သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမည်းအမျိုးသား George Floyd သေဆုံးရမှုအပေါ် အမေရိကန်တဝန်း ဆန္ဒပြ

လူမည်းအမျိုးသား George Floyd သေဆုံးခဲ့မှုအပေါ် ဆန္ဒပြသူများနှင့် စောင့်ကြည့်နေသည့် ရဲတပ်ဖွဲ့ဝင်များ။ (မေ ၃၀၊ ၂၀၂၀)
လူမည်းအမျိုးသား George Floyd သေဆုံးခဲ့မှုအပေါ် ဆန္ဒပြသူများနှင့် စောင့်ကြည့်နေသည့် ရဲတပ်ဖွဲ့ဝင်များ။ (မေ ၃၀၊ ၂၀၂၀)

(Zawgyi / Unicode)

လက်ထိပ်တန်းလန်းနဲ့ အဖမ်းခံရသူ လူမည်းအမျိုးသား အသက်ရှူမရတော့ဘူးလို့ တောင်းပန်ရင်းနဲ့ လည်ပင်းကို ဒူးနဲ့ထောက်ခံထားရာကနေ သေဆုံးသွားရတဲ့ ဖြစ်ရပ်ကြောင့် အမေရိကန်တလွှား ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေပါတယ်။ သမ္မတ Donald Trump ကတော့ အေးအေးချမ်းချမ်း ဆန္ဒပြကြတာကို ထောက်ခံပေမယ့် မင်းမဲ့စရိုက် အခြေအနေမျိုးတော့ အရောက်မခံနိုင်ဘူးလို့ ပြောပါတယ်။ ဗွီအိုအေ အိမ်ဖြူတော်သတင်းထောက် Patsy Widukuswara သတင်းပေးပို့တာကို မအေးသန္တာကျော် တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဆန္ဒပြပွဲတွေ တမြို့နဲ့တမြို့ ပျံ့နှံ့ ဖြစ်ပွားနေပြီး အခင်းစတင်တဲ့ Minneapolis မြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေ ချထားရသလို အစိုးရရဲ့ ညမထွက်ရအမိန့်ကို ဆန့်ကျင်ပြီး လူပေါင်းထောင်နဲ့ချီ ၄ ညမြောက်အဖြစ် ညဘက်တွေပါ ဆန္ဒပြနေကြပါတယ်။ အာဖရိကန်-အမေရိကန် အမျိုးသားတဦးဖြစ်တဲ့ George Floyd ကို မေလ ၂၅ ရက်နေ့က ရဲက ဖမ်းဆီးတာမှာ အင်အားအလွန်အကျွံသုံးလို့ အဲဒီအမျိုးသား လူအများရှေ့မှာ သေဆုံးသွားရတဲ့ ဖြစ်ရပ်ကို ကန့်ကွက်ပြီး ဆန္ဒပြပွဲတွေ စတင် ပေါ်ပေါက်လာတာပါ။

လက်ထိပ်ခတ်ဖမ်းဆီးပြီး သူ့ကို လမ်းပေါ်မှာ ဖိချထားပြီး လည်ပင်းကို ဒူးနဲ့ထောက်ထားခံရလို့ သူက အသက်ရှူမရတော့ဘူးလို့ တောင်းပန်ခဲ့တာကို ဗွီဒီယိုမှာ ကြားရပါတယ်။ အဲဒီရဲအရာရှိ Derek Chauvin ကို အခုဖမ်းထားပြီး အမြင့်ဆုံး ထောင်ဒဏ် ၁၂ နှစ်ခွဲထိ ချမှတ်နိုင်တဲ့ လူသတ်မှု၊ ထောင်ဒဏ် ၄ နှစ်ထိ ချမှတ်နိုင်တဲ့ ကြိုတင်ကြံစည်မှုမပါတဲ့ လူသတ်မှုတို့နဲ့ တရားစွဲထားပါတယ်။ သမ္မတ Donald Trump ကတော့ ဒီအမှုနဲ့ပတ်သက်ပြီး အမြန်ဆုံး စစ်ဆေးဖော်ထုတ်ဖို့ ပြောထားတာပါ။

“အေးအေးချမ်းချမ်း ဆန္ဒပြကြသူတွေ ရှိပါတယ်။ ဒီလို အေးအေးချမ်းချမ်း ဆန္ဒပြသူတွေရဲ့ အခွင့်အရေးကို ထောက်ခံပါတယ်။ Minneapolis မြို့မှာ ဖြစ်နေတာမျိုးကိုတော့ လွှတ်ထားပြီး ဥပဒေမဲ့ မင်းမဲ့စရိုက်နဲ့ ပရမ်းပတာ ဖြစ်သွားမှာကိုတော့ ခွင့်မပြုနိုင်ပါဘူး။”

အကြမ်းဖက်မှုကို အားပေးအားမြှောက်လုပ်တာ ဖြစ်တယ်လို့ တွစ်တာကပြောတဲ့ သမ္မတ Trump သောကြာနေ့က ရေးသားမှုထဲမှာ လိုအပ်ရင် စစ်တပ်ကိုပါ လွှတ်မယ်လို့ သမ္မတ Trump အခိုင်အမာ ပြောထားပါတယ်။ ဒါ့အပြင် ၁၉၆၀ ပြည့်လွန်တုန်းက မိုင်ယာမီရဲမှူး ပြောသွားတဲ့ လူမျိုးရေးခွဲခြားမှု စကား “လုယက်မှုတွေ စလုပ်တာနဲ့ ပစ်မယ်” လို့လည်း သမ္မတက ရေးခဲ့ပါတယ်။ ဒီလိုလုပ်တာဟာ သမ္မတ Trump က အကြမ်းဖက်ဖြစ်နေတဲ့ အခြေအနေကို မီးထိုးပေးနေတာဖြစ်တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။ Minnesota တက္ကသိုလ်က လူမျိုးကွဲဆက်ဆံရေးဘာသာရပ် ပို့ချသူ Keith Mayes ကတော့ အခုလိုဝေဖန်ပါတယ်။

“လူမျိုးရေးကွဲပြားမှုတွေကို ပိုဆိုးအောင် လုပ်နေတာပါ။ အခုဖြစ်နေတာက လုံးဝ အတိမ်းအစောင်းမခံတဲ့ အနေအထားပါ။ ဒီသမ္မတ ၂၀၁၆ မှာ တက်လာကတည်းက အခြေအနေက ပိုတောင် တည်းတည်းပဲ ရှိပါတယ်။ ဒါပေမယ့် ဒီမှာကလည်း ဒီအနေအထားဖြစ်နေတာ နှစ်ရာနဲ့ချီပြီလို့ ပြောရင်လည်း မငြင်းနိုင်ပါဘူး။ အခု သမ္မတကတော့ မီးထိုးပေးတဲ့သူပေါ့လေ။”

Minnesota ပြည်နယ်အုပ်ချုပ်ရေးမှူး Tim Walz ကလည်း သူ့ပြည်နယ်မှာ လူမည်းအသိုက်အဝန်းထဲက မကျေနပ်မှုတွေ နာကျင်မှုတွေ အမြစ်တွယ်နေတာ ဆယ်စုနှစ်ပေါင်း အတော်ကြာခဲ့ပါပြီလို့ အသိအမှတ်ပြုသွားပြီး လုယက်မှုတွေ အကြမ်းဖက်နေတာတွေကိုတော့ ရပ်တန့်ဖို့ တောင်းဆိုသွားပါတယ်။

“ကျနော်တို့ ဒါမျိုးလုပ်လို့ မရပါဘူး၊ လူမှုအသိုက်အဝန်းနဲ့နေရင် ဒါမျိုးမဖြစ်နိုင်ပါဘူး။ နေ့ခင်းကြောင်တောင်အချိန်မှာ လူတယောက်ကို ဖိနင်းထားတာမျိုး ဖြစ်စေလောက်အောင်၊ ဒီလူ့ဘောင်အသိုက်အဝန်းထဲက အယူသီးတဲ့ လူမျိုးရေး ခွဲခြားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်။ ဒီကနေ တခြားကို လမ်းကြောင်းပြောင်းသွားမှာမျိုး အဖြစ်မခံနိုင်ပါဘူး။”

George Floyd သေဆုံးသွားသည့်အပေါ် မကျေနပ်သည့် ဆန္ဒပြပွဲများမှ မြင်ကွင်းတချို့

Minneapolis မြို့ ဆန္ဒပြပွဲတခုအတွင်းတွေ့ရသည့် stun grenade ထိမှန်သွားသည့် ဆန္ဒပြသူတဦး။ (မေ ၂၉၊ ၂၀၂၀)
1/7 Minneapolis မြို့ ဆန္ဒပြပွဲတခုအတွင်းတွေ့ရသည့် stun grenade ထိမှန်သွားသည့် ဆန္ဒပြသူတဦး။ (မေ ၂၉၊ ၂၀၂၀)
မီးလောင်နေသည့် ဓာတ်ဆီဆိုင်တခုကို မီးငြိမ်းသတ်နေသည့် မီးသတ်ကားများအနီး အစောင့်ချထားသည့် လုံခြုံရေးတပ်ဖွဲ့များ။ (Minneapolis) (မေ ၂၉၊ ၂၀၂၀)
2/7 မီးလောင်နေသည့် ဓာတ်ဆီဆိုင်တခုကို မီးငြိမ်းသတ်နေသည့် မီးသတ်ကားများအနီး အစောင့်ချထားသည့် လုံခြုံရေးတပ်ဖွဲ့များ။ (Minneapolis) (မေ ၂၉၊ ၂၀၂၀)
Minneapolis မြို့ ဆန္ဒပြပွဲတခုအတွင်း တွေ့ရသည့် ဆန္ဒပြသူများ။ (မေ ၂၉၊ ၂၀၂၀)
3/7 Minneapolis မြို့ ဆန္ဒပြပွဲတခုအတွင်း တွေ့ရသည့် ဆန္ဒပြသူများ။ (မေ ၂၉၊ ၂၀၂၀)
ဆန္ဒပြပွဲအတွင်း မီးရှို့ဖျက်ဆီးခံရသည့် ဘဏ်တခုမြင်ကွင်း။ (Minneapolis) (မေ ၂၉၊ ၂၀၂၀)
4/7 ဆန္ဒပြပွဲအတွင်း မီးရှို့ဖျက်ဆီးခံရသည့် ဘဏ်တခုမြင်ကွင်း။ (Minneapolis) (မေ ၂၉၊ ၂၀၂၀)
အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ။ (ဂျော်ဂျီယာ၊ အတ္တလန်တာပြည်နယ်) (မေ ၂၉၊ ၂၀၂၀) (MARIETTA DAILY OUT; GWINNETT DAILY POST OUT; WXIA-TV OUT; WGCL-TV OUT C=METRO)
5/7 အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ။ (ဂျော်ဂျီယာ၊ အတ္တလန်တာပြည်နယ်) (မေ ၂၉၊ ၂၀၂၀) (MARIETTA DAILY OUT; GWINNETT DAILY POST OUT; WXIA-TV OUT; WGCL-TV OUT C=METRO)
ွGeorge Floyd အတွက် ဆုတောင်းပွဲတခုမြင်ကွင်း။ (Peninsula Park, North Portland) (မေ ၂၉၊ ၂၀၂၀) (ဓာတ်ပုံ - THE MERCURY OUT; WILLAMETTE WEEK OUT; PAMPLIN MEDIA GROUP OUT; KGW.COM OUT; KOIN.COM OUT; KATU.COM OUT; KPTV.COM OUT)
6/7 ွGeorge Floyd အတွက် ဆုတောင်းပွဲတခုမြင်ကွင်း။ (Peninsula Park, North Portland) (မေ ၂၉၊ ၂၀၂၀) (ဓာတ်ပုံ - THE MERCURY OUT; WILLAMETTE WEEK OUT; PAMPLIN MEDIA GROUP OUT; KGW.COM OUT; KOIN.COM OUT; KATU.COM OUT; KPTV.COM OUT)
Minneapolis မြို့ ဆန္ဒပြပွဲတခုအတွင်း စီးပွားရေးလုပ်ငန်းတခု မီးလောင်နေသည့်မြင်ကွင်း။ (မေ ၂၉၊ ၂၀၂၀)
7/7 Minneapolis မြို့ ဆန္ဒပြပွဲတခုအတွင်း စီးပွားရေးလုပ်ငန်းတခု မီးလောင်နေသည့်မြင်ကွင်း။ (မေ ၂၉၊ ၂၀၂၀)
Previous slide
Next slide

ဆန္ဒပြပွဲတွေက တခြားပြည်နယ်တွေကိုပါ ကူးစက် ဖြစ်ပွားနေတာပါ။ Kentucky ပြည်နယ် Louisville မြို့မှာ မတ်လက အိမ်ထဲကို ရဲဝင်ရောက်ပြီး ပစ်ခံရလို့ သေသွားတဲ့ လူမည်းအမျိုးသမီး Breonna Taylor အတွက် တရားစီရင်ပေးဖို့ လူတွေ ဆန္ဒပြကြတာမှာ လူ ၇ ဦး သေနတ်မှန်ခဲ့ပါတယ်။ ဘယ်သူပစ်တယ်ဆိုတာ မသိရဘဲ ရဲပစ်တာ မဟုတ်ဘူးလို့တော့ တာဝန်ရှိသူတွေက ပြောပါတယ်။

လူဖြူမဟုတ်သူတွေအတွက် ရှေ့ဆောင် အမျိုးသားအဖွဲ့အစည်း NAACP ဥက္ကဋ္ဌ Derrick Johnson ကတော့...

“လူတယောက် တရားလက်လွတ် အသတ်ခံရတယ်ဆိုရင် ကျနော်တို့ ပြတင်းပေါက်အပြင်မှာ အလံကို ချိတ်ဆွဲတာမျိုး လုပ်ခဲ့တယ်။ အခုတော့ ကျနော်တို့ ရှေ့ဆက်ပြီး အသက်တွေ အဆုံးရှုံးမခံနိုင်တော့ဘူး ဆိုတာပြဖို့ လူမှုကွန်ရက်မှာ အလံချိတ်ဆွဲပြရမယ့် အနေအထား ရောက်နေပါပြီ။” လို့ ပြောပါတယ်။

ဒီမိုကရက်ဘက်က သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း Joe Biden ကတော့ Mr FLyod သေဆုံးမှုရဲ့ နောက်ကွယ်မှာ အမြစ်တွယ်ရှိနေခဲ့တဲ့ လူမျိုးရေးခွဲခြားမှုရဲ့ ဒဏ်ရာဟောင်း ရှိနေတာဖြစ်တယ်လို့ ပြောသွားပါတယ်။

“ဘယ်သူမှ ဒါကြီးကို ရှောင်နေလို့ မရပါဘူး။ ဘာမှဝင်မပြောဘဲ နေနေလို့လည်း မရပါဘူး။ အသက်ရှူလို့ မရတော့ဘူးလို့ ပြောနေတာကို ကြားရက်နဲ့ ဘာမှမလုပ်ဘဲ ဒီတိုင်း ဆက်လက်ပိုက်ကြည့်နေလို့ မရတော့ပါဘူး။”

ဂျော်ဂျီယာပြည်နယ်မှာတော့ လုံခြုံရေးတပ်ဖွဲ့တွေကို ဖြန့်ချထားနိုင်ဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက စနေနေ့ မနက်အစောမှာပဲ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။

ဆန္ဒပြပွဲတွေရဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေ အနေနဲ့တော့ သေနတ်သမားတဦး ဆန္ဒပြလူအုပ်ထဲ ပစ်ခတ်မှုကြောင့် Detroit မြို့မှာ လူတဦး သေဆုံးခဲ့ရသလို Atlanta မြို့မှာ ရဲကားမီးရှို့ခံရတာ၊ နယူးယောက်မှာတော့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ထိပ်တိုက်တွေ့တာတွေ ဖြစ်ခဲ့ပါတယ်။

အခုအချိန်ဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကပ်ဘေးနဲ့ ကြုံနေရတဲ့ အချိန်ဖြစ်လို့ အခုဆန္ဒပြမှုတွေအတွင်း အရပ်သားတွေ ရဲတွေ တဦးနဲ့တဦး နီးနီးကပ်ကပ် ရှိနေရတာကနေ ရောဂါပိုးကူးစက်မှုတွေ ပြန်မြင့်တက်လာမှာကို အများက စိုးရိမ်နေကြပါတယ်။

လူမည်းအမျိုးသား George Floyd သေဆုံးရမှုအပေါ် အမေရိကန်တဝန်း ဆန္ဒပြ
please wait

No media source currently available

0:00 0:05:33 0:00
တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)











လူဖွူမဟုတျသူတှအေတှကျ ရှေ့ဆောငျ အမြိုးသားအဖှဲ့အစညျး NAACP ဥက်ကဋ်ဌ Derrick Johnsonကတော့...





ဆန်ဒပွပှဲတှရေဲ့ နောကျဆကျတှဲဖွဈရပျတှေ အနနေဲ့တော့ သနေတျသမားတဦး ဆန်ဒပွလူအုပျထဲ ပဈခတျမှုကွောင့ျ Detroit မွို့မှာ လူတဦး သဆေုံးခဲ့ရသလို Atlanta မွို့မှာ ရဲကားမီးရှို့ခံရတာ၊ နယူးယောကျမှာတော့ ဆန်ဒပွသူတှနေဲ့ ရဲတပျဖှဲ့အကွား ထိပျတိုကျတှေ့တာတှေ ဖွဈခဲ့ပါတယျ။


XS
SM
MD
LG