သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ မွာ လူမည္းေတြအေပၚ ခြဲျခားဆက္ဆံေနတဲ့အေပၚ စုိးရိမ္ေၾကာင္း အာဖရိကေခါင္းေဆာင္ေတြေျပာ


ြြGeorge Floyd ေသဆံုးမႈအတြက္ ဆႏၵျပသူမ်ား

Zawgyi/Unicode

အေမရိကန္ႏုိင္ငံ Minneapolis ၿမိဳ႕ မွာ ၿပီးခဲ့တဲ့သီတင္းပတ္က အာဖရိကန္ - အေမရိကန္အမ်ိဳးသား George Floyd ရဲဖမ္းထားစဥ္ ေသဆံုးခဲ့ရတာနဲ႔ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံတလႊား ၿမိဳ႕ႀကီး အေတာ္မ်ားမ်ားမွာ ဆႏၵျပကန္႔ကြက္မႈေတြ ဆက္ရွိေနခ်ိန္မွာပဲ အာဖရိက ေဒသတြင္း ေခါင္းေဆာင္ေတြနဲ႔ တာဝန္ခံ အရာရွိေတြက စိုးရိမ္စိတ္ပူေၾကာင္း ေျပာဆိုခဲ့ၾကပါတယ္။

ဂါနာသမၼတ Nana Akufo-Addo က အခုလို ၂၁ ရာစုမွာ ဒီမိုကေရစီ ႏိုင္ငံႀကီးတႏိုင္ငံျဖစ္တဲ့ အေမရိကန္ျပည္ေထာင္စုမွာ ခြဲဲျခားဆက္ဆံမႈ ဆိုင္ရာ ျပႆနာေတြ ဆက္ေပၚေပါက္ေနတာဟာ မျဖစ္သင့္ဘူးလို႔ ေၾကညာခ်က္ ထုတ္ျပန္ ေဝဖန္လိုက္ပါတယ္။

ကင္ညာႏိုင္ငံက အတိုက္အခံေခါင္းေဆာင္ ျဖစ္တဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း Raila Odinga ကလည္း အေမရိကန္ႏိုင္ငံမွာ လူသားအားလံုး အတြက္ တရားမ ွ်တမႈနဲ႔ လြတ္လပ္မႈ ရွိဖို႔ ဆုေတာင္း ေၾကာင္း ေျပာပါတယ္။

အာဖရိကသမဂၢ ေကာ္မရွင္ အႀကီးအကဲ Moussa Faki Mahamat က Floyd ေသဆံုးမႈအတြက္ အစိုးရက တာဝန္ယူေျဖရွင္းဖို႔ ေတာင္းဆိုခဲ့တဲ့ အျပင္ ဒါဟာ လူသတ္မႈ လို႔လည္း ျပင္းထန္တဲ့ အသံုးႏႈန္းနဲ႔ ေျပာဆိုခဲ့တာပါ။

Floyd ကို ဖမ္းဆီးခဲ့တဲ့ရဲကို တတိယဆင့္ လူသတ္မႈ နဲ႔ လူေသေစမႈေတြနဲ႔ဖမ္းဆီးခဲ့ၿပီး ေနာက္မွာပဲ အာဖရိကန္တို္က္က ႏို္င္ငံေတြျဖစ္တဲ့ ကင္ညာ၊ ယူဂန္ဒါ၊ တန္ဇီးနီးယား နဲ႔ ကြန္ဂို ဒီမိုကရက္တစ္ သမၼတ ႏိုင္ငံေတြမွာ ရွိတဲ့ အေမရိကန္ သံရံုးေတြက Floyd ေသဆံုးရမႈ နဲ႔ပတ္သက္ၿပီး စိတ္ပူေၾကာင္း ေၾကညာခ်က္ေတြ ရွားရွားပါးပါး ထုတ္ျပန္ၾကၿပီး ဒီေသဆံုးမႈ အတြက္ တာဝန္ခံ တာဝန္ယူမႈ ရွိေစဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

တခ်ိန္ထည္းမွာပဲ ေတာင္အာဖရိကႏိုင္ငံက လက္ရွိအာဏာရ အာဖရိကအမ်ိဳးသားကြန္ဂရက္ ANC ပါတီကလည္း George Floyd အပါအဝင္ အာဖရိကန္ အေမရိကန္ေတြ ေသဆံုးရတာကို ၾကည့္ရင္ အေမရိကန္ လူမႈ အသိုင္းဝိုင္းက လူမည္းေတြရဲ့ အသက္ကို တန္ဖိုး သိပ္မထားတာဘူး ဆိုတာျပေနတယ္လို႔ မွတ္ခ်က္ေပးခဲ့တာပါ။

အာဖရိကေဒသ လူ႔အခြင့္ေရး ေစာင့္ၾကည့္အဖြဲ႔ အႀကီးအကဲ ကေတာ့ George Floyd ရဲ့ ျဖစ္ရပ္ဟာ လူနဲစု အသိုင္းဝိုင္းေတြရဲ့ ရုန္းကန္လႈပ္ရွားေနတာကို မီးေမာင္းထိုးျပ ေနသလို ဒါဟာ အဖြဲ႔အစည္းအားလံုး အတြက္ စိန္ေခၚမႈ တခု လို႔လည္း သတိေပးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode]

အမေရိကန်နိုင်ငံ Minneapolis မြို့ မှာ ပြီးခဲ့တဲ့သီတင်းပတ်က အာဖရိကန် - အမေရိကန်အမျိုးသား George Floyd ရဲဖမ်းထားစဉ် သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံတလွှား မြို့ကြီး အတော်များများမှာ ဆန္ဒပြကန့်ကွက်မှုတွေ ဆက်ရှိနေချိန်မှာပဲ အာဖရိက ဒေသတွင်း ခေါင်းဆောင်တွေနဲ့ တာဝန်ခံ အရာရှိတွေက စိုးရိမ်စိတ်ပူကြောင်း ပြောဆိုခဲ့ကြပါတယ်။

ဂါနာသမ္မတ Nana Akufo-Addo ကအခုလို ၂၁ ရာစုမှာ ဒီမိုကရေစီ နိုင်ငံကြီးတနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ ခွဲခြားဆက်ဆံမှု ဆိုင်ရာ ပြဿနာတွေ ဆက်ပေါ်ပေါက်နေတာဟာ မဖြစ်သင့်ဘူးလို့ ကြေညာချက် ထုတ်ပြန် ဝေဖန်လိုက်ပါတယ်။

ကင်ညာနိုင်ငံက အတိုက်အခံခေါင်းဆောင် ဖြစ်တဲ့ဝန်ကြီးချုပ်ဟောင်း Raila Odinga ကလည်း အမေရိကန်နိုင်ငံမှာ လူသားအားလုံး အတွက် တရားမ ျှတမှုနဲ့ လွတ်လပ်မှု ရှိဖို့ ဆုတောင်း ကြောင်း ပြောပါတယ်။

အာဖရိကသမဂ္ဂ ကော်မရှင် အကြီးအကဲ Moussa Faki Mahamat က Floyd သေဆုံးမှုအတွက် အစိုးရက တာဝန်ယူဖြေရှင်းဖို့ တောင်းဆိုခဲ့တဲ့ အပြင် ဒါဟာ လူသတ်မှု လို့လည်း ပြင်းထန်တဲ့ အသုံးနှုန်းနဲ့ ပြောဆိုခဲ့တာပါ။

Floyd ကို ဖမ်းဆီးခဲ့တဲ့ရဲကို တတိယဆင့် လူသတ်မှု နဲ့ လူသေစေမှုတွေနဲ့ဖမ်းဆီးခဲ့ပြီး နောက်မှာပဲအာဖရိကန်တိုက်က နိုင်ငံတွေဖြစ်တဲ့ ကင်ညာ၊ ယူဂန်ဒါ၊ တန်ဇီးနီးယား နဲ့ ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံတွေမှာ ရှိတဲ့ အမေရိကန် သံရုံးတွေက Floyd သေဆုံးရမှု နဲ့ပတ်သက်ပြီး စိတ်ပူကြောင်း ကြေညာချက်တွေ ရှားရှားပါးပါး ထုတ်ပြန်ကြပြီး ဒီသေဆုံးမှု အတွက် တာဝန်ခံ တာဝန်ယူမှု ရှိစေဖို့ တောင်းဆိုခဲ့ကြပါတယ်။

တချိန်ထည်းမှာပဲ တောင်အာဖရိကနိုင်ငံက လက်ရှိအာဏာရ အာဖရိကအမျိုးသားကွန်ဂရက် ANC ပါတီကလည်း George Floyd အပါအဝင် အာဖရိကန် အမေရိကန်တွေ သေဆုံးရတာကို ကြည့်ရင် အမေရိကန် လူမှု အသိုင်းဝိုင်းက လူမည်းတွေရဲ့ အသက်ကို တန်ဖိုး သိပ်မထားတာဘူး ဆိုတာပြနေတယ်လို့ မှတ်ချက်ပေးခဲ့တာပါ။


အာဖရိကဒေသ လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့ အကြီးအကဲ ကတော့ George Floyd ရဲ့ ဖြစ်ရပ်ဟာ လူနဲစု အသိုင်းဝိုင်းတွေရဲ့ ရုန်းကန်လှုပ်ရှားနေတာကို မီးမောင်းထိုးပြ နေသလိုဒါဟာ အဖွဲ့အစည်းအားလုံး အတွက် စိန်ခေါ်မှု တခု လို့လည်း သတိပေးခဲ့ပါတယ်။

XS
SM
MD
LG