[Zawgyi/Unicode]
ရဲအရာ႐ွိေတြ ရက္ရက္စက္စက္ လုပ္မႈကို ဆန္႔က်င္တဲ့ အေမရိကန္တဝန္းက ဆႏၵျပမႈေတြကုိႏွိမ္ႏွင္းဖုိ႔ စစ္တပ္ကို ႏိုင္ငံေရးအရ အသံုးခ်ေနတဲ့အေပၚ အေမရိကန္ကာကြယ္ေရးဆိုင္ရာ လက္႐ွိတာဝန္႐ွိသူေတြေရာ အရင္တာဝန္ယူခဲ့သူေတြကပါ စိုးရိမ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုေနၾကပါတယ္။
အေမရိကန္အားလံုးကို တသားထည္းဆက္ဆံဖုိ႔ လိုအပ္သလို လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ စုေဝးခြင့္႐ွိတယ္ဆိုတဲ့ ဖဲြ႔စည္းပံုပါ အခြင့္အေရးကို အကာအကြယ္ေပးရမယ္ဆိုတာကုိ ေထာက္ျပေနၾကတာပါ။
စစ္မႈထမ္းတေယာက္ တာဝန္ကို အျပည့္အဝ လိုက္နာတယ္ဆိုရင္ဖဲြ႔စည္းပံုကို ကာကြယ္ဖုိ႔ ျပဳထားတဲ့ ကတိသစၥာကို အေလးထားဖုိ႔လိုအပ္ေၾကာင္းနဲ႔ ခဲြျခားဆက္ဆံမႈေတြ အၾကမ္းဖက္မႈကို အလြယ္တကူ လုပ္တာမ်ဳိးေတြအေပၚ သည္းခံလို႔ မရဘူးလို႔ ျပည္တြင္းလံုၿခံဳေရး အရန္တပ္ဖဲြ႔အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး Joseph Lengyel ကေျပာၾကားပါတယ္။
အေမရိကန္ျပည္နယ္ ၃၁ မွာ ဆႏၵျပမႈေတြကို ကူညီထိန္းဖုိ႔ ျပည္တြင္း လံုျခံဳေရးအရန္တပ္ဖဲြ႔ေတြကို ျဖန္႔ခ်ထားခ်ိန္မွာ သူကခုလိုေျပာခဲ့တာပါ။ ပူးတဲြစစ္ဦးစီးခ်ဳပ္မ်ားရဲ႕ ဥကၠ႒ေဟာင္း Mike Mullen ကလည္း ယူနီေဖာင္းဝတ္ စစ္မႈထမ္းေတြရဲ႕ ကၽြမ္းက်င္မႈ အမိန္႔နာခံမႈအေပၚ ယံုၾကည္မႈ အျပည့္အဝ႐ွိေပမဲ့ သူတို႔ကိုအမိန္႔ေပးမယ့္ စစ္ေသနာပတိခ်ဳပ္က ေကာင္းေကာင္းအမိန္႔ေပးပါ့မလားဆိုတဲ့အေပၚေတာ့ သိပ္အယံုအၾကည္မ႐ွိဘူးလို႕ The Atlantic မဂၢဇင္းမွာ ေရးသားခဲ့ပါတယ္။
အေမရိကန္လမ္းမေတြေပၚမွာ စစ္သားေတြအမ်ားအျပားခ်ထားတဲ့အေပၚ သူလက္မခံႏိုင္ေၾကာင္းလည္း ေရးသားထားပါတယ္။
ကာကြယ္ေရးဝန္ႀကီးေဟာင္း Jim Mattis ကလည္း အေမရိကန္ျပည္သူေတြရဲ႕ ဖဲြ႔စည္းပံုပါအခြင့္အေရးကို ကာကြယ္ပါမယ္လို႔ ကတိသစၥာျပဳထားတဲ့ သူ႔အေနနဲ႔ ဘယ္လိုအေျခအေနမ်ဳိးနဲ႔မွ ဒီကတိဖ်က္တဲ့ အမိန္႔မ်ဳိး ေပးမွာ မဟုတ္ေၾကာင္း အထူးသျဖင့္ သမၼတ တေယာက္ ရဲရဲတင္တင္း ဓာတ္ပံုတပံု႐ိုက္ႏိုင္ဖုိ႔အတြက္ ပိုေတာင္ေပးမွာ မဟုတ္ေၾကာင္း The Atlantic မဂၢဇင္းထဲမွာပဲ ေရးသားထားပါတယ္။
တနလၤာေန႔တုန္းက အိမ္ျဖဴေတာ္ထဲကေန သမၼတ လမ္းေလ ွ်ာက္ထြက္လာၿပီး အနားက ဘုရားေက်ာင္းကို မသြားခင္ အနားတဝိုက္ ၿငိမ္းခ်မ္းစြာဆႏၵျပေနသူေတြကို မ်က္ရည္ယိုဗံုးေတြသံုးလူစုခဲြခဲ့တဲ့အေပၚ Pentagon စစ္ဌာနခ်ဳပ္အႀကီးအကဲတခ်ဳိ႕က ကန္႔ကြက္ခဲ့ၾကပါတယ္။
သမၼတရဲ႕ေနာက္မွာ ကာကြယ္ေရးဝန္ႀကီး Mark Esper လည္း ပါပါတယ္။ကာကြယ္ေရးဝန္ႀကီး Esper ကေတာ့ အဆိုးဆံုးအေျခအေနေရာက္မွ စစ္တပ္ကို အသံုးျပဳသင့္ၿပီး ေလာေလာဆယ္ အဲဒီအေျခအေန မေရာက္ေသးဘူးလို႔ ဗုဒၶဟူးေန႔က သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။
[Unicode Version]
ကန်စစ်တပ်ကို နိုင်ငံရေးအရ အသုံးချမှု ကာကွယ်ရေးတာဝန်ရှိသူတွေ သဘောမတူ
ရဲအရာရှိတွေ ရက်ရက်စက်စက် လုပ်မှုကို ဆန့်ကျင်တဲ့ အမေရိကန်တဝန်းက ဆန္ဒပြမှုတွေကိုနှိမ်နှင်းဖို့ စစ်တပ်ကို နိုင်ငံရေးအရ အသုံးချနေတဲ့အပေါ် အမေရိကန်ကာကွယ်ရေးဆိုင်ရာ လက်ရှိတာဝန်ရှိသူတွေရော အရင်တာဝန်ယူခဲ့သူတွေကပါ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုနေကြပါတယ်။
အမေရိကန်အားလုံးကို တသားထည်းဆက်ဆံဖို့ လိုအပ်သလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် စုဝေးခွင့်ရှိတယ်ဆိုတဲ့ ဖွဲ့စည်းပုံပါ အခွင့်အရေးကို အကာအကွယ်ပေးရမယ်ဆိုတာကို ထောက်ပြနေကြတာပါ။
စစ်မှုထမ်းတယောက် တာဝန်ကို အပြည့်အဝ လိုက်နာတယ်ဆိုရင်ဖွဲ့စည်းပုံကို ကာကွယ်ဖို့ ပြုထားတဲ့ ကတိသစ္စာကို အလေးထားဖို့လိုအပ်ကြောင်းနဲ့ ခွဲခြားဆက်ဆံမှုတွေ အကြမ်းဖက်မှုကို အလွယ်တကူ လုပ်တာမျိုးတွေအပေါ် သည်းခံလို့ မရဘူးလို့ ပြည်တွင်းလုံခြုံရေး အရန်တပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး Joseph Lengyel ကပြောကြားပါတယ်။
အမေရိကန်ပြည်နယ် ၃၁ မှာ ဆန္ဒပြမှုတွေကို ကူညီထိန်းဖို့ ပြည်တွင်း လုံခြုံရေးအရန်တပ်ဖွဲ့တွေကို ဖြန့်ချထားချိန်မှာ သူကခုလိုပြောခဲ့တာပါ။ ပူးတွဲစစ်ဦးစီးချုပ်များရဲ့ ဥက္ကဋ္ဌဟောင်း Mike Mullen ကလည်း ယူနီဖောင်းဝတ် စစ်မှုထမ်းတွေရဲ့ ကျွမ်းကျင်မှု အမိန့်နာခံမှုအပေါ် ယုံကြည်မှု အပြည့်အဝရှိပေမဲ့ သူတို့ကိုအမိန့်ပေးမယ့် စစ်သေနာပတိချုပ်က ကောင်းကောင်းအမိန့်ပေးပါ့မလားဆိုတဲ့အပေါ်တော့ သိပ်အယုံအကြည်မရှိဘူးလို့ The Atlantic မဂ္ဂဇင်းမှာ ရေးသားခဲ့ပါတယ်။
အမေရိကန်လမ်းမတွေပေါ်မှာ စစ်သားတွေအများအပြားချထားတဲ့အပေါ် သူလက်မခံနိုင်ကြောင်းလည်း ရေးသားထားပါတယ်။
ကာကွယ်ရေးဝန်ကြီးဟောင်း Jim Mattis ကလည်း အမေရိကန်ပြည်သူတွေရဲ့ ဖွဲ့စည်းပုံပါအခွင့်အရေးကို ကာကွယ်ပါမယ်လို့ ကတိသစ္စာပြုထားတဲ့ သူ့အနေနဲ့ ဘယ်လိုအခြေအနေမျိုးနဲ့မှ ဒီကတိဖျက်တဲ့ အမိန့်မျိုး ပေးမှာ မဟုတ်ကြောင်း အထူးသဖြင့် သမ္မတ တယောက် ရဲရဲတင်တင်း ဓာတ်ပုံတပုံရိုက်နိုင်ဖို့အတွက် ပိုတောင်ပေးမှာ မဟုတ်ကြောင်း The Atlantic မဂ္ဂဇင်းထဲမှာပဲ ရေးသားထားပါတယ်။
တနင်္လာနေ့တုန်းက အိမ်ဖြူတော်ထဲကနေ သမ္မတ လမ်းလေ ျှာက်ထွက်လာပြီး အနားက ဘုရားကျောင်းကို မသွားခင် အနားတဝိုက် ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို မျက်ရည်ယိုဗုံးတွေသုံးလူစုခွဲခဲ့တဲ့အပေါ် Pentagon စစ်ဌာနချုပ်အကြီးအကဲတချို့က ကန့်ကွက်ခဲ့ကြပါတယ်။
သမ္မတရဲ့နောက်မှာ ကာကွယ်ရေးဝန်ကြီး Mark Esper လည်း ပါပါတယ်။ကာကွယ်ရေးဝန်ကြီး Esper ကတော့ အဆိုးဆုံးအခြေအနေရောက်မှ စစ်တပ်ကို အသုံးပြုသင့်ပြီး လောလောဆယ် အဲဒီအခြေအနေ မရောက်သေးဘူးလို့ ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။