သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂါည အမေရိကန်ဆန္ဒပြပွဲတွေအခြေအနေ သုံးသပ်ချက်

New York ပြည်နယ် New York မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ 
1/20 New York ပြည်နယ် New York မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ 
George Floyd သေဆုံးမှု အမေရိကန်တဝန်း ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
Virginia ပြည်နယ် Richmond မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ 
2/20 Virginia ပြည်နယ် Richmond မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ 
George Floyd သေဆုံးမှု အမေရိကန်တဝန်း ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
New York ပြည်နယ် New York မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ 
3/20 New York ပြည်နယ် New York မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ 
George Floyd သေဆုံးမှု အမေရိကန်တဝန်း ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
New York ပြည်နယ် New York မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ 
4/20 New York ပြည်နယ် New York မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ 
George Floyd သေဆုံးမှု အမေရိကန်တဝန်း ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
New York ပြည်နယ် New York မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ 
5/20 New York ပြည်နယ် New York မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ 
George Floyd သေဆုံးမှု အမေရိကန်တဝန်း ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
New York ပြည်နယ် New York မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ 
6/20 New York ပြည်နယ် New York မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ 
George Floyd သေဆုံးမှု အမေရိကန်တဝန်း ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
New York ပြည်နယ် New York မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ 
7/20 New York ပြည်နယ် New York မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ 
George Floyd သေဆုံးမှု အမေရိကန်တဝန်း ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
Washington မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ 
8/20 Washington မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ 
George Floyd သေဆုံးမှု အမေရိကန်တဝန်း ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
9/20
George Floyd သေဆုံးမှု အမေရိကန်တဝန်း ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
10/20
George Floyd သေဆုံးမှု အမေရိကန်တဝန်း ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
11/20
George Floyd သေဆုံးမှု အမေရိကန်တဝန်း ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
12/20
George Floyd သေဆုံးမှု အမေရိကန်တဝန်း ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
13/20
George Floyd သေဆုံးမှု အမေရိကန်တဝန်း ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
14/20
George Floyd သေဆုံးမှု အမေရိကန်တဝန်း ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
15/20
George Floyd သေဆုံးမှု အမေရိကန်တဝန်း ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
16/20
George Floyd သေဆုံးမှု အမေရိကန်တဝန်း ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
17/20
George Floyd သေဆုံးမှု အမေရိကန်တဝန်း ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
18/20
George Floyd သေဆုံးမှု အမေရိကန်တဝန်း ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
19/20
George Floyd သေဆုံးမှု အမေရိကန်တဝန်း ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
20/20
George Floyd သေဆုံးမှု အမေရိကန်တဝန်း ဆန္ဒပြပွဲ မြင်ကွင်းများ
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

[Zawgyi/Unicode]

အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ် Minneapolis မြို့မှာ လူမည်းအမျိုးသား George Floyd ရဲဖမ်းဆီးစဉ်အတွင်း သေဆုံးခဲ့ရမှုအပေါ် မကျေနပ်လို့ ၈ ညဆက်တိုက် ဆန္ဒပြမှုတွေ အင်္ဂါနေ့ညက ဆက်ဖြစ်ခဲ့ပါတယ်။ ဆန္ဒပြပွဲတွေနဲ့ အာဏာပိုင်တွေဘက်က တုံ့ပြန်ပုံတွေ မပြတ်စောင့်ကြည့်နေတဲ့ ဗွီအိုအေမြန်မာပိုင်းအယ်ဒီတာ ဦးကျော်ဇံသာကို မစုမြတ်မွန်က မေးမြန်းထားပါတယ်။

စုမြတ်မွန်။ အင်္ဂါနေ့ညက ဆန္ဒပြပွဲတွေဟာ တနင်္လာနေ့ညကနဲ့ ယှဉ်ရင်တော်တော်လေး ငြိမ်သွားတာတွေ့ရပါတယ်။ ဆန္ဒပြမှုအခြေအနေတွေကို ဦးကျော်ဇံသာမြင်သလောက် အရင်ပြောပြပါရှင့်။

ဦးကျော်ဇံသာ။ မစုမြတ်မွန်ပြောသလိုပဲ၊ ဆန္ဒပြပွဲဟာ ပြီးခဲ့တဲ့ညနဲ့ စာရင် တော်တော်လေး အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်းရှိတယ်လို့ ပြောရပါလိမ့်မယ်။ လုယက် ဖျက်ဆီးမှုတွေ သိပ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ တချို့နေရာတွေမှာတော့ ပြင်းပြင်းထန်ထန် ဖြစ်တဲ့အတွက် အာဏာပိုင်တွေက ဒေသအလိုက် အရေးပေါ် အခြေအနေထုတ်ပြန်ထိန်းသိမ်းတာတွေရှိပါတယ်။ အဓိကထူးခြားချက်တခုကတော့ ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမဲ့ ညမထွက်ရအမိန့်ကို ဖီဆန်ပြီးဆန္ဒပြကြပါတယ်။ ဒါပေမဲ့ ငြိမ်းငြိမ်းချမ်းချမ်းရှိပါတယ်။ ရဲတွေနဲ့ ထိပ်တိုက်တေ့ွတာတော့ တချို့နေရာတွေမှာ တွေ့ရပါတယ်။ ဥပမာ ညသန်းခေါင်ယံကျော်ချိန်မှာ New York မြို့မှာ နည်းနည်း ထိပ်တိုက်တွေ့ခဲ့ပါတယ်။ လူစုလူဝေးအများဆုံးဖြစ်ခဲ့တာကတော့ George Floyd ရဲ့မွေးရပ်ဇာတိဖြစ်တဲ့ Texas ပြည်နယ် Houston မြို့မှာဖြစ်ပါတယ်။ သူ့မိသားစုတွေလည်းသွားခဲ့ကြတဲ့၊ လူစုလူဝေးက လူသောင်းနဲ့ချီ တက်ရောက်ခဲ့ကြတာတေ့ွရပါတယ်။ အကုန်လုံးလွှမ်းခြုံ ပြောရရင် မနေ့ညက ဆန္ဒပြပွဲတွေ ရှိပေမဲ့ အေးအေးချမ်းချမ်းနဲ့ ကျော်လွန်သွားတဲ့ညလို့ ပြောလို့ရပါတယ်။

စုမြတ်မွန်။ အာဏာပိုင်တွေဘက်က တုံ့ပြန်မှု အခြေအနေကိုရော ဘယ်လိုမြင်ရပါလဲ။

ဦးကျော်ဇံသာ။ နှစ်ဘက်လုံးက ထိန်းထိန်းသိမ်းသိမ်း ဖြစ်နေတဲ့သဘောလို့ အများစု ပြောနိုင်ပါတယ်။ ဆန္ဒပြသူတွေဘက်က အလွန်အကျွံမလုပ်တော့၊ ဒီဘက်ကလည်း အလွန်းအကျွံ မလုပ်ဘူးလို့ အကြမ်းဖျဉ်း ပြောနိုင်ပါတယ်။ တချို့ကွက်ကြား ကွက်ကြားဖြစ်တာတော့ ရှိတာပေါ့လေ။ သို့ပေမဲ့ အာဏာပိုင်ဆိုတဲ့နေရာမှာ သမ္မတဘက်ကတော့ အလေ ျှာ့ပေးချင်ပုံ မပေါက်ပါဘူး။ သူ့ရဲ့ အပြောကတော့ ခပ်တင်းတင်းပဲ။ စစ်တပ်ထဲက လုံခြုံရေးထိမ်းသိမ်းမှု တပ်ဖွဲ့တွေကို မြို့တော်အပြင်ဘက် အနီးအနားမှာ စခန်းချထားမယ်တို့ ဘာတို့ သူတို့ပြောတာရှိပါတယ်။ ဝါရှင်တန်ဒီစီမှာပဲ ဆန္ဒပြနေတဲ့ လူတွေပေါ်ကနေ ညဘက်မှာ စစ်ရဟတ်ယာဉ်၊ ရဲလုံခြုံမှု ထိန်းသိမ်းရေး ရဟတ်ယာဉ် မဟုတ်ဘူး။ Military helicopter စစ်ရဟတ်ယာဉ်တွေ၊ ခပ်နိမ့်နိမ့် ပျံသွားတာကိုလည်း တေ့ွရပါတယ်။ သမ္မတရဲ့ အိမ်ဖြူတော်နား ညဘက် ဆန္ဒပြသူတွေရဲ့ ခေါင်းပေါ် ခပ်နိမ့်နိမ့် ပျံသွားတာက လူထုကို ခြိမ်းခြောက်တဲ့သဘော။ ဆန္ဒပြလူအုပ်ကို ခြိမ်းခြောက်တဲ့သဘော တော်တော်လေး ပေါ်လွင်တယ်လို့ လူတွေက တော်တော်လေး သုံးသပ်ကြပါတယ်။ အဲဒါကြောင့် သမ္မတ Donald Trump အနေနဲ့ ပြီးခဲ့တဲ့ ၁ ရက် ၂ ရက်က စစ်တပ်လွှတ်ပြီး နှိမ်နင်းမယ်လို့ ပြောထားတဲ့ လေသံက လုံးဝလေ ျှာ့ပေးမဲ့ သဘောကို မတေ့ွရပါဘူး။ ဒီတိုင်း တင်းမာနေဆဲလို့ ဆိုနိုင်ပါတယ်ခင်ဗျ။

စုမြတ်မွန်။ အခုလိုဖြစ်နေတဲ့ အခြေအနေက အမေရိကန်မှာ နှစ်ပေါင်းများစွာ အမြစ်တွယ်လာခဲ့တဲ့ အသားအရောင်ခွဲခြားမှု ပြဿနာ ဆက်ရှိနေတယ်ဆိုတာ ပြသနေတာလို့ရောင် မြင်နိုင်ပါလားရှင့်။

ဦးကျော်ဇံသာ။ မှန်ပါတယ်။ အဲဒီပြဿနာ အမြစ်တွယ်လာတာ နှစ်ပေါင်းများစွာဆိုတော့ လုံးဝ ပပျောက်သွားပြီလို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ အခုဖြစ်နေတဲ့ ကိစ္စမှာက အသားအရောင်ခွဲခြားမှုကြောင့် လူမျိုးချင်း မုန်းတီးမှုတော့ မဟုတ်ပါဘူး။ လူမျိုးချင်း မုန်းတီးမှုတော့ သူတို့ကြားထဲမှာ မရှိပါဘူး။ နောက် တရားဥပဒေအရလည်း အကုန်လုံးကို တန်းတူအခွင့်အရေး ပေးထားပါတယ်။ ဖြစ်နေတဲ့ ပြဿနာက ဒီလို George Floyd ကို ဖမ်းဆီးကိုင်တွယ်တဲ့ ပုံစံမျိုး လူဖြူတယောက်ဆိုရင် လုပ်မလား။ ဒါက မေးစရာဖြစ်ပါတယ်။ တနည်းအားဖြင့် ရဲတချို့ရဲ့ ကိုင်တွယ်ပုံ ကိုင်တွယ်နည်းလို့ပဲ ပြောရမှာပါ။ ဟိုးအရင်ကလည်း Rodney King တို့ ဘာတို့နဲ့ အဲလိုမျိုးဖြစ်ခဲ့ပါတယ်။ ရဲဘက်က အလွန်အကျွံ တုံ့ပြန်လုပ်လိုက်လို့ မဖြစ်သင့်တာတွေ ဖြစ်သွားတဲ့သဘောပါ။ ဒါကို လူတွေက မကျေနပ်ဘူး။ တကြိမ်တခါဖြစ်တာ မဟုတ်ဘူး။ မကြာခဏ ဒီလို ဆက်တိုက် ဆက်တိုက်ဖြစ်လာတယ်။ ဆိုတော့ ဒါဟာ လူမှုအသိုင်းအဝိုင်းထဲမှာ အဲလိုရှိနေတယ်ဆိုတာထက် ရဲ တချို့ရဲ့ ကိုင်တွယ်ပုံ ကိုင်တွယ်နည်းလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ ရဲတွေထဲမှာလည်း တချို့ရဲတွေဆိုရင် ဆန္ဒပြသမားတွေနဲ့ ပူးပေါင်းဆန္ဒပြသူတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ လူတွေရဲ့စိတ်ထဲမှာ စွဲနေတာက ဒီဟာဟာ မညီမ ျှမှု၊ ဒီလိုကိုင်တွယ်ပုံ ကြည့်ပြီးတော့။ အထူးသဖြင့် ဒီနေရာမှာ ကျနော် ထည့်ပြောချင်တာက Republican သမ္မတဟောင်း George W. Bush ရဲ့ ကြေညာချက်ဖြစ်ပါတယ်။ သူကနိုင်ငံရေးကို မပြောဘဲ အတော်ကြာကြာ နှုတ်ပိတ်နေခဲ့ပြီးတော့မှ မနေ့က ကြေညာချက်ထုတ်ပါတယ်။ Donald Trump ရဲ့ ကိုင်တွယ်ပုံကို သူ ဘာမှ မပြောပါဘူး။ ဒီကိစ္စအတွက် သေဆုံးသွားသူအတွက် ဂရုဏာသက်တယ်ဆိုတာကို ပြောပါတယ်။ သူပြောတဲ့စကားတခွန်းထဲမှာ အမေရိကန်ပြည်ထောင်စုရဲ့ အမှန်တကယ်လိုအပ်ချက်ကို သိချင်တယ်ဆိုရင် အခွင့်အရေးတန်းတူမရသူတွေ၊ ဖိနှိပ်ခံရသူတွေ၊ အခွင့်အရေး လက်လွတ်ဆုံးရှုံးနေသူတွေရဲ့ ရှုဒေါင့်က ကြည့်မှသာလ ျှင် မြင်နိုင်မယ်ဆိုပြီး ပြောထားပါတယ်။ ဒါဟာ အင်မတန် မှန်ကန်တဲ့ စကားပါ။ အထူးသဖြင့် တရားဥပဒေကို အကောင်အထည်ဖော်ရတဲ့ လူတွေဟာ အဲ့ဒီလူတွေရဲ့ ရှုထောင့်က ကြည့်ပြီးတော့ မြင်သင့်တယ်လို့ ယူဆပါတယ် ခင်ဗျ။

အင်္ဂါည အမေရိကန်ဆန္ဒပြပွဲတွေအခြေအနေ သုံးသပ်ချက်
please wait

No media source currently available

0:00 0:05:14 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]

အငျ်ဂါည အမရေိကနျဆန်ဒပွပှဲတှအေခွအေနေ သုံးသပျခကြျ








XS
SM
MD
LG