သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ဆႏၵျပပြဲဆက္စပ္ ေနာက္ဆံုးျဖစ္ထြန္းမႈေတြအေပၚ သံုးသပ္ခ်က္


[Zawgyi/Unicode]

George Floyd ေသဆံုးမႈအတြက္ အဓိက သံသယရွိသူ ရဲအရာရွိအေပၚ တိုးျမွင့္စြဲခ်က္တင္လိုက္ၿပီျဖစ္သလို အခင္းျဖစ္ခ်ိန္က ရွိေနခဲ့တဲ့ ေနာက္ထပ္ ရဲအရာရွိသံုးဦးကိုလည္း တရားစြဲထားပါတယ္။ ဒီအေျခအေနက ဆႏၵျပပြဲေတြအေပၚဘယ္လို သက္ေရာက္လာႏုိင္ပါသလဲ၊ သမၼတထရမ့္ပ္က လိုအပ္ရင္ စစ္တပ္သံုး ႏွိမ္နင္းမယ္လုိ႔ ေျပာထားတဲ့အေပၚမွာေရာ ဘယ္လို သံုးသပ္နုိင္ပါသလဲ စတာေတြနဲ႔ပတ္သက္ၿပီး ဆႏၵျပပြဲေတြနဲ႔ပတ္သက္လို႔ မ်က္ေျခမျပတ္ ေစာင့္ၾကည့္ေနတဲ့ ဗီြအိုေအ အယ္ဒီတာ ဦးေက်ာ္ဇံသာကို ဝုိင္းေတာ္သူ မျမသဇင္ေအာင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

မျမသဇင္ေအာင္။ ။ ဟုတ္ကဲ့ပါ အန္ကယ္။ ဒီမင္နီဆိုတာမွာ လူမည္းအမ်ိဳးသား George Floyd ေသဆုံးခဲ့တဲ့ ျဖစ္ရပ္နဲ႔ ပတ္သက္ၿပီးေတာ့ မေန႔က သံသယရွိတရားခံ ရဲအရာရွိေဟာင္းကို တရား႐ုံးက အေရးယူတဲ့ အဆင့္ တိုးျမႇင့္လိုက္ၿပီးေတာ့ ေနာက္ထပ္ အခင္းျဖစ္တဲ့ေနရာမွာ ပါဝင္တဲ့ ရဲ သံုး ဦးကိုလည္း ထပ္ၿပီးဖမ္းလိုက္ပါတယ္။ ဒီေတာ့ ဒါက ဆႏၵျပပြဲေတြမွာ ဘယ္လို ႐ိုက္ခတ္မႈေတြရွိႏိုင္ပါသလဲ။ အန္ကယ္ ဘယ္လို ျမင္ပါသလဲ။

ဦးေက်ာ္ဇံသာ။ ။ ဆႏၵျပသမားေတြ ေက်နပ္သြားပါတယ္။ ဆႏၵျပပဲြဟာ ေယဘုယ်အားျဖင့္ ေျပာရရင္ ပိုၿပီးေတာ့ ျငိမ္းၿငိမ္းခ်မ္းခ်မ္း ျဖစ္သြားတယ္လို႔ ေျပာရပါလိမ့္မယ္။ ဒါေပမဲ့ တခ်ိဳ႕ေနရာေတြမွာေတာ့ ျခြင္းခ်က္ရွိတာေပါ့ေလ။ နယူးေယာက္မွာ နည္းနည္းပါးပါး ထိပ္တိုက္တိုးတာေတြ ရွိပါတယ္။ ဒါေပမဲ့ ေယဘုယ်အားျဖင့္ေတာ့ ဆႏၵျပမႈဟာ ပိုၿပီးေတာ့ ၿငိမ္းခ်မ္းသြားတယ္။ ဒါဟာ ဆႏၵျပသမားေတြအတြက္က ေက်နပ္မႈအေတာ္ရသြားတယ္ဆိုတဲ့ သေဘာျဖစ္ပါတယ္။ သူတို႔ကေတာ့ သတင္းေကာင္းျဖစ္တယ္။ သို႔ေပမယ့္ လူတိုင္းက ေက်နပ္ေသးတာ မဟုတ္ပါဘူး။ သူတို႔တကယ္လိုခ်င္တာကေတာ့ စနစ္ကို ေျပာင္းဖို႔ လိုခ်င္တယ္။ အထူးသျဖင့္ တရားရံုးက သူတို႔ကို ဘယ္လို အျပစ္ေပးလာမလဲဆိုတာကို သူတို႔ ေစာင့္ၾကည့္ခ်င္တယ္။ ေနာက္ၿပီးေတာ့ တခ်ိဳ႕ကဆိုရင္ ဒီအခု တတိယအဆင့္ကေန ဒုတိယအဆင့္ တိုးျမွင့္လိုက္တာနဲ႔ မေက်နပ္ဘဲနဲ႔ ပထမအဆင့္နဲ႔ သူတို႔ကို အေရးယူေစခ်င္တယ္။ အဲ့လို အယူအဆေတြလည္း အမ်ိဳးမ်ိဳးရွိေနၾကတာေပါ့ ဆႏၵျပသမားေတြထဲမွာ။

မျမသဇင္ေအာင္။ ။ ဆႏၵျပပဲြေတြက ဆက္ၿပီးေတာ့ ျဖစ္ေနအံုးမယ္ဆိုတဲ့ သေဘာလား အန္ကယ္။

ဦးေက်ာ္ဇံသာ။ ။ ဟုတ္ပါတယ္။ အဲ့ဒါေၾကာင့္ ေစာေစာကေျပာတဲ့ ဆႏၵျပသမားေတြ လိုခ်င္တာက တရားရံုးက ဘယ္လိုသူတို႔ကို ျပစ္မႈထင္ရွား စီရင္လာမလဲ။ အဲဒါ သိပ္အေရးႀကီးပါတယ္။ အခုက ျပည္နယ္ေရွ႕ေနခ်ဳပ္ကလည္း မေန႔က ေျပာတယ္၊ သူတို႔ကေတာ့ ဒီကိစၥကို ပိုၿပီး ေစ့ေစ့စပ္စပ္နဲ႔ ေသေသခ်ာခ်ာလုပ္မယ္၊ အခ်ိန္ယူၿပီးေတာ့ လုပ္ရမွာ ျဖစ္တယ္။ အတတ္ႏိုင္ဆံုး ျမန္ေအာင္ ႀကိဳးစားေပမဲ့လည္း လနဲ႔ ခ်ီၿပီး ၾကာႏိုင္တယ္လို႔ ေျပာပါတယ္။ ဆိုေတာ့ အဲဒီ တရားရံုးရဲ႕ အဆံုးအျဖတ္ တရားရံုး ဆိုတာ ဂ်ဴရီအဖဲြ႕ေပါ့၊ ဒီကတရားဥပေဒ စနစ္အရေတာ့ တရားရံုးကို တင္မယ္၊ တရားရံုးမွာ ၾကားနာ စစ္ေဆးရမယ္။ ၿပီးေတာ့မွ ဂ်ဴရီက သူတို႔ကို ျပစ္မႈထင္ရွားတယ္လို႔ ယူဆသလားဆိုတာ ဆံုးျဖတ္သလား။ အဲ့ဒါထိ သူတို႔ေစာင့္ၾကည့္လိုတဲ့သေဘာေတာ့ အနည္းဆံုး ရွိလိမ့္မယ္လို႔ ထင္ပါတယ္။ ဆႏၵျပသမားေတြ တခ်ိဳ႕ေျပာတာက ဒီတစ္မႈထဲတင္မကဘူး၊ ႏိုင္ငံမွာ ဒါမ်ိဳးေတြ အျမဲတမ္းလိုလို မၾကာခဏျဖစ္ေနတာ။ အဲ့ဒါေၾကာင့္ စနစ္ကိုပါ သူတို႔ ျပင္ခ်င္တယ္ဆိုၿပီးေတာ့ ေျပာေနၾကတယ္။

မျမသဇင္ေအာင္။ ။ ေနာက္တခုက အန္ကယ္။ ဒီဆႏၵျပပြဲေတြ ႏွိမ္နင္းဖို႔ လိုအပ္ရင္ စစ္တပ္ကိုသံုးမယ္လို႔ သမၼတထရမ့္က ေျပာတဲ့အေပၚ ကာကြယ္ေရး အသိုင္းအဝိုင္းက ေဝဖန္ေနၾကတာေတြလည္း ရွိပါတယ္။ အဲဒါနဲ႔ ပတ္သက္လို႔ေရာ အန္ကယ္ဘယ္လို သေဘာရပါသလဲရွင့္။

ဦးေက်ာ္ဇံသာ။ ။ အဲဒီကိစၥမွာ သမၼတ Donald Trump ဘာရည္ရြယ္ခ်က္နဲ႔ လုပ္သလဲဆိုတာထက္ သူလုပ္လိုက္တဲ့ လုပ္ရပ္ဟာ သူ႔အေပၚမွာ ျပန္ၿပီးေတာ့ ဒါ ဆိုးျပစ္ေတြေပါ့ေလ၊ ေကာင္းက်ိဳးမဟုတ္ဘဲနဲ႔ မလိုလားအပ္တဲ့အျဖစ္ေတြ တန္ျပန္ရိုက္ခတ္လာႏုိင္တယ္လို႔ပဲ ေျပာရမွာျဖစ္ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ သူ႔ဆီမွာ အရင္တုန္းက ကာကြယ္ေရး၀န္ႀကီး လုပ္ခဲ့တဲ့ ပုဂိၢဳလ္ေပါ့ ၀န္ႀကီးေဟာင္း Mattis ဟာဆိုလို႔ရွိရင္ သူေျပာတာ ေတာ္ေတာ္ေလး တန္ဖိုးရွိတဲ့ စကားပါ။ Donald Trump က စစ္တပ္ကို သံုးၿပီးေတာ့ ဒီဟာေတြကို ႏွိမ္နင္းဖို႔ ေျပာလိုက္တာဟာ အေမရိကန္ျပည္သူေတြ ဖဲြ႔စည္းအုပ္ခ်ဳပ္ပံုအရ ပိုင္ဆိုင္ခြင့္ရွိတဲ့ အခြင့္အေရးကို ခ်ိဳးေဖာက္ခံလိုက္ရတာ။ အဲဒီ အခြင့္အေရး က်င့္သံုးတာကို စစ္တပ္က ႏွိမ္နင္းရမယ္ဆိုတဲ့ သေဘာ၊ အဲလိုဆိုေတာ့ ဒါ စစ္တပ္နဲ႔ ျပည္သူေတြကို ရန္တိုက္ေပးတဲ့သေဘာ ျဖစ္တယ္ဆိုၿပီးေတာ့ ထိုးႏွက္ပါတယ္။

မျမသဇင္ေအာင္။ ။ အေမရိကန္မွာ အခုလို လူမ်ိဳးေရးခြဲျခားမႈနဲ႔ တျခားခြဲျခားမႈေတြ အေပၚ ဆႏၵျပကန္႔ကြက္ေနၾကတဲ့ ဂယက္က ႏိုင္ငံတကာကို ဘယ္ေလာက္ ရိုက္ခတ္မႈ ရွိလာႏိုင္ပါသလဲ။ ဒီအေပၚမွာေရာ အန္ကယ္ ဘာေျပာခ်င္ပါသလဲရွင့္။

ဦးေက်ာ္ဇံသာ။ ။ ဟုတ္ကဲ့။ အခုကိုပဲ ႏိုင္ငံတကာမွာလည္းပဲ အလားတူ ဆႏၵျပပဲြေတြ ျဖစ္ေနတာ ေတြ႔ရပါတယ္။ ဟိုသမိုင္းထဲက ဆိုရိုးစကားတခု သတိရပါတယ္။ တခ်ိန္တုန္းက ျပင္သစ္မွာ ေတာ္လွန္ေရးျဖစ္ရင္ ဥေရာပကိုပါ ကူးစက္သြားေတာ့ When France sneezes, European catches a cold. ျပင္သစ္က ဟတ္ခ်ိဳးေခ်ရင္ ဥေရာပက ႏွာေစးေနၿပီ၊ အေအးမိေနၿပီ ေျပာၾကပါတယ္။ အခု ကမာၻ႔ႏိုင္ငံေတြရဲ႕ အေျခအေနကလည္း When American sneezes, the World catches a cold. ေျပာရလို ျဖစ္ေနပါၿပီ။ အေမရိကန္က ျဖစ္လိုက္ရင္ ကမာၻကို ပ်ံ႕ႏွ႔ံသြားတာပဲ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

George Floyd သေဆုံးမှုအတွက် အဓိက သံသယရှိသူ ရဲအရာရှိအပေါ် တိုးမြှင့်စွဲချက်တင်လိုက်ပြီဖြစ်သလို အခင်းဖြစ်ချိန်က ရှိနေခဲ့တဲ့ နောက်ထပ် ရဲအရာရှိသုံးဦးကိုလည်း တရားစွဲထားပါတယ်။ ဒီအခြေအနေက ဆန္ဒပြပွဲတွေအပေါ်ဘယ်လို သက်ရောက်လာနိုင်ပါသလဲ၊ သမ္မတထရမ့်ပ်က လိုအပ်ရင် စစ်တပ်သုံး နှိမ်နင်းမယ်လို့ ပြောထားတဲ့အပေါ်မှာရော ဘယ်လို သုံးသပ်နိုင်ပါသလဲ စတာတွေနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲတွေနဲ့ပတ်သက်လို့ မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ ဗွီအိုအေ အယ်ဒီတာ ဦးကျော်ဇံသာကို ဝိုင်းတော်သူ မမြသဇင်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မမြသဇင်အောင်။ ။ ဟုတ်ကဲ့ပါ အန်ကယ်။ ဒီမင်နီဆိုတာမှာ လူမည်းအမျိုးသား George Floyd သေဆုံးခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ မနေ့က သံသယရှိတရားခံ ရဲအရာရှိဟောင်းကို တရားရုံးက အရေးယူတဲ့ အဆင့် တိုးမြှင့်လိုက်ပြီးတော့ နောက်ထပ် အခင်းဖြစ်တဲ့နေရာမှာ ပါဝင်တဲ့ ရဲ သုံး ဦးကိုလည်း ထပ်ပြီးဖမ်းလိုက်ပါတယ်။ ဒီတော့ ဒါက ဆန္ဒပြပွဲတွေမှာ ဘယ်လို ရိုက်ခတ်မှုတွေရှိနိုင်ပါသလဲ။ အန်ကယ် ဘယ်လို မြင်ပါသလဲ။

ဦးကျော်ဇံသာ။ ။ ဆန္ဒပြသမားတွေ ကျေနပ်သွားပါတယ်။ ဆန္ဒပြပွဲဟာ ယေဘုယျအားဖြင့် ပြောရရင် ပိုပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားတယ်လို့ ပြောရပါလိမ့်မယ်။ ဒါပေမဲ့ တချို့နေရာတွေမှာတော့ ခြွင်းချက်ရှိတာပေါ့လေ။ နယူးယောက်မှာ နည်းနည်းပါးပါး ထိပ်တိုက်တိုးတာတွေ ရှိပါတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ ဆန္ဒပြမှုဟာ ပိုပြီးတော့ ငြိမ်းချမ်းသွားတယ်။ ဒါဟာ ဆန္ဒပြသမားတွေအတွက်က ကျေနပ်မှုအတော်ရသွားတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ သူတို့ကတော့ သတင်းကောင်းဖြစ်တယ်။ သို့ပေမယ့် လူတိုင်းက ကျေနပ်သေးတာ မဟုတ်ပါဘူး။ သူတို့တကယ်လိုချင်တာကတော့ စနစ်ကို ပြောင်းဖို့ လိုချင်တယ်။ အထူးသဖြင့် တရားရုံးက သူတို့ကို ဘယ်လို အပြစ်ပေးလာမလဲဆိုတာကို သူတို့ စောင့်ကြည့်ချင်တယ်။ နောက်ပြီးတော့ တချို့ကဆိုရင် ဒီအခု တတိယအဆင့်ကနေ ဒုတိယအဆင့် တိုးမြှင့်လိုက်တာနဲ့ မကျေနပ်ဘဲနဲ့ ပထမအဆင့်နဲ့ သူတို့ကို အရေးယူစေချင်တယ်။ အဲ့လို အယူအဆတွေလည်း အမျိုးမျိုးရှိနေကြတာပေါ့ ဆန္ဒပြသမားတွေထဲမှာ။

မမြသဇင်အောင်။ ။ ဆန္ဒပြပွဲတွေက ဆက်ပြီးတော့ ဖြစ်နေအုံးမယ်ဆိုတဲ့ သဘောလား အန်ကယ်။

ဦးကျော်ဇံသာ။ ။ ဟုတ်ပါတယ်။ အဲ့ဒါကြောင့် စောစောကပြောတဲ့ ဆန္ဒပြသမားတွေ လိုချင်တာက တရားရုံးက ဘယ်လိုသူတို့ကို ပြစ်မှုထင်ရှား စီရင်လာမလဲ။ အဲဒါ သိပ်အရေးကြီးပါတယ်။ အခုက ပြည်နယ်ရှေ့နေချုပ်ကလည်း မနေ့က ပြောတယ်၊ သူတို့ကတော့ ဒီကိစ္စကို ပိုပြီး စေ့စေ့စပ်စပ်နဲ့ သေသေချာချာလုပ်မယ်၊ အချိန်ယူပြီးတော့ လုပ်ရမှာ ဖြစ်တယ်။ အတတ်နိုင်ဆုံး မြန်အောင် ကြိုးစားပေမဲ့လည်း လနဲ့ ချီပြီး ကြာနိုင်တယ်လို့ ပြောပါတယ်။ ဆိုတော့ အဲဒီ တရားရုံးရဲ့ အဆုံးအဖြတ် တရားရုံး ဆိုတာ ဂျူရီအဖွဲ့ပေါ့၊ ဒီကတရားဥပဒေ စနစ်အရတော့ တရားရုံးကို တင်မယ်၊ တရားရုံးမှာ ကြားနာ စစ်ဆေးရမယ်။ ပြီးတော့မှ ဂျူရီက သူတို့ကို ပြစ်မှုထင်ရှားတယ်လို့ ယူဆသလားဆိုတာ ဆုံးဖြတ်သလား။ အဲ့ဒါထိ သူတို့စောင့်ကြည့်လိုတဲ့သဘောတော့ အနည်းဆုံး ရှိလိမ့်မယ်လို့ ထင်ပါတယ်။ ဆန္ဒပြသမားတွေ တချို့ပြောတာက ဒီတစ်မှုထဲတင်မကဘူး၊ နိုင်ငံမှာ ဒါမျိုးတွေ အမြဲတမ်းလိုလို မကြာခဏဖြစ်နေတာ။ အဲ့ဒါကြောင့် စနစ်ကိုပါ သူတို့ ပြင်ချင်တယ်ဆိုပြီးတော့ ပြောနေကြတယ်။

မမြသဇင်အောင်။ ။ နောက်တခုက အန်ကယ်။ ဒီဆန္ဒပြပွဲတွေ နှိမ်နင်းဖို့ လိုအပ်ရင် စစ်တပ်ကိုသုံးမယ်လို့ သမ္မတထရမ့်က ပြောတဲ့အပေါ် ကာကွယ်ရေး အသိုင်းအဝိုင်းက ဝေဖန်နေကြတာတွေလည်း ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ရော အန်ကယ်ဘယ်လို သဘောရပါသလဲရှင့်။

ဦးကျော်ဇံသာ။ ။ အဲဒီကိစ္စမှာ သမ္မတ Donald Trump ဘာရည်ရွယ်ချက်နဲ့ လုပ်သလဲဆိုတာထက် သူလုပ်လိုက်တဲ့ လုပ်ရပ်ဟာ သူ့အပေါ်မှာ ပြန်ပြီးတော့ ဒါ ဆိုးပြစ်တွေပေါ့လေ၊ ကောင်းကျိုးမဟုတ်ဘဲနဲ့ မလိုလားအပ်တဲ့အဖြစ်တွေ တန်ပြန်ရိုက်ခတ်လာနိုင်တယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူ့ဆီမှာ အရင်တုန်းက ကာကွယ်ရေးဝန်ကြီး လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ပေါ့ ဝန်ကြီးဟောင်း Mattis ဟာဆိုလို့ရှိရင် သူပြောတာ တော်တော်လေး တန်ဖိုးရှိတဲ့ စကားပါ။ Donald Trump က စစ်တပ်ကို သုံးပြီးတော့ ဒီဟာတွေကို နှိမ်နင်းဖို့ ပြောလိုက်တာဟာ အမေရိကန်ပြည်သူတွေ ဖွဲ့စည်းအုပ်ချုပ်ပုံအရ ပိုင်ဆိုင်ခွင့်ရှိတဲ့ အခွင့်အရေးကို ချိုးဖောက်ခံလိုက်ရတာ။ အဲဒီ အခွင့်အရေး ကျင့်သုံးတာကို စစ်တပ်က နှိမ်နင်းရမယ်ဆိုတဲ့ သဘော၊ အဲလိုဆိုတော့ ဒါ စစ်တပ်နဲ့ ပြည်သူတွေကို ရန်တိုက်ပေးတဲ့သဘော ဖြစ်တယ်ဆိုပြီးတော့ ထိုးနှက်ပါတယ်။

မမြသဇင်အောင်။ ။ အမေရိကန်မှာ အခုလို လူမျိုးရေးခွဲခြားမှုနဲ့ တခြားခွဲခြားမှုတွေ အပေါ် ဆန္ဒပြကန့်ကွက်နေကြတဲ့ ဂယက်က နိုင်ငံတကာကို ဘယ်လောက် ရိုက်ခတ်မှု ရှိလာနိုင်ပါသလဲ။ ဒီအပေါ်မှာရော အန်ကယ် ဘာပြောချင်ပါသလဲရှင့်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့။ အခုကိုပဲ နိုင်ငံတကာမှာလည်းပဲ အလားတူ ဆန္ဒပြပွဲတွေ ဖြစ်နေတာ တွေ့ရပါတယ်။ ဟိုသမိုင်းထဲက ဆိုရိုးစကားတခု သတိရပါတယ်။ တချိန်တုန်းက ပြင်သစ်မှာ တော်လှန်ရေးဖြစ်ရင် ဥရောပကိုပါ ကူးစက်သွားတော့ When France sneezes, European catches a cold. ပြင်သစ်က ဟတ်ချိုးချေရင် ဥရောပက နှာစေးနေပြီ၊ အအေးမိနေပြီ ပြောကြပါတယ်။ အခု ကမ္ဘာ့နိုင်ငံတွေရဲ့ အခြေအနေကလည်း When American sneezes, the World catches a cold. ပြောရလို ဖြစ်နေပါပြီ။ အမေရိကန်က ဖြစ်လိုက်ရင် ကမ္ဘာကို ပျံ့နှံ့သွားတာပဲ။

XS
SM
MD
LG