သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိမ္ျဖဴေတာ္အနီး အၾကမ္းဖက္ ဆႏၵျပမႈေတြ ျဖစ္ပြား


လူမည္းအမ်ဳိးသား George Floyd ေသဆုံးမႈအတြက္ ဝါရွင္တန္ရွိ အိမ္ျဖဴေတာ္အနီး ဆႏၵျပေနၾကသူမ်ား။ (ေမ ၃၀၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္သမၼတ အိမ္ျဖဴေတာ္နဲ႔ လမ္း ၂ လမ္းေလာက္ အကြာမွာ မေန႔ စေနေန႔ည သန္းေခါင္အခ်ိန္က ဆႏၵျပပဲြေတြကေန ႐ုန္းရင္းဆန္ခတ္ အၾကမ္းဖက္မႈေတြ ျဖစ္ခဲ့ရာက အနီးအနား Lafeyette ရင္ျပင္တ၀ိုက္ကို ရဲတပ္ဖဲြ႔ေတြ၊ ေထာက္လွမ္းေရးေတြ၊ ျပည္တြင္းလုံၿခံဳေရး အရန္တပ္ဖဲြ႔ေတြနဲ႔ အကာအကြယ္ ေပးခဲ့ရပါတယ္။

ရာနဲ႔ခ်ီတဲ့ ဆႏၵျပသူေတြကုိ လုံၿခဳံေရးတပ္ဖဲြ႔ေတြက င႐ုတ္ရည္ေတြနဲ႔ ပက္ၿပီး ႏွိမ္နင္းခဲ့သလုိ အၾကမ္းဖက္ ဆႏၵျပသူ တခ်ဳိ႕ကေတာ့ Pennsylvania လမ္းမေပၚက သမၼတ Ronald Reagan ေဖာင္ေဒးရွင္း အေဆာက္အအုံက ျပတင္းေပါက္ေတြကို ႐ုိက္ခဲြဖ်က္ဆီးခဲ့ၾကသလို ဘဏ္တခုကိုလည္း ဖ်က္ဆီးခဲ့ၾကပါတယ္။

Lafeyette ရင္ျပင္အနီး အိ္မ္ျဖဴေတာ္ သမုိင္းဌာနနဲ႔ မ်က္ႏွာခ်င္းဆုိင္က စားေသာက္ဆုိင္ ၂ ခုထဲမွာလည္း လုယက္သူေတြရဲ႕ လက္ခ်က္ေၾကာင့္ အငယ္စား မီးေလာင္မႈ ၂ ခု ျဖစ္ပြားခဲ့သလုိ အနီးအနားက အေမရိကန္ ကုန္သည္ႀကီးမ်ားအသင္း အေဆာက္အအုံ ေဆာက္လက္စေနရာတခုက ေဆာက္လုပ္ေရးသုံး ျငမ္းေတြလည္း မီး႐ႈိ႕ခံခဲ့ရပါတယ္။

အဲဒီနားတ၀ိုက္မွာ ရပ္ထားတဲ့ ကားအမ်ားအျပားလည္း ဖ်က္ဆီးခံရတာေတြ မီး႐ႈိ႕ခံရတာေတြ ရွိခဲ့ပါတယ္။

မီးေလာင္ကၽြမ္းမႈႀကီးတဲ့ ေနရာေတြကို ၀ါရွင္တန္မီးသတ္တပ္ဖဲြ႔က သြားေရာက္ၿငိႇမ္းသတ္ခဲ့ေပမယ့္ လုယက္ဖ်က္ဆီးမႈေတြ ျဖစ္ခဲ့တဲ့ ေနရာေတြမွာေတာ့ ရဲတပ္ဖဲြ႔၀င္ေတြကုိ မေတြ႔ရဘူးလို႔လည္း ကုိယ္တုိင္ေတြ႔ခဲ့သူတခ်ဳိ႕က ေျပာပါတယ္။

အေမရိကန္ႏုိင္ငံတ၀န္းမွာ ျဖစ္ေနတဲ့ အၾကမ္းဖက္မႈေတြေၾကာင့္ ျပည္နယ္ ၁၆ ခုက ၿမိဳ႕ေပါင္း ၂၅ ၿမိဳ႕မွာ ညမထြက္ရအမိန္႔ေတြ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

အိမ်ဖြူတော်အနီး အကြမ်းဖက် ဆန္ဒပြမှုတွေ ဖြစ်ပွား

အမေရိကန်သမ္မတ အိမ်ဖြူတော်နဲ့ လမ်း ၂ လမ်းလောက် အကွာမှာ မနေ့ စနေနေ့ည သန်းခေါင်အချိန်က ဆန္ဒပြပွဲတွေကနေ ရုန်းရင်းဆန်ခတ် အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ရာက အနီးအနား Lafeyette ရင်ပြင်တဝိုက်ကို ရဲတပ်ဖွဲ့တွေ၊ ထောက်လှမ်းရေးတွေ၊ ပြည်တွင်းလုံခြုံရေး အရန်တပ်ဖွဲ့တွေနဲ့ အကာအကွယ် ပေးခဲ့ရပါတယ်။

ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ငရုတ်ရည်တွေနဲ့ ပက်ပြီး နှိမ်နင်းခဲ့သလို အကြမ်းဖက် ဆန္ဒပြသူ တချို့ကတော့ Pennsylvania လမ်းမပေါ်က သမ္မတ Ronald Reagan ဖောင်ဒေးရှင်း အဆောက်အအုံက ပြတင်းပေါက်တွေကို ရိုက်ခွဲဖျက်ဆီးခဲ့ကြသလို ဘဏ်တခုကိုလည်း ဖျက်ဆီးခဲ့ကြပါတယ်။

Lafeyette ရင်ပြင်အနီး အိမ်ဖြူတော် သမိုင်းဌာနနဲ့ မျက်နှာချင်းဆိုင်က စားသောက်ဆိုင် ၂ ခုထဲမှာလည်း လုယက်သူတွေရဲ့ လက်ချက်ကြောင့် အငယ်စား မီးလောင်မှု ၂ ခု ဖြစ်ပွားခဲ့သလို အနီးအနားက အမေရိကန် ကုန်သည်ကြီးများအသင်း အဆောက်အအုံ ဆောက်လက်စနေရာတခုက ဆောက်လုပ်ရေးသုံး ငြမ်းတွေလည်း မီးရှို့ခံခဲ့ရပါတယ်။

အဲဒီနားတဝိုက်မှာ ရပ်ထားတဲ့ ကားအများအပြားလည်း ဖျက်ဆီးခံရတာတွေ မီးရှို့ခံရတာတွေ ရှိခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုကြီးတဲ့ နေရာတွေကို ဝါရှင်တန်မီးသတ်တပ်ဖွဲ့က သွားရောက်ငြှိမ်းသတ်ခဲ့ပေမယ့် လုယက်ဖျက်ဆီးမှုတွေ ဖြစ်ခဲ့တဲ့ နေရာတွေမှာတော့ ရဲတပ်ဖွဲ့ဝင်တွေကို မတွေ့ရဘူးလို့လည်း ကိုယ်တိုင်တွေ့ခဲ့သူတချို့က ပြောပါတယ်။

အမေရိကန်နိုင်ငံတဝန်းမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် ပြည်နယ် ၁၆ ခုက မြို့ပေါင်း ၂၅ မြို့မှာ ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG