[Zawgyi/Unicode]
အေမရိကန္ျပည္ေထာင္စုမွာ လူမည္းအမ်ိဳးသားတစ္ဦး ရဲတပ္ဖြဲ႕က ဖမ္းဆီးစဥ္ေသဆုံးခဲ့တဲ့ ျဖစ္ရပ္အေပၚ ကန႔္ကြက္ဆႏၵျပပြဲေတြ အႀကီးအက်ယ္ ေပၚေပါက္ေနတဲ့အေပၚ စိုးရိမ္ေၾကာင္းနဲ႔ ခြဲျခားဆက္ဆံမႈေတြကို အဆုံးသတ္ဖို႔ ပုပ္ရဟန္းမင္းႀကီး Francis က ဒီကေန႔ပဲ တိုက္တြန္းလိုက္ပါတယ္။
လူမ်ိဳးေရးခြဲျခားမႈ၊ ဝိုင္းပယ္မႈေတြကို လက္မခံၾကဖို႔နဲ႔ မ်က္ကြယ္ျပဳမထားၾကဖို႔ တန္ဖိုးရွိတဲ့လူ႔အသက္ေတြကို ကာကြယ္ဖို႔ ဗာတီကန္ေက်ာင္းေတာ္က အပတ္စဥ္ တရားပြဲမွာ ပုပ္ရဟန္းမင္းႀကီးက မိန႔္ၾကားသြားပါတယ္။
အာဖရိကန္ အေမရိကန္ လူမည္းအမ်ိဳးသား George Floyd ေသဆုံးခဲ့တဲ့ ဝမ္းနည္းဖြယ္ျဖစ္ရပ္ေနာက္ပိုင္း မၾကာေသးခင္ရက္ေတြအတြင္း အေမရိကန္မွာ လူမႈေရးအရ မတည္မၿငိမ္ အေျခအေနေတြကို ေတြ႕ျမင္ေနရတဲ့အေပၚ အလြန္အမင္းစိုးရိမ္မိေၾကာင္းလည္း ေျပာပါတယ္။
ဆႏၵျပပြဲေတြနဲ႔ တခ်ိန္တည္းမွာပဲ ညဘက္ေတြမွာ လုယက္ဖ်က္ဆီးမႈေတြဟာ ကိုယ့္ကိုယ္ကိုဖ်က္ဆီးတဲ့လုပ္ရပ္၊ ကိုယ့္ကိုယ္ကို ရႈံးနိမ့္ေအာင္လုပ္တဲ့ လုပ္ရပ္ျဖစ္သလို အၾကမ္းဖက္လုပ္ရပ္ေတြနဲ႔ အႏိုင္မယူႏိုင္ေၾကာင္းလည္း သတိေပးခဲ့တာပါ။ ျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးကို ေရွ႕ရႈၾကဖို႔လည္း တိုက္တြန္းလိုက္ပါတယ္။
ကြယ္လြန္သူ George Floyd နဲ႔ လူမ်ိဳးေရးခြဲျခားမႈေတြေၾကာင့္ ေသဆုံးခဲ့ရသူေတြအတြက္လည္း ပုပ္ရဟန္းမင္းႀကီးက ဆုေတာင္းေမတၱာပို႔သေပးခဲ့ပါတယ္။
[Unicode Version]
ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ဖို့ ပုပ်ရဟန်းမင်းကြီးတိုက်တွန်း
အမေရိကန်ပြည်ထောင်စုမှာ လူမည်းအမျိုးသားတစ်ဦး ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ်သေဆုံးခဲ့တဲ့ ဖြစ်ရပ်အပေါ် ကန့်ကွက်ဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်နေတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ ခွဲခြားဆက်ဆံမှုတွေကို အဆုံးသတ်ဖို့ ပုပ်ရဟန်းမင်းကြီး Francis က ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။
လူမျိုးရေးခွဲခြားမှု၊ ဝိုင်းပယ်မှုတွေကို လက်မခံကြဖို့နဲ့ မျက်ကွယ်ပြုမထားကြဖို့ တန်ဖိုးရှိတဲ့လူ့အသက်တွေကို ကာကွယ်ဖို့ ဗာတီကန်ကျောင်းတော်က အပတ်စဉ် တရားပွဲမှာ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားသွားပါတယ်။
အာဖရိကန် အမေရိကန် လူမည်းအမျိုးသား George Floyd သေဆုံးခဲ့တဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်နောက်ပိုင်း မကြာသေးခင်ရက်တွေအတွင်း အမေရိကန်မှာ လူမှုရေးအရ မတည်မငြိမ် အခြေအနေတွေကို တွေ့မြင်နေရတဲ့အပေါ် အလွန်အမင်းစိုးရိမ်မိကြောင်းလည်း ပြောပါတယ်။
ဆန္ဒပြပွဲတွေနဲ့ တချိန်တည်းမှာပဲ ညဘက်တွေမှာ လုယက်ဖျက်ဆီးမှုတွေဟာ ကိုယ့်ကိုယ်ကိုဖျက်ဆီးတဲ့လုပ်ရပ်၊ ကိုယ့်ကိုယ်ကို ရှုံးနိမ့်အောင်လုပ်တဲ့ လုပ်ရပ်ဖြစ်သလို အကြမ်းဖက်လုပ်ရပ်တွေနဲ့ အနိုင်မယူနိုင်ကြောင်းလည်း သတိပေးခဲ့တာပါ။ ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ရှေ့ရှုကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ကွယ်လွန်သူ George Floyd နဲ့ လူမျိုးရေးခွဲခြားမှုတွေကြောင့် သေဆုံးခဲ့ရသူတွေအတွက်လည်း ပုပ်ရဟန်းမင်းကြီးက ဆုတောင်းမေတ္တာပို့သပေးခဲ့ပါတယ်။