအေပၚ ဆႏၵျပသူမ်ားႏွင့္ ေစာင့္ၾကည့္ေနသည့္ ရဲတပ္ဖြဲ႔ဝင္မ်ား။ (ေမ ၃၀၊ ၂၀၂၀)

(Zawgyi / Unicode)

လက္ထိပ္တန္းလန္းနဲ႔ အဖမ္းခံရသူ လူမည္းအမ်ဳိးသား အသက္႐ွဴမရေတာ့ဘူးလို႔ ေတာင္းပန္ရင္းနဲ႔ လည္ပင္းကို ဒူးနဲ႔ေထာက္ခံထားရာကေန ေသဆံုးသြားရတဲ့ ျဖစ္ရပ္ေၾကာင့္ အေမရိကန္တလႊား ဆႏၵျပပြဲေတြ ျဖစ္ေပၚေနပါတယ္။ သမၼတ Donald Trump ကေတာ့ ေအးေအးခ်မ္းခ်မ္း ဆႏၵျပၾကတာကို ေထာက္ခံေပမယ့္ မင္းမဲ့စ႐ိုက္ အေျခအေနမ်ဳိးေတာ့ အေရာက္မခံႏိုင္ဘူးလို႔ ေျပာပါတယ္။ ဗြီအုိေအ အိမ္ျဖဴေတာ္သတင္းေထာက္ Patsy Widukuswara သတင္းေပးပို႔တာကို မေအးသႏာၱေက်ာ္ တင္ျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ဆႏၵျပပြဲေတြ တၿမဳိ႕နဲ႔တၿမဳိ႕ ပ်ံ႕ႏွံ႔ ျဖစ္ပြားေနၿပီး အခင္းစတင္တဲ့ Minneapolis ၿမဳိ႕မွာ လုံၿခံဳေရးတပ္ဖြဲ႔ေတြ ခ်ထားရသလို အစိုးရရဲ႕ ညမထြက္ရအမိန္႔ကို ဆန္႔က်င္ၿပီး လူေပါင္းေထာင္နဲ႔ခ်ီ ၄ ညေျမာက္အျဖစ္ ညဘက္ေတြပါ ဆႏၵျပေနၾကပါတယ္။ အာဖရိကန္-အေမရိကန္ အမ်ဳိးသားတဦးျဖစ္တဲ့ George Floyd ကို ေမလ ၂၅ ရက္ေန႔က ရဲက ဖမ္းဆီးတာမွာ အင္အားအလြန္အကၽြံသံုးလို႔ အဲဒီအမ်ဳိးသား လူအမ်ားေရွ႕မွာ ေသဆံုးသြားရတဲ့ ျဖစ္ရပ္ကို ကန္႔ကြက္ၿပီး ဆႏၵျပပြဲေတြ စတင္ ေပၚေပါက္လာတာပါ။

လက္ထိပ္ခတ္ဖမ္းဆီးၿပီး သူ႔ကို လမ္းေပၚမွာ ဖိခ်ထားၿပီး လည္ပင္းကို ဒူးနဲ႔ေထာက္ထားခံရလို႔ သူက အသက္႐ွဴမရေတာ့ဘူးလို႔ ေတာင္းပန္ခဲ့တာကို ဗီြဒီယိုမွာ ၾကားရပါတယ္။ အဲဒီရဲအရာရွိ Derek Chauvin ကို အခုဖမ္းထားၿပီး အျမင့္ဆံုး ေထာင္ဒဏ္ ၁၂ ႏွစ္ခြဲထိ ခ်မွတ္ႏုိင္တဲ့ လူသတ္မႈ၊ ေထာင္ဒဏ္ ၄ ႏွစ္ထိ ခ်မွတ္ႏုိင္တဲ့ ႀကိဳတင္ႀကံစည္မႈမပါတဲ့ လူသတ္မႈတို႔နဲ႔ တရားစြဲထားပါတယ္။ သမၼတ Donald Trump ကေတာ့ ဒီအမႈနဲ႔ပတ္သက္ၿပီး အျမန္ဆံုး စစ္ေဆးေဖာ္ထုတ္ဖို႔ ေျပာထားတာပါ။

“ေအးေအးခ်မ္းခ်မ္း ဆႏၵျပၾကသူေတြ ရွိပါတယ္။ ဒီလို ေအးေအးခ်မ္းခ်မ္း ဆႏၵျပသူေတြရဲ႕ အခြင့္အေရးကို ေထာက္ခံပါတယ္။ Minneapolis ၿမဳိ႕မွာ ျဖစ္ေနတာမ်ဳိးကိုေတာ့ လႊတ္ထားၿပီး ဥပေဒမဲ့ မင္းမဲ့စ႐ိုက္နဲ႔ ပရမ္းပတာ ျဖစ္သြားမွာကုိေတာ့ ခြင့္မျပဳႏိုင္ပါဘူး။”

အၾကမ္းဖက္မႈကို အားေပးအားေျမႇာက္လုပ္တာ ျဖစ္တယ္လို႔ တြစ္တာကေျပာတဲ့ သမၼတ Trump ေသာၾကာေန႔က ေရးသားမႈထဲမွာ လိုအပ္ရင္ စစ္တပ္ကိုပါ လႊတ္မယ္လို႔ သမၼတ Trump အခိုင္အမာ ေျပာထားပါတယ္။ ဒါ့အျပင္ ၁၉၆၀ ျပည့္လြန္တုန္းက မိုင္ယာမီရဲမွဴး ေျပာသြားတဲ့ လူမ်ဳိးေရးခြဲျခားမႈ စကား “လုယက္မႈေတြ စလုပ္တာနဲ႔ ပစ္မယ္” လို႔လည္း သမၼတက ေရးခဲ့ပါတယ္။ ဒီလိုလုပ္တာဟာ သမၼတ Trump က အၾကမ္းဖက္ျဖစ္ေနတဲ့ အေျခအေနကို မီးထိုးေပးေနတာျဖစ္တယ္လို႔ ေဝဖန္သူေတြက ဆိုပါတယ္။ Minnesota တကၠသိုလ္က လူမ်ဳိးကြဲဆက္ဆံေရးဘာသာရပ္ ပို႔ခ်သူ Keith Mayes ကေတာ့ အခုလိုေဝဖန္ပါတယ္။

“လူမ်ဳိးေရးကြဲျပားမႈေတြကို ပိုဆိုးေအာင္ လုပ္ေနတာပါ။ အခုျဖစ္ေနတာက လံုးဝ အတိမ္းအေစာင္းမခံတဲ့ အေနအထားပါ။ ဒီသမၼတ ၂၀၁၆ မွာ တက္လာကတည္းက အေျခအေနက ပိုေတာင္ တည္းတည္းပဲ ရွိပါတယ္။ ဒါေပမယ့္ ဒီမွာကလည္း ဒီအေနအထားျဖစ္ေနတာ ႏွစ္ရာနဲ႔ခ်ီၿပီလို႔ ေျပာရင္လည္း မျငင္းႏိုင္ပါဘူး။ အခု သမၼတကေတာ့ မီးထိုးေပးတဲ့သူေပါ့ေလ။”

Minnesota ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Tim Walz ကလည္း သူ႔ျပည္နယ္မွာ လူမည္းအသိုက္အဝန္းထဲက မေက်နပ္မႈေတြ နာက်င္မႈေတြ အျမစ္တြယ္ေနတာ ဆယ္စုႏွစ္ေပါင္း အေတာ္ၾကာခဲ့ပါၿပီလို႔ အသိအမွတ္ျပဳသြားၿပီး လုယက္မႈေတြ အၾကမ္းဖက္ေနတာေတြကိုေတာ့ ရပ္တန္႔ဖို႔ ေတာင္းဆိုသြားပါတယ္။

“က်ေနာ္တုိ႔ ဒါမ်ဳိးလုပ္လို႔ မရပါဘူး၊ လူမႈအသိုက္အဝန္းနဲ႔ေနရင္ ဒါမ်ဳိးမျဖစ္ႏိုင္ပါဘူး။ ေန႔ခင္းေၾကာင္ေတာင္အခ်ိန္မွာ လူတေယာက္ကို ဖိနင္းထားတာမ်ဳိး ျဖစ္ေစေလာက္ေအာင္၊ ဒီလူ႔ေဘာင္အသိုက္အဝန္းထဲက အယူသီးတဲ့ လူမ်ဳိးေရး ခြဲျခားမႈေတြကို ကိုင္တြယ္ေျဖရွင္းဖို႔ လိုပါတယ္။ ဒီကေန တျခားကို လမ္းေၾကာင္းေျပာင္းသြားမွာမ်ဳိး အျဖစ္မခံႏိုင္ပါဘူး။”

ဆႏၵျပပြဲေတြက တျခားျပည္နယ္ေတြကိုပါ ကူးစက္ ျဖစ္ပြားေနတာပါ။ Kentucky ျပည္နယ္ Louisville ၿမဳိ႕မွာ မတ္လက အိမ္ထဲကို ရဲဝင္ေရာက္ၿပီး ပစ္ခံရလို႔ ေသသြားတဲ့ လူမည္းအမ်ဳိးသမီး Breonna Taylor အတြက္ တရားစီရင္ေပးဖို႔ လူေတြ ဆႏၵျပၾကတာမွာ လူ ၇ ဦး ေသနတ္မွန္ခဲ့ပါတယ္။ ဘယ္သူပစ္တယ္ဆိုတာ မသိရဘဲ ရဲပစ္တာ မဟုတ္ဘူးလို႔ေတာ့ တာဝန္ရွိသူေတြက ေျပာပါတယ္။

လူျဖဴမဟုတ္သူေတြအတြက္ ေရွ႕ေဆာင္ အမ်ဳိးသားအဖြဲ႔အစည္း NAACP ဥကၠ႒ Derrick Johnson ကေတာ့...

“လူတေယာက္ တရားလက္လြတ္ အသတ္ခံရတယ္ဆိုရင္ က်ေနာ္တုိ႔ ျပတင္းေပါက္အျပင္မွာ အလံကို ခ်ိတ္ဆြဲတာမ်ဳိး လုပ္ခဲ့တယ္။ အခုေတာ့ က်ေနာ္တုိ႔ ေရွ႕ဆက္ၿပီး အသက္ေတြ အဆံုး႐ႈံးမခံႏိုင္ေတာ့ဘူး ဆိုတာျပဖို႔ လူမႈကြန္ရက္မွာ အလံခ်ိတ္ဆြဲျပရမယ့္ အေနအထား ေရာက္ေနပါၿပီ။” လို႔ ေျပာပါတယ္။

ဒီမိုကရက္ဘက္က သမၼတရာထူးအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကို္ယ္စားလွယ္ေလာင္း Joe Biden ကေတာ့ Mr FLyod ေသဆံုးမႈရဲ႕ ေနာက္ကြယ္မွာ အျမစ္တြယ္ရွိေနခဲ့တဲ့ လူမ်ဳိးေရးခြဲျခားမႈရဲ႕ ဒဏ္ရာေဟာင္း ရွိေနတာျဖစ္တယ္လို႔ ေျပာသြားပါတယ္။

“ဘယ္သူမွ ဒါႀကီးကို ေရွာင္ေနလို႔ မရပါဘူး။ ဘာမွဝင္မေျပာဘဲ ေနေနလို႔လည္း မရပါဘူး။ အသက္႐ွဴလို႔ မရေတာ့ဘူးလို႔ ေျပာေနတာကုိ ၾကားရက္နဲ႔ ဘာမွမလုပ္ဘဲ ဒီတိုင္း ဆက္လက္ပိုက္ၾကည့္ေနလို႔ မရေတာ့ပါဘူး။”

ေဂ်ာ္ဂ်ီယာျပည္နယ္မွာေတာ့ လံုၿခံဳေရးတပ္ဖြဲ႔ေတြကို ျဖန္႔ခ်ထားႏိုင္ဖို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးက စေနေန႔ မနက္အေစာမွာပဲ အေရးေပၚအေျခအေန ေၾကညာလိုက္ပါတယ္။

ဆႏၵျပပြဲေတြရဲ႕ ေနာက္ဆက္တြဲျဖစ္ရပ္ေတြ အေနနဲ႔ေတာ့ ေသနတ္သမားတဦး ဆႏၵျပလူအုပ္ထဲ ပစ္ခတ္မႈေၾကာင့္ Detroit ၿမဳိ႕မွာ လူတဦး ေသဆံုးခဲ့ရသလို Atlanta ၿမဳိ႕မွာ ရဲကားမီး႐ႈိ႕ခံရတာ၊ နယူးေယာက္မွာေတာ့ ဆႏၵျပသူေတြနဲ႔ ရဲတပ္ဖြဲ႔အၾကား ထိပ္တိုက္ေတြ႔တာေတြ ျဖစ္ခဲ့ပါတယ္။

အခုအခ်ိန္ဟာ ကမာၻမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ကပ္ေဘးနဲ႔ ႀကဳံေနရတဲ့ အခ်ိန္ျဖစ္လို႔ အခုဆႏၵျပမႈေတြအတြင္း အရပ္သားေတြ ရဲေတြ တဦးနဲ႔တဦး နီးနီးကပ္ကပ္ ရွိေနရတာကေန ေရာဂါပိုးကူးစက္မႈေတြ ျပန္ျမင့္တက္လာမွာကို အမ်ားက စိုးရိမ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

လူမည်းအမျိုးသား George Floyd သေဆုံးရမှုအပေါ် အမေရိကန်တဝန်း ဆန္ဒပြ

လက်ထိပ်တန်းလန်းနဲ့ အဖမ်းခံရသူ လူမည်းအမျိုးသား အသက်ရှူမရတော့ဘူးလို့ တောင်းပန်ရင်းနဲ့ လည်ပင်းကို ဒူးနဲ့ထောက်ခံထားရာကနေ သေဆုံးသွားရတဲ့ ဖြစ်ရပ်ကြောင့် အမေရိကန်တလွှား ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေပါတယ်။ သမ္မတ Donald Trump ကတော့ အေးအေးချမ်းချမ်း ဆန္ဒပြကြတာကို ထောက်ခံပေမယ့် မင်းမဲ့စရိုက် အခြေအနေမျိုးတော့ အရောက်မခံနိုင်ဘူးလို့ ပြောပါတယ်။ ဗွီအိုအေ အိမ်ဖြူတော်သတင်းထောက် Patsy Widukuswara သတင်းပေးပို့တာကို မအေးသန္တာကျော် တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဆန္ဒပြပွဲတွေ တမြို့နဲ့တမြို့ ပျံ့နှံ့ ဖြစ်ပွားနေပြီး အခင်းစတင်တဲ့ Minneapolis မြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေ ချထားရသလို အစိုးရရဲ့ ညမထွက်ရအမိန့်ကို ဆန့်ကျင်ပြီး လူပေါင်းထောင်နဲ့ချီ ၄ ညမြောက်အဖြစ် ညဘက်တွေပါ ဆန္ဒပြနေကြပါတယ်။ အာဖရိကန်-အမေရိကန် အမျိုးသားတဦးဖြစ်တဲ့ George Floyd ကို မေလ ၂၅ ရက်နေ့က ရဲက ဖမ်းဆီးတာမှာ အင်အားအလွန်အကျွံသုံးလို့ အဲဒီအမျိုးသား လူအများရှေ့မှာ သေဆုံးသွားရတဲ့ ဖြစ်ရပ်ကို ကန့်ကွက်ပြီး ဆန္ဒပြပွဲတွေ စတင် ပေါ်ပေါက်လာတာပါ။

လက်ထိပ်ခတ်ဖမ်းဆီးပြီး သူ့ကို လမ်းပေါ်မှာ ဖိချထားပြီး လည်ပင်းကို ဒူးနဲ့ထောက်ထားခံရလို့ သူက အသက်ရှူမရတော့ဘူးလို့ တောင်းပန်ခဲ့တာကို ဗွီဒီယိုမှာ ကြားရပါတယ်။ အဲဒီရဲအရာရှိ Derek Chauvin ကို အခုဖမ်းထားပြီး အမြင့်ဆုံး ထောင်ဒဏ် ၁၂ နှစ်ခွဲထိ ချမှတ်နိုင်တဲ့ လူသတ်မှု၊ ထောင်ဒဏ် ၄ နှစ်ထိ ချမှတ်နိုင်တဲ့ ကြိုတင်ကြံစည်မှုမပါတဲ့ လူသတ်မှုတို့နဲ့ တရားစွဲထားပါတယ်။ သမ္မတ Donald Trump ကတော့ ဒီအမှုနဲ့ပတ်သက်ပြီး အမြန်ဆုံး စစ်ဆေးဖော်ထုတ်ဖို့ ပြောထားတာပါ။

“အေးအေးချမ်းချမ်း ဆန္ဒပြကြသူတွေ ရှိပါတယ်။ ဒီလို အေးအေးချမ်းချမ်း ဆန္ဒပြသူတွေရဲ့ အခွင့်အရေးကို ထောက်ခံပါတယ်။ Minneapolis မြို့မှာ ဖြစ်နေတာမျိုးကိုတော့ လွှတ်ထားပြီး ဥပဒေမဲ့ မင်းမဲ့စရိုက်နဲ့ ပရမ်းပတာ ဖြစ်သွားမှာကိုတော့ ခွင့်မပြုနိုင်ပါဘူး။”

အကြမ်းဖက်မှုကို အားပေးအားမြှောက်လုပ်တာ ဖြစ်တယ်လို့ တွစ်တာကပြောတဲ့ သမ္မတ Trump သောကြာနေ့က ရေးသားမှုထဲမှာ လိုအပ်ရင် စစ်တပ်ကိုပါ လွှတ်မယ်လို့ သမ္မတ Trump အခိုင်အမာ ပြောထားပါတယ်။ ဒါ့အပြင် ၁၉၆၀ ပြည့်လွန်တုန်းက မိုင်ယာမီရဲမှူး ပြောသွားတဲ့ လူမျိုးရေးခွဲခြားမှု စကား “လုယက်မှုတွေ စလုပ်တာနဲ့ ပစ်မယ်” လို့လည်း သမ္မတက ရေးခဲ့ပါတယ်။ ဒီလိုလုပ်တာဟာ သမ္မတ Trump က အကြမ်းဖက်ဖြစ်နေတဲ့ အခြေအနေကို မီးထိုးပေးနေတာဖြစ်တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။ Minnesota တက္ကသိုလ်က လူမျိုးကွဲဆက်ဆံရေးဘာသာရပ် ပို့ချသူ Keith Mayes ကတော့ အခုလိုဝေဖန်ပါတယ်။

“လူမျိုးရေးကွဲပြားမှုတွေကို ပိုဆိုးအောင် လုပ်နေတာပါ။ အခုဖြစ်နေတာက လုံးဝ အတိမ်းအစောင်းမခံတဲ့ အနေအထားပါ။ ဒီသမ္မတ ၂၀၁၆ မှာ တက်လာကတည်းက အခြေအနေက ပိုတောင် တည်းတည်းပဲ ရှိပါတယ်။ ဒါပေမယ့် ဒီမှာကလည်း ဒီအနေအထားဖြစ်နေတာ နှစ်ရာနဲ့ချီပြီလို့ ပြောရင်လည်း မငြင်းနိုင်ပါဘူး။ အခု သမ္မတကတော့ မီးထိုးပေးတဲ့သူပေါ့လေ။”

Minnesota ပြည်နယ်အုပ်ချုပ်ရေးမှူး Tim Walz ကလည်း သူ့ပြည်နယ်မှာ လူမည်းအသိုက်အဝန်းထဲက မကျေနပ်မှုတွေ နာကျင်မှုတွေ အမြစ်တွယ်နေတာ ဆယ်စုနှစ်ပေါင်း အတော်ကြာခဲ့ပါပြီလို့ အသိအမှတ်ပြုသွားပြီး လုယက်မှုတွေ အကြမ်းဖက်နေတာတွေကိုတော့ ရပ်တန့်ဖို့ တောင်းဆိုသွားပါတယ်။

“ကျနော်တို့ ဒါမျိုးလုပ်လို့ မရပါဘူး၊ လူမှုအသိုက်အဝန်းနဲ့နေရင် ဒါမျိုးမဖြစ်နိုင်ပါဘူး။ နေ့ခင်းကြောင်တောင်အချိန်မှာ လူတယောက်ကို ဖိနင်းထားတာမျိုး ဖြစ်စေလောက်အောင်၊ ဒီလူ့ဘောင်အသိုက်အဝန်းထဲက အယူသီးတဲ့ လူမျိုးရေး ခွဲခြားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်။ ဒီကနေ တခြားကို လမ်းကြောင်းပြောင်းသွားမှာမျိုး အဖြစ်မခံနိုင်ပါဘူး။”

ဆန္ဒပြပွဲတွေက တခြားပြည်နယ်တွေကိုပါ ကူးစက် ဖြစ်ပွားနေတာပါ။ Kentucky ပြည်နယ် Louisville မြို့မှာ မတ်လက အိမ်ထဲကို ရဲဝင်ရောက်ပြီး ပစ်ခံရလို့ သေသွားတဲ့ လူမည်းအမျိုးသမီး Breonna Taylor အတွက် တရားစီရင်ပေးဖို့ လူတွေ ဆန္ဒပြကြတာမှာ လူ ၇ ဦး သေနတ်မှန်ခဲ့ပါတယ်။ ဘယ်သူပစ်တယ်ဆိုတာ မသိရဘဲ ရဲပစ်တာ မဟုတ်ဘူးလို့တော့ တာဝန်ရှိသူတွေက ပြောပါတယ်။

လူဖြူမဟုတ်သူတွေအတွက် ရှေ့ဆောင် အမျိုးသားအဖွဲ့အစည်း NAACP ဥက္ကဋ္ဌ Derrick Johnsonကတော့...

“လူတယောက် တရားလက်လွတ် အသတ်ခံရတယ်ဆိုရင် ကျနော်တို့ ပြတင်းပေါက်အပြင်မှာ အလံကို ချိတ်ဆွဲတာမျိုး လုပ်ခဲ့တယ်။ အခုတော့ ကျနော်တို့ ရှေ့ဆက်ပြီး အသက်တွေ အဆုံးရှုံးမခံနိုင်တော့ဘူး ဆိုတာပြဖို့ လူမှုကွန်ရက်မှာ အလံချိတ်ဆွဲပြရမယ့် အနေအထား ရောက်နေပါပြီ။” လို့ ပြောပါတယ်။

ဒီမိုကရက်ဘက်က သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း Joe Biden ကတော့ Mr FLyod သေဆုံးမှုရဲ့ နောက်ကွယ်မှာ အမြစ်တွယ်ရှိနေခဲ့တဲ့ လူမျိုးရေးခွဲခြားမှုရဲ့ ဒဏ်ရာဟောင်း ရှိနေတာဖြစ်တယ်လို့ ပြောသွားပါတယ်။

“ဘယ်သူမှ ဒါကြီးကို ရှောင်နေလို့ မရပါဘူး။ ဘာမှဝင်မပြောဘဲ နေနေလို့လည်း မရပါဘူး။ အသက်ရှူလို့ မရတော့ဘူးလို့ ပြောနေတာကို ကြားရက်နဲ့ ဘာမှမလုပ်ဘဲ ဒီတိုင်း ဆက်လက်ပိုက်ကြည့်နေလို့ မရတော့ပါဘူး။”

ဂျော်ဂျီယာပြည်နယ်မှာတော့ လုံခြုံရေးတပ်ဖွဲ့တွေကို ဖြန့်ချထားနိုင်ဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက စနေနေ့ မနက်အစောမှာပဲ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။

ဆန္ဒပြပွဲတွေရဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေ အနေနဲ့တော့ သေနတ်သမားတဦး ဆန္ဒပြလူအုပ်ထဲ ပစ်ခတ်မှုကြောင့် Detroit မြို့မှာ လူတဦး သေဆုံးခဲ့ရသလို Atlanta မြို့မှာ ရဲကားမီးရှို့ခံရတာ၊ နယူးယောက်မှာတော့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ထိပ်တိုက်တွေ့တာတွေ ဖြစ်ခဲ့ပါတယ်။

အခုအချိန်ဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကပ်ဘေးနဲ့ ကြုံနေရတဲ့ အချိန်ဖြစ်လို့ အခုဆန္ဒပြမှုတွေအတွင်း အရပ်သားတွေ ရဲတွေ တဦးနဲ့တဦး နီးနီးကပ်ကပ် ရှိနေရတာကနေ ရောဂါပိုးကူးစက်မှုတွေ ပြန်မြင့်တက်လာမှာကို အများက စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG